«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

16 Sept 2020

သားပျက်သားလျှောရောဂါ(Brucellosis)

,
ခွေးတွေသားလျှောတာ(ကလေးပျက်ကျတာ)ဟာအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်၊
 
ဒါပေမယ့်အဖြစ်များတဲ့ရောဂါကတော့ လို့ခေါ်တဲ့ရောဂါကြောင့်ဖြစ်ပါတယ်၊ခွေးတွေမှာဒီရောဂါ 
 
ကူးစက်ခံထားရရင်သားပျက်ကျတာအပြင် သားမအောင်တာ(ကလေးမရနိုင်တာ)တွေလည်းဖြစ်
 
တတ်ပါတယ်၊ ဒီရောဂါကိုဖြစ်ပွားစေတဲ့ပိုးကတော့ Brucella canis လို့ခေါ်တဲ့ဘက်တီးရီးယားပိုး
 
ကြောင့်ဖြစ်ပါ တယ်။


 
ဒီရောဂါပိုးရှိနေတဲ့ခွေးအထီးဖြစ်စေ ခွေးအမဖြစ်စေ သူတို့ရဲ့လိင်အင်္ဂါကနေထွက်နေတဲ့အရာတိုင်း 
 
မှာရောဂါပိုးတွေပါရှိနေတတ်ပါတယ် ၊ ဒါကြောင့်မို့ရောဂါပိုးရှိနေတဲ့အတူထားတဲ့ခွေးတွေဟာ 
 
တစ်နည်းမဟုတ်တစ်နည်းနဲ့ရောဂါပိုးပါ တဲ့အရာတွေကိုလျှက်မိပြီးကူးစက်ခံရတတ်ပါတယ်။
 
ဒီရောဂါပိုးရှိနေတဲ့ခွေးမတွေဟာ မွေးကာနီး ၂-ပါတ်အလိုမှာကလေးပျက်ကျတာမျိုး (သို့)ကလေး 
 
အသေတွေမွေးလာတာမျိုးတွေဖြစ်တတ်ပါတယ်။

 
အဲဒီလိုလျှက်မိပြီးနောက်ရောဂါပိုးတွေဟာ အူလမ်းကြောင်းနဲ့ သွေးစီးကြောင်းတွေကတဆင့် 
 
မျိုးပွားအင်္ဂါတွေဆီကိုရောက်ရှိသွားပြီးရောဂါဖြစ်လာတတ်သလို ၊ ရောဂါပိုးရှိနေတဲ့ခွေးနဲ့ 
 
မိတ်လိုက်မိရာကနေလည်းကူးစက်တတ်ပါတယ်။

 
ဒီရောဂါရှိမရှိသိနိုင်ဖို့အတွက် ခွေးရဲ့သွေးကိုဖောက်ယူပြီးဖြစ်စေ ၊ သားပျက်ကျလာတဲ့အခါ 
 
သားငယ်လေးရဲ့အသားစ(သို့)အချင်းစကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးသိရှိနိုင်ပါတယ် ၊ 
 
ဒီရောဂါဖြစ်ပွားနေတဲ့ခွေးတွေကို Enrofloxacin ဆေးနဲ့ကုသတဲ့အခါ ၈၀% ကိုသာလုံးဝပျောက် 
 
ကင်း အောင်ကုသလို့ ရတာဖြစ်ပြီး ကျန်တဲ့ ၂၀% သောခွေးတွေကတော့ ရောဂါသက်သာလာကြ 
 
ပေမယ့်ရောဂါပိုးကိုသယ်ဆောင်ထားတဲ့ Carrier တွေအဖြစ်နဲ့သာရှိနေတတ်ပါတယ် ၊ဒါကြောင့်မို့ 
 
ဒီရောဂါကို ဒီကမ္ဘာမြေကနေ လုံးဝပပျောက်သွားအောင်လုပ်ဖို့မလွယ်ဘူးလို့ဆိုပါတယ်၊  
 
မိမိရဲ့ခွေးကို သားတင်သားစပ်ပေးမယ့်အခါတိုင်း ရောဂါကင်းရှင်းကြောင်းသေချာတဲ့ခွေးနဲ့သာ 
 
သားတင်ပေးဖို့ဂရုပြုသင့်ပါတယ်။ 
 
 
ခွေးသားပျက်သားလျှောရောဂါ(Brucellosis) ဟာလူတွေကိုကူးစက်ဖို့ခဲယဉ်းလှပါတယ်၊ ဒါပေမယ့် 
 
သားပျက်ချိန်မှာကလေးအသေကိုကိုင်တွယ်ရတဲ့အခါ လက်အိပ်စွပ်ပြီးမှသာကိုင်တွယ်သင့်ပါတယ်၊ 
 
ကူးစက်ဖို့ခဲယဉ်းတယ်ဆိုပြီးပေါ့ဆဆကိုင်တွယ်တာမျိုးကိုတော့ရှောင်ကျဉ်သင့်ပါတယ်။

0 မှတ်ချက်များ to “သားပျက်သားလျှောရောဂါ(Brucellosis)”

Post a Comment