«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

11 Jul 2017

အစာဆိပ်သင့်ခြင်း(Botulism)

,
ခွေးတွေမှာ အစာဆိပ်သင့်တယ်ဆိုတာကတော့ဖြစ်ခဲလှပါတယ် ၊ ဒါပေမယ့်ဖြစ်လာခဲ့ရင်လည်း 
 
အသက်သေစေနိုင်သည်အထိ ဆိုးဆိုးရွားရွားဒုက္ခပေးတတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် ၊
 
 
တိရစ္ဆာန်အသေကောင်နဲ့ မလပ်ဆတ်တဲ့အသားကိုစားမိတဲ့အခါမှာ အစာဆိပ်သင့်တတ်ပါတယ် ၊  
 
အမှန်ကတော့ အဲဒီလိုအသားတွေထဲမှာ Clostridium botulinum type C ဘက်တီရီယားရောဂါပိုး 
 
ရှိနေပြီး အဲဒီပိုးကနေစွန့်ထုတ်ထားတဲ့အာရုံကြောအဆိပ်ကြောင့်ဖြစ်ပါတယ် ၊  အသားကိုစားမိပြီး 
 
နာရီအနည်းငယ်အကြာမှာအစာဆိပ်သင့်တဲ့လက္ခဏာတွေပေါ်လာတတ်ပါတယ် ၊ တစ်ခါတစ်ရံမှာ 
 
(၆)ရက်လောက်ကြာမှလည်း လက္ခဏာတွေပေါ်လာတတ်ပါတယ်

 
ခွေးဟာအစာဆိပ်သင့်လာပြီဆိုရင် ခြေထောက်တွေကစပြီးယိုင်နည့်နည့်ဖြစ်လာတတ်ပါတယ် ၊ 
 
လမ်းလျှောက်တဲ့အခါမှာ ပုံပန်းကျအောင်မလျှောက်နိုင်တော့ပဲ ခပ်ကားကား ယိုင်တိုင်တိုင်ဖြစ်လာ 
 
ပါတယ် ၊ တဖြည်းဖြည်းနဲ့ ရှေ့လက်တွေပါယိုင်လာပြီး လည်ပင်းမထောင်နိုင်သည်အထိ ဖြစ်လာ 
 
တတ်ပါတယ် ၊ နောက်ဆုံးမှာတော့ခြေလေးချောင်းစလုံး လေဖြတ်သလိုလှုပ်ရှားလို့မရပဲ 
 
လဲကျသွားပါတော့တယ် ။

 
ခွေးအတော်များများဟာ Clostridium botulinum type C ပိုးကနေစွန့်ထုတ်ထားတဲ့အာရုံကြော 
 
အဆိပ်ကိုခံနိုင်ရည်ရှိကြပါတယ် ၊ တော်ရုံတန်ရုံလောက်သာစားမိရင် ဘာမှစိုးရိမ်စရာမရှိပါဘူး ၊ 
 
ရက်အနည်းငယ်အကြာမှာ ပြန်ကောင်းသွားတတ်ပါတယ် ၊ ဒါပေမယ့်စားတာများသွားလို့ 
 
အစာဆိပ်သင့်တဲ့အခြေအနေက အသက်ရှုရခက်တဲ့အဆင့်ရောက်သွားရင်တော့ အသက်ရှုရပ်ပြီး 
 
သေနိုင် တဲ့အတွက် အဲဒီလိုအခြေအနေဖြစ်နေတဲ့ခွေးကိုတော့ ဆေးရုံတင်ပြီး သေသေချာချာ 
 
စောင့်ကြပ်ကုသပေးဖို့ အရေးကြီးပါတယ်။

 
တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့တွေ့ဆုံဖို့သွားရောက်တဲ့အခါ ဝမ်းနမူနာနဲ့ အန်ဖတ်နမူနာတွေကို 
 
ယူသွားသင့်တဲ့အပြင် အစာစားမိတဲ့ရာဇဝင်နဲ့ ရောဂါလက္ခဏာတွေစတင်ဖြစ်ပွားလာပုံတွေကို
 
သေသေချာချာပြောပြသင့်ပါတယ်
 
 
သင့်ရဲ့ခွေးကိုကုသပေးမယ့်တိရစ္ဆာန်ရောဂါကုဆရာဝန်က လိုအပ်တဲ့စစ်ဆေးစမ်းသပ်မှုတွေကို
 
ပြုလုပ်ပြီး၊ chemical blood profile, complete blood count and urinalysis နဲ့  botulinum 
 
toxin test စတဲ့ ဓါတ်ခွဲခန်းစစ်ဆေးမှုလုပ်ဖို့အတွက်သွေးကိုဖောက်ယူပါလိမ့်မယ် ၊ ကိုယ်တွင်းအင်္ဂါ
 
တွေရဲ့ပြောင်းလဲမှုကို သိရှိနိုင်ဖို့ ဓါတ်မှန်ရိုက်ကြည့်ပြီးသင့်လျှော်မယ့်ကုသမှုကိုချက်ချင်းဆောင်ရွက်
 
ပေးပါလိမ့်မယ် ၊ လိုအပ်ရင်ဗိုက်ခွဲပြီးကုသပေးရလေ့ရှိပါတယ် ။
 
ထပ်မံလေ့လာရန် လင့်ကိုနှိပ်ပါ - - Link

 Zawgyi
 
 
ေခြးေတြမွာ အစာဆိပ္သင့္တယ္ဆိုတာကေတာ့ျဖစ္ခဲလွပါတယ္ ၊ ဒါေပမယ့္ျဖစ္လာခဲ့ရင္လည္း အသက္ေသေစႏိုင္သည္အထိ ဆိုးဆိုးရြားရြားဒုကၡေပးတတ္တဲ့ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္
တိရစာၧန္အေသေကာင္နဲ႔ မလပ္ဆတ္တဲ့အသားကိုစားမိတဲ့အခါမွာ အစာဆိပ္သင့္တတ္ပါတယ္ ၊  အမွန္ကေတာ့ အဲဒီလိုအသားေတြထဲမွာ Clostridium botulinum type C  ဘက္တီရီယားေရာဂါပိုးရွိေနၿပီး အဲဒီပိုးကေနစြန္႔ထုတ္ထားတဲ့အာရံုေၾကာအဆိပ္ေၾကာင့္ျဖစ္ပါတယ္ ၊  အသားကိုစားမိၿပီး နာရီအနည္းငယ္အႀကာမွာအစာဆိပ္သင့္တဲ့လကၡဏာေတြေပၚလာတတ္ပါတယ္ ၊ တစ္ခါတစ္ရံမွာ (၆)ရက္ေလာက္ၾကာမွလည္း လကၡဏာေတြေပၚလာတတ္ပါတယ္ ၊
 
ေခြးဟာအစာဆိပ္သင့္လာၿပီဆိုရင္ ေျခေထာက္ေတြကစၿပီးယိုင္နည့္နည့္ျဖစ္လာတတ္ပါတယ္ ၊ လမ္းေလွ်ာက္တဲ့အခါမွာ ပံုပန္းက်ေအာင္မေလွ်ာက္ႏိုင္ေတာ့ပဲ ခပ္ကားကားယိုင္တိုင္တိုင္ျဖစ္လာပါတယ္ ၊ တျဖည္းျဖည္းနဲ႔ ေရွ႕လက္ေတြပါယိုင္လာၿပီး လည္ပင္းမေထာင္ႏိုင္သည္အထိျဖစ္လာတတ္ပါတယ္ ၊ ေနာက္ဆံုးမွာေတာ့ေျခေလးေခ်ာင္းစလံုး ေလျဖတ္သလိုလႈပ္ရွားလို႔မရပဲ လဲက်သြားပါေတာ့တယ္ ။
ေခြးအေတာ္မ်ားမ်ားဟာ Clostridium botulinum type C ပိုးကေနစြန္႔ထုတ္ထားတဲ့အာရံုေၾကာ အဆိပ္ကိုခံႏိုင္ရည္ရွိၾကပါတယ္ ၊ ေတာ္ရံုတန္ရံုေလာက္သာစားမိရင္ ဘာမွစိုးရိမ္စရာမရွိပါဘူး ၊ ရက္အနည္းငယ္အၾကာမွာ ျပန္ေကာင္းသြားတတ္ပါတယ္ ၊ ဒါေပမယ့္စားတာမ်ားသြားလို႔ အစာဆိပ္သင့္တဲ့အေျခအေနက အသက္ရႈရခက္တဲ့အဆင့္ေရာက္သြားရင္ေတာ့ အသက္ရႈရပ္ၿပီးေသႏိုင္ တဲ့အတြက္ အဲဒီလိုအေျခအေနျဖစ္ေနတဲ့ေခြးကိုေတာ့ ေဆးရံုတင္ၿပီးေသေသခ်ာခ်ာေစာင့္ၾကပ္ကုသေပးဖို႔ အေရးႀကီးပါတယ္

တိရစာၧန္ေရာဂါကုဆရာ၀န္နဲ႔ေတြ႕ဆံုဖို႔သြားေရာက္တဲ့အခါ ၀မ္းနမူနာနဲ႔ အန္ဖတ္နမူနာေတြကိုယူသြား
သင့္တဲ့အျပင္ အစာစားမိတဲ့ရာဇ၀င္နဲ႔ ေရာဂါလကၡဏာေတြစတင္ျဖစ္ပြားလာပံုေတြကိုေသေသခ်ာခ်ာ
ေျပာျပသင့္ပါတယ္ ၊

သင့္ရဲ႕ေခြးကိုကုသေပးမယ့္တိရစာၧန္ေရာဂါကုဆရာ၀န္က လိုအပ္တဲ့စစ္ေဆးစမ္းသပ္မႈေတြကိုလုပ္ၿပီး၊ chemical blood profile, complete blood count and urinalysis နဲ႔  botulinum toxin test စတဲ့ ဓါတ္ခြဲခန္းစစ္ေဆးမႈလုပ္ဖို႔အတြက္ေသြးကိုေဖာက္ယူပါလိမ့္မယ္ ၊ ကိုယ္တြင္းအဂၤါေတြရဲ႕ေျပာင္းလဲမႈကို သိရွိႏိုင္ဖို႔ ဓါတ္မွန္ရိုက္ၾကည့္ၿပီး သင့္ေလွ်ာ္မယ့္ကုသမႈကိုခ်က္ခ်င္းေဆာင္ရြက္ေပးပါလိမ့္မယ္ ၊ လိုအပ္ရင္ဗိုက္ခြဲၿပီးကုသေပးမွာျဖစ္ပါတယ္ ။

0 မှတ်ချက်များ to “အစာဆိပ်သင့်ခြင်း(Botulism)”

Post a Comment