«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

15 Sept 2020

ခွေးချောင်းခြောက်ဆိုးရောဂါ(Bordetellosis)

,
ခွေးတွေမှာအသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုဖြစ်နေတဲ့အချိန်မှာချောင်းခြောက် 
 
ဆိုးတဲ့အဆင့်အထိရောက်သွားအောင်တွန်းပိုပေးတဲ့ပိုးကတော့ Bordetella bronchiseptica 
 
ဆိုတဲ့ ဘက်တီးရီးယားပိုးဖြစ်ပါတယ် ဒီရောဂါပိုးထပ်ဆင့်ဝင်ရောက်လာတဲ့အခြေအနေမျိုးဆိုရင်  
 
Bordetellosis   ရောဂါလို့ခေါ်ကြပါတယ်။  ဒီရောဂါပိုးထပ်ဆင့်ဝင်ရောက်လာတဲ့အခါ မူလရောဂါ 
 
ကိုပိုမိုပြင်းထန်လာစေပြီးအသက်ဆုံးရှုံးတဲ့အထိအခြေအနေဆိုးသွားစေနိုင်ပါတယ်။
 
ဒီရောဂါကခွေးတွေမှာအသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီးရောဂါပိုးပါတဲ့လေကိုရှူမိလို့ ကူးစက်ခံရ 
 
တာဖြစ်တတ်ပါတယ်။
 
ခွေးတွေမှာဒီရောဂါဖြစ်ပွားလာရင် နှာရည်ကျဲကျဲတွေထွက်ကျခြင်း ၊ မျက်ရည်တွေစီးကျနေတတ် 
 
ခြင်း ၊ ချောင်းခြောက်ဆိုးခြင်းနဲ့ အဖျားတက်ခြင်းတွေဖြစ်တတ်ပါတယ် ၊ ရောဂါဖြစ်ပွားရာကနေ 
 
ပြန်လည်သက်သာပျောက်ကင်းလာတဲ့ခွေးတွေဟာ ရောဂါပိုးတွေကိုဆက်လက်သယ်ဆောင်ထား 
 
တတ်တဲ့အပြင် မကြာခဏချောင်းခြောက်ဆိုးနေတတ်သေးတဲ့အတွက်ရောဂါပိုးတွေကိုလေထဲသို့ 
 
 ပြန့်လွင့်စေခြင်းအားဖြင့် အခြားခွေးတွေဆီကို ဆက်လက်ကူးစက်စေနိုင်ပါတယ်။
 
 ဒီရောဂါဖြစ်ကြောင်းသံသယရှိလာရင် အဲဒီခွေးရဲ့ နှာခေါင်း(သို့)လည်ချောင်းထဲက အရည်ကို 
 
ဂွမ်းစနဲ့သုပ်ယူပြီးတော့ ဓာတ်ခွဲခန်းမှာ Bordetella bronchiseptica ဘက်တီးရီးယားပိုး 
 
ရှိမရှိစစ်ဆေးကြည့်ရပါတယ်။ရောဂါဖြစ်ပွားနေတဲ့ခွေးကိုနွေးထွေးခြောက်သွေ့ ပြီး လေငြိမ်တဲ့ 
 
အခန်းမျိုးမှာထည့်ထား သင့်ပါတယ်၊ အဖျားကျစေဖို့အတွက် သင့်တော်တဲ့ ပဋိဇီဝဆေး 
 
တစ်မျိုးမျိုးကိုတိုက်ကျွေးပေးရမယ့်အပြင်ချောင်းဆိုးနေတာကိုသက်သာစေဖို့အတွက်
 
Cetrixine
Chericof Flu Plus
Coldrid
Coldzap  စတဲ့ဆေးတစ်မျိုးမျိုးကိုတိုက်ကျွေးပေးနိုင်ပါတယ်။
 
ပဋိဇီ၀ဆေးတွေကို စားဆေးထိုးဆေးအဖြစ်ပေးခြင်းအားဖြင့်အသက်ရှုလမ်းကြောင်းကို ပြင်းပြင်း 
 
ထန်ထန်တိုက်ခိုက်နေတဲ့ဘော်ဒီတဲလားရောဂါပိုးတွေကိုအချိန်တိုအတွင်းသုပ်သင်ပစ်နိုင်ဖို့ခက်ပါ 
 
တယ်၊ဒါကြောင့်မို့ခွေးကိုnebulizerလို့ခေါ်တဲ့အသက်ရှူစက်ထဲမှာထည့်ထားပြီးပဋိဇီ၀ဆေးတွေ
 
ပေးခြင်းအားဖြင့်ပိုမိုလျှင်မြန်စွာထိထိရောက်ရောက်ကုသပေးနိုင်ပါတယနိုင်ငံခြားတိုင်းပြည်
 
တွေမှာတော့ဒီရောဂါကို တားဆီးထားနိုင်တဲ့ကာကွယ်ဆေးရှိပါတယ်၊ 
 
ဒါပေမယ့်သိပ်ပြီးထိုးနှံလေ့မရှိကြပါဘူး ၊ စစ်သုံးခွေး အလှပြခွေးနဲ့  သင်္ဘောလိုက်ခွေးတွေလိုမျိုး 
 
တန်ဖိုးကြီးခွေးတွေလောက်ကိုသာကြိုတင် ကာကွယ်ဆေးထိုးနှံထားလေ့ရှိပါတယ်။

0 မှတ်ချက်များ to “ခွေးချောင်းခြောက်ဆိုးရောဂါ(Bordetellosis)”

Post a Comment