ခွေးတွေရဲ့ဦးနှောက်ထဲမှာရှိတဲ့ ပီကျူထရီအကြိတ်ကနေ ကြီးထွားဟိုမုန်းတစ်မျိုးဖြစ်တဲ့
Somatotropin ဟိုမုန်းကို ပုံမှန်ထုတ်လုပ်ပေးလျှက်ရှိပါတယ် ၊ တစ်ခါတစ်လေမှာတော့
အကြောင်းရင်းမသိရပဲ အဲဒီဟိုမုန်းထုတ်လုပ်ပေးနေခြင်းဟာ ရပ်ဆိုင်းသွားတာမျိုးဖြစ်လာ
တတ်ပါတယ် အဲဒီအခါမှာ အမဟိုမုန်းလွန်ကဲခြင်း(Hyerperestrogenism) ဖြစ်လာတဲ့အတွက်
ခွေးရဲ့တစ်ကိုယ်လုံးကအမွှေးတွေကျွတ်ကျပြီး အရေပြားမှာလည်း အပြောင်းအလဲတွေ ဖြစ်လာ
တတ်ပါတယ်။
(သိုင်းရွှိုက်ဟိုမုန်းချို့တဲ့ရင်လည်းအမွှေးတွေကျွတ်တတ်ပါတယ် ဒီ Link မှာဖတ်ရှုနိုင်ပါတယ်)
ခွေးတွေမှာဒီလိုဖြစ်တာမျိုးဟာအထီးအမတိုင်းမှာအသက်အရွယ်မရွေးပဲဖြတ်တတ်ပေမယ့်
အရွယ်ရောက် ချိန်မှာ ပိုမိုဖြစ်ပွားလေ့ရှိတယ်လို့ဆိုပါတယ်။
ဒီရောဂါကခွေးတွေမှာဖြစ်ပွားမှုအလွန်နည်းပေမယ့် Pomeranians, Chow Chows, Poodles,
Samoyeds, Keeshonds ခွေးအမျိုးအစားတွေနဲ့ American Water Spaniels ခွေးအမျိုး
အစားတွေမှာတော့မကြာခဏဖြစ်ပွားတတ်ပြီး ခွေးအထီးတွေမှာ ပိုမိုဖြစ်ပွားလေ့ရှိတယ်လို့
ဆိုပါတယ်။
ဒီရောဂါဟာကြီးထွားဟိုမုန်း(Somatotropin)ချို့တဲ့မှုကြောင့်ဖြစ်ပွားလာရခြင်းဖြစ်တာမို့
အဲဒီဟိုမုန်းထွက်လာ အောင်ပြုလုပ်ပေးတဲ့ကုထုံးတွေနဲ့ကုသကြရပါတယ်။
Somatotropin ဟိုမုန်းပိုထွက်လာအောင်ပြုလုပ်ပေးနိုင်တဲ့အလွယ်ဆုံးနည်းကတော့ ၊
အဲဒီခွေးထီးကို သင်းကွပ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ် အကယ်၍သင်းကွပ်ပြီးတာတောင်
ခန္တာကိုယ်အနှံ့ကအမွှေးအမြှင်တွေပြန်ပေါက်မလာသေးဘူးဆိုရင်တော့ ကြီးထွားဟိုမုန်း
ထိုးဆေးကိုရက်သတ္တတစ်ပါတ်လျှင်(၃)ကြိမ်နှုန်းနဲ့အရေပြားအောက်ကိုထိုးနှံပေးရမှာ
ဖြစ်ပါတယ် ၊ကြီးထွားဟိုမုန်းဆေးကို တစ်လခွဲလောက်အထိ ထိုးနှံပေးသင့်ကြောင့်
ပညာရှင်များကအကြံပြုထားကြပါတယ်။
Somatotropinကြီးထွားဟိုမုန်းဆေးထိုးနှံခြင်းကြောင့်ဘေးထွက်ဆိုးကျိုးအဖြစ်
ဆီးချိုရောဂါဖြစ်လာ နိုင်တဲ့အတွက် အမြဲ မပြတ်စောင့်ကြည့်စစ်ဆေးနေပြီးမှ
လိုအပ်သလိုချိန်ဆထိုးနှံပေးသင့်ကြောင်းကိုလည်းပညာရှင်တွေက၊အကြံပြုထား
ကြပါတယ်။