«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

24 Sept 2020

ရုတ်တရက်အန်၍ပိန်ချုံးသွားတတ်သောရောဂါ(hypoadrenocorticism)

,

ဒီရောဂါကို Addison's disease လို့လည်းခေါ်ကြပါတယ်၊ ခွေးတွေမှာဒီရောဂါဟာဖြစ်ခဲလှပေမယ့် ၊ 

ဖြစ်လာရင်လည်း အသက်သေဆုံးနိုင်တဲ့အထိပြင်းထန်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။

 

ဒီရောဂါဖြစ်နေတဲ့ခွေးတွေမှာအစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာတွေဖြစ်တဲ့အန်ခြင်း၊

ဝမ်းပျက်ခြင်း၊နဲ့ ချက်ချင်းပိန်ချုံးသွားခြင်းစတဲ့လက္ခဏာတွေပေါ်လာလေ့ရှိပါတယ်

 

ဒီရောဂါဖြစ်လာပုံအကြောင်းရင်း ၂-မျိုးရှိပါတယ်၊ပထမအကြောင်းရင်းကတော့ကျောက်ကပ်နားက

အက်ဒရီနယ်ဂလင်းတွေပျက်စီးလို့ဖြစ်လာရတာဖြစ်ပြီး  ၊ ဒုတိယအကြောင်းရင်းကတော့ ဦးနှောက် 

ကျောက်ကပ်နားက အက်ဒရီနယ်ဂလင်းတွေပျက်စီးပြီး  Glucocorticoid ဟိုမုန်းတွေထုတ်မပေး 

နိုင်လို့ဖြစ်လာရတာဖြစ်ပြီး Primary Hypoadrenocorticism လို့ခေါ်ပါတယ် ၊

ဦးနှောက်ထဲကပီကျူထရီအကြိတ်ကနေ ACTH ဟိုမုန်းထုတ်မပေးနိုင်လို့ဖြစ်လာရတာဆိုရင်တော့  

Secondary Hypoadrenocorticism လို့ခေါ်ပါတယ်။

 

primary hypoadrenocorticism ဆိုရင်သွေးထဲမှာ mineralocorticoid (aldosterone) နဲ့ 

glucocorticoid ဟိုမုန်း ၂-မျိုးစလုံးချို့တဲ့နေတတ်ပြီး secondary hypoadrenocorticism  

ဆိုရင်တော့ Cortisol  ဟိုမုန်းတစ်မျိုးပဲ ချို့တဲ့နေတတ်ပါတယ်

 

ဒီရောဂါဟုတ်မဟုတ်သိရှိနိုင်ဖို့အတွက် သွေးကိုဖောက်ယူပြီး Drenocorticotropic Hormone 

Stimulation Test  နဲ့စစ်ဆေးရပါတယ်၊ ဒီရောဂါဖြစ်နေရင်သွေးထဲမှာရှိတဲ့ကယ်ဆီယမ်းဂါတ်နဲ့ 

ပိုတက်ဆီယမ်ဓာတ်တွေရဲ့အချိုးဟာ 27:1  ထက်လျှော့နည်းနေလေ့ရှိပါတယ်

 

ဒီရောဂါဖြစ်နေတဲ့ခွေးဟာ သွေးပေါင်အလွန်အမင်းကျနေတတ်တဲ့အပြင် ခန္တာကိုယ်မှာဓာတ်ဆား

ရည်တွေလျော့နည်းနေတတ်တဲ့အတွက် ဓာတ်ဆားရည်ပုလင်းကြီးကိုချက်ချင်းသွင်းပေးဖို့ အလွန် 

အရေးကြီးပါတယ်၊ သွေးထဲမှာ ပိုတက်ဆီယမ်ဓာတ်အလွန်နည်းနေတဲ့အတွက် အသက်အန္တရာယ် 

နီးတဲ့အခြေအနေဆိုရင် ဓာတ်ဆားရည်ပုလင်းကြီးကိုချက်ချင်းသွင်းပေးရမယ့်အပြင် အင်ဆူလင်

ဟိုမုန်းကိုလည်းအချိန်မှန်မှန်ထိုးပေးနေရမှာဖြစ်ပါတယ်၊ ဒါမှမဟုတ် စားဆိုဒါအမှုန့်ကို တိုက်ကျွေး

ပေးလို့လည်းရပါတယ်။

 

ဒီလိုအခြေအနေမှာကျောက်ကပ်နားက<အက်ဒရီနယ်ဂလင်းတွေကနေGlucocorticoidဟိုမုန်းတွေ

ထုတ်မပေးနိုင်သေးတဲ့အတွက် ၊ ခန္တာကိုယ်ရဲ့ဇီဝလုပ်ငန်းတွေကို ပုံမှန်လုပ်ဆောင်နေနိုင်စေဖို့  

Dexamethasone ဆေးကိုချက်ချင်းထိုးနှံပေးထားရမှာဖြစ်ပါတယ်၊ 

ခန္တာကိုယ်ရဲ့ဇီဝလုပ်ငန်းတွေပုံမှန်ပြန်လည်လုပ်ဆောင်လာနိုင်ချိန်အထိဆိုရင်တော့fludrocortisone

(သို့)Desoxycorticosterone pivalate နဲ့ prednisone ဆေးကိုပူးတွဲပြီး တိုက်ကျွေးခြင်းအားဖြင့် 

ဆက်လက်ထိမ်းပေးထားရမှာဖြစ်ပါတယ်။

 

ဒီရောဂါဟာ အချိန်မီစစ်ဆေးဖော်ထုတ်နိုင်လို့ စနစ်တကျကုသပေးနိုင်ရင် ပြန်လည်ကောင်းမွန်လာ 

နိုင်တဲ့ရောဂါတစ်ခုဖြစ်ပါတယ် ။

            ထပ်မံလေ့လာရန် လင့်ကိုနှိပ်ပါ Link

0 မှတ်ချက်များ to “ရုတ်တရက်အန်၍ပိန်ချုံးသွားတတ်သောရောဂါ(hypoadrenocorticism)”

Post a Comment