ခွေးတွေမှာဖြစ်ပွားတတ်တဲ့ရောဂါတစ်မျိုးပါ ၊ထင်ရှားတဲ့လက္ခဏာကတော့
မကြာခဏနှာချေပြီးတော့ ၊နှာချေတဲ့အခါမှာသွေးတွေထွက်လာလေ့ရှိပါတယ်
၊ဒီလိုသွေးထွက်ရခြင်းကတော့ နှာခေါင်းအတွင်းမှာရှိတဲ့ သွေးကြောမျှင်တွေ
ယောင်ရမ်းနေလို့ဖြစ်ရတာပါ ၊ရောဂါဖြစ်စေတဲ့ပိုးဟာ သွယ်ဝိုက်တဲ့နည်းနဲ့
သွေးကိုကျဲစေတဲ့အတွက် နှာချေလိုက်လို့ သွေးကြောမျှင်တွေပေါက်ပြဲ
သွားရင် သွေးထွက်လွန်တတ်ပါတယ် …နောက်ပြီးတော့ အဖျားငွေ့ငွေ့နဲ့
ကြာရှည်ဖျားနေတတ်တဲ့အပြင်သိသိသာသာ ပိန်သွားတတ်ပါတယ် ၊နောက်
ခြေထောက်တွေ တရွတ်ဆွဲလာပါမယ် ၊ တဖြည်းဖြည်းနဲ့သွေးအားနည်းပြီး
မောလာပါမယ်၊စနစ်တကျမကုရင် အသေအပျောက်များတဲ့ရောဂါဖြစ်ပါတယ် ၊
ဒီရောဂါဟာရစ်ကားစီးယားရောဂါပိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါတယ် ၊
ဒီပိုးတွေဟာ သာမန်အားဖြင့်တောရိုင်းတိရစ္ဆာန်တွေမှာပဲ ရောဂါဖြစ်ပွားစေ
တာပါ ၊ဒါပေမယ့်သူတို့ကိုကိုက်ထားတဲ့မွှားတွေက ခွေးတွေကိုကိုက်ရင်
ရောဂါကူးစက်ခံရနိုင်ပါတယ်။
ရစ်ကားစီးယားရောဂါပိုး တစ်ချို့ကို Anaplasma platys လို့လည်းခေါ်ကြပါ
သေးတယ်၊အဖြစ်များတဲ့ရောဂါပိုးတွေကတော့ Ehrlichia canis နဲ့ Ehrlichia
ewingii ဖြစ်ပါတယ်။
ရောဂါရှိနေတဲ့ခွေးကိုကိုက်ပြီးတဲ့မွှားတွေက တစ်ခြားခွေးကိုထပ်ကိုက်ရင်ကူးစက်တတ်ပါတယ်။
ပိုးဝင်လာပြီးတဲ့နောက်ရောဂါလက္ခဏာတွေကတော့ အဆင့်(၃)ဆင့်နဲ့ဖြစ်ပေါ်လာ
မှာဖြစ်ပါတယ်။
ပထမအဆင့်အနေနဲ့အစားအသောက်ပျက်ပြီးမှိုင်လာတတ်ပါတယ်၊အဲဒီနောက်
ဖျားဝင်လာပြီး ဦးနှောက်အမှေးပါးယောင်တဲ့လက္ခဏာတွေဖြစ်လာပါမယ်
၊ဒီရောဂါလက္ခဏာတွေက ခွေးကျောက်ရောဂါ ၊ လိုင်း(မ)ရောဂါ ၊ရော့ကီး
မောင်တိမ်းရောဂါ တွေမှာလည်း ပြသတတ်ပါတယ် ၊အဲဒီလိုဖြစ်နေပြီး
(၂)ပတ်ကနေ(၄)ပတ်လောက်ကြာလာရင် ရောဂါရဲ့ဒုတိယအဆင့်ထဲကို
ကူးပြောင်းသွားပါတယ် ။
ရောဂါရဲ့ဒုတိယအဆင့်ကရောဂါငုတ်နေတဲ့အဆင့်ဖြစ်ပြီး(၂)လလောက်ကြာ
တတ်ပါတယ် ၊အဲဒီအဆင့်ပြီးရင် နောက်ဆုံးအဆင့်ဖြစ်တဲ့ နာတာရှည်ရောဂါ
အဆင့်ထဲကို ကူးပြောင်းရောက်ရှိသွားပါလိမ့်မယ်။
ရောဂါပိုးပါတဲ့မွှား အကိုက်ခံရပြီးတဲ့နောက်(၄)လလောက်အကြာမှာတော့
နာတာရှည်ရောဂါအဆင့်ကိုရောက်ရှိသွားပါတယ်၊ဒီအဆင့်မှာတော့ရောဂါပိုးဟာ
ခွေးရဲ့ရိုးတွင်းချင်ဆီစနစ်နဲ့ခုခံအားစနစ်ကိုစတင်တိုက်ခိုက်ပါတယ်၊အဲဒီတော့
ခွေးဟာနှာခေါင်းသွေးလျှံတာ၊သွေးအားနည်းတာ၊ဖျားတာတွေဖြစ်လာပါမယ် ၊
သိသိသာသာ ပိန်သွားပါမယ် ၊ခြေလက်တွေယောင်ရမ်းလာပါမယ် ၊ခြေတုန်
လက်တုန်နဲ့ ခယိုခယိုင်ဖြစ်လာတတ်ပါတယ် …
ရောဂါရှာဖွေခြင်းအပိုင်းမှာသွေးရည်ကြည်ကိုစစ်ဆေးတဲ့ (IFA) နည်းနဲ့
Ehrlichia canis ပိုးရှိကြောင်းကို တိတိကျကျသိရှိနိုင်ပါတယ် ၊ဒါပေမယ့်
မွှားအကိုက်ခံရပြီးနောက်(၂)ပတ်ကျော်မှ စစ်ဆေးသိရှိနိုင်မှာဖြစ်ပါတယ် ၊
(၂)ပတ်အတွင်းမှာတော့ အဖြေမှန်ကိုမရနိုင်သေးပါဘူး အခု နောက်ပိုင်းမှာ
တော့ ELISA စစ်ဆေးနည်းနဲ့ ၊လိုင်း(မ)ရောဂါ ၊ အာလီခီယိုးစစ်ရောဂါ
၊အေနာပလပ်(စ)မိုးစစ်ရောဂါ နဲ့ နှလုံးအတွင်းသန်ကောင်စွဲကပ်ခြင်း
ရောဂါတွေကို အလွယ်တကူခွဲခြားနိုင်ပြီဖြစ်ပါတယ် ။
Ehrlichiosis ရောဂါဖြစ်နေတဲ့ခွေးကြောင်တွေကိုသွေးစစ်ကြည့်ရင်
(၁) သွေးစစ်အဖြေမှာ Serum Alkaline Phosphatase (ALP) ဟာ
ပုံမှန်ရှိရမယ့်ပမာဏဖြစ်တဲ့ကြောင်တွေမှာ- 6-102 IU/L နဲ့ ၊ ခွေးတွေမှာ
5-131 IU/L ထက် မြင့်တက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်
(၂) သွေးစစ်အဖြေမှာ Globulin ဟာ ပုံမှန်ရှိရမယ့်ပမာဏဖြစ်တဲ့
ကြောင တွေမှာ- 2.3-5.3 g/dL ၊ခွေးတွေမှာ- 1.6-3.6 g/dL ထက် မြင့်
တက်နေတာကို တွေ့ရမှာဖြစ်ပါတယ်
(၃) သွေးစစ်အဖြေမှာ Lymphocyte Count ဟာပုံမှန်ရှိရမယ့်ပမာဏဖြစ်တဲ့
ကြောင်တွေမှာ- 1200-8000 cells/μL ၊ခွေးတွေမှာ- 690-4500 cells/μL
ထက်မြင့်တက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
(၄) သွေးစစ်အဖြေမှာ Neutrophil Count ဟာ ပုံမှန်ရှိရမယ့်ပမာဏဖြစ်တဲ့
ကြောင်တွေမှာ- 2500-8500 cells/μL ၊ခွေးတွေမှာ- 2060-10600 cells/μL
ထက် လျှော့ကျနေတာကိုတွေ့ရမှာဖြစ်ပါတယ်
ရောဂါပြင်းထန်လို့သွေးအားအလွန်အမင်းနည်းနေရင်တော့ သွေးသွင်းကုသပေး
တာတို့ ဓါတ်ဆားရည်ပုလင်းကြီးသွင်းပေးတာတို့ ပြုလုပ်ပေးရပါမယ် ၊ ဒီရောဂါ
ဖြစ်နေတဲ့ခွေးကို ဓါတ်ဆားရည်များများတိုက်ပေးသင့်ပါတယ် ၊ Doxicycline
ဆေးကို နေ့စဉ်(၅)ရက်ဆက်တိုက် အကြောဆေးသွင်းပြီးကုသရပါမယ် ၊
Doxicycline စားဆေးတိုက်လို့လည်းရပါတယ်။
ဒေါက်စီဆိုက်ကလင်းစားဆေးကို အနည်းဆုံး တစ်လလောက်တိုက်ခြင်းအားဖြင့်
ရစ်ကားစီးယားရောဂါပိုးတွေကို ထိထိရောက်ရောက်သုပ်သင်ပစ်နိုင်ပါတယ်၊
အခြေအနေသိပ်ဆိုးနေတဲ့ခွေးဆိုရင်တော့ သွေးသွင်းကုသပေးခြင်းဖြင့်
အသက်ကယ်ပေးရမှာဖြစ်ပါတယ် ၊ ဒီဆေးတွေနဲ့ ထိထိရောက်ရောက်ကုသလို့
ရနိုင်တယ်ဆိုပေမယ့် ၊ခွေးရဲ့ရောဂါအဆင့်ဟာ ၊ရိုးတွင်းခြင်ဆီခန်းသွားတဲ့အဆင့်
ရောက်မှ စတင်ကုသတာမျိုး ဆိုရင်တော့ ၊ကုသခြင်းဟာ မအောင်မြင်ဖို့များတယ်
ဆိုတာ သတိပြုသင့်ပါတယ်။
ကြိုတင်ကာကွယ်ခြင်းအနေနဲ့အဓိကလိုအပ်တာကတော့ ကိုယ့်ရဲ့ခွေးမှာမွှားတွေ
မကပ်အောင် ဂရုစိုက်ဆောင်ရွက်ပေးဖို့ လိုပါတယ်၊Amitraz ဆေးပါဝင်တဲ့
ဆေးလည်ပတ်ကို တပ်ဆင်ပေးထားရင် ကိုယ့်ရဲ့ခွေးဆီကို မွှားတွေရောက်မလာ
နိုင်ပါဘူး ၊ မွှားတွေရောက်မလာရင်ဒီရောဂါလည်းမဖြစ်နိုင်ပါဘူး။
ထပ်မံလေ့လာရန် လင့်ကိုနှိပ်ပါ - - - Link
နှာခေါင်းသွေးယိုတတ်သော လစ်ရှမန်းရောဂါအကြောင်ဖတ်ရတ် Link