«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

3 Aug 2016

ကြောင်ပေါက်စလေးများအားသန်ချခြင်း(Deworming of Kitten)`

,
Unicode
 
ကြောင်ပေါက်စလေး အတော်များများဟာ ascarids လို့ခေါ်တဲ့သန်လုံးကောင်တွေ စွဲကပ်နေတတ်
တဲ့အပြင် အူထဲမှာနေတဲ့ အခြားကပ်ပါးတွေလည်းရှိနေနိုင်ပါတယ်
 
  
ဒါကြောင့်မို့ ကြောင်ပေါက်စလေးတွေကို သန်ချတိုက်တော့မယ်ဆိုရင် ဝမ်းကိုအရင်စစ်ဆေးသင့်
ပါတယ်၊ ဒီလိုမစစ်ဆေးပဲသန်ချဆေးတိုက်လိုက်မယ်ဆိုရင် coccidia လိုမျိုးအခြားသန်ကောင်တွေ
ရှိနေတာကို မသိနိုင်တော့လို့ဖြစ်ပါတယ်
 
မိမိရဲ့ကြောင်လေးဟာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေရင်(သို့)ဖျားနာနေရင်တော့ သန်ချဆေးကိုမတိုက်
သင့်ပါဘူး၊ သန်ချဆေးကို ကြောင်ပေါက်စလေး(၂)ပါတ်သားအရွယ်မှာ စတင်တိုက်ကျွေးနိုင်ပြီး 
အောက်မှာဖော်ပြထားတဲ့အချိန်ဇယားအတိုင်း တိုက်ကျွေးသွားသင့်ပါတယ်
 
- (၃)ပါတ်သားအရွယ်(တစ်ကြိမ််)
 
- (၆)ပါတ်သားအရွယ် (တစ်ကြိမ််)
 
အဲဒီနောက်(၆)လသားအရွယ်အထိ လစဉ်တစ်ကြိမ်နှုန်း ဆက်လက်တိုက်ကျွေးပေးသင့်ပါတယ်
ကြောင်ကြီးဘဝရောက်သွားပြီဆိုရင်တော့ အခြေအနေပေါ်မူတည်ပြီးတစ်နှစ်မှာ နှစ်ကြိမ်တိုက်
ကျွေးဖို့အကြံပြုကြပါတယ်
 
Milbemycin, ivermectin, နဲ့ selamectin စတဲ့သန်ချဆေးတွေဟာ သန်လုံးကောင်တွေကိုနှိမ်နင်း
ရာမှာအလွန်ထိရောက်တဲ့ဆေးတွေဖြစ်ပါတယ် ဒါပေမယ့်အာနိသင်ပြင်းထန်တဲ့အတွက်ကြောင်ကြီး
တွေမှာပဲအသုံးများကြပါတယ်
 
ကြောင်ပေါက်စလေးတွေမှာတော့  Pyrantal Pamoate ဆိုတဲ့ဆေးကိုတိုက်ကျွေးသင့်ပါတယ် ၊ 
Levamizole စားဆေးကိုလည်းတိုက်ကျွေးနိုင်ပါတယ်၊ ကြောင်ပေါက်စလေးတွေကိုသံချဆေးတိုက်
ကျွေးတဲ့အခါမှာ ဆေးအချိန်အဆမှန်ကန်ဖို့အလွန်အရေးကြီးပါတယ်၊အချိန်အဆနည်းနည်းလေး
များသွားရင်အသက်အန္တရာယ်အထိရှိနိုင်တာမို့နားလည်တတ်ကျွမ်းသူရဲ့ညွှန်ကြားမှုနဲ့သာတိုက်ကျွေး
သင့်ပါတယ်။

Zawgyi
 ေၾကာင္ေပါက္စေလး အေတာ္မ်ားမ်ားဟာ ascarids လို႔ေခၚတဲ့သန္လံုးေကာင္
ေတြ စဲြကပ္ေနတတ္တဲ့အျပင္ အူထဲမွာေနတဲ့ အျခားကပ္ပါးေတြလည္းရွိေန
ႏိုင္ပါတယ္
 
ဒါေၾကာင့္မို႔ ေၾကာင္ေပါက္စေလးေတြကို သန္ခ်တိုက္ေတာ့မယ္ဆိုရင္ ၀မ္းကိုအရင္စစ္ေဆးသင့္ပါတယ္

ဒီလိုမစစ္ေဆးပဲသန္ခ်ေဆးတိုက္လိုက္မယ္ဆိုရင္ coccidia လိုမ်ိဳး
အျခားသန္ေကာင္ေတြရွိေနတာကို မသိႏိုင္ေတာ့လို႔ျဖစ္ပါတယ္

မိမိရဲ႕ေၾကာင္ေလးဟာ ၀မ္းပ်က္၀မ္းေလွ်ာျဖစ္ေနရင္(သို႔)ဖ်ားနာေနရင္ေတာ့ 
သန္ခ်ေဆးကိုမတိုက္သင့္ပါဘူး

သန္ခ်ေဆးကို ေၾကာင္ေပါက္စေလး(၂)ပါတ္သားအရြယ္မွာ စတင္တိုက္
ေကၽြးႏိုင္ၿပီး ေအာက္မွာေဖာ္ျပထားတဲ့အခ်ိန္ဇယားအတိုင္း တိုက္ေကၽြး
သြားသင့္ပါတယ္
- (၃)ပါတ္သားအရြယ္(တစ္ႀကိမ္္)
- (၆)ပါတ္သားအရြယ္ (တစ္ႀကိမ္္)
အဲဒီေနာက္(၆)လသားအရြယ္အထိ လစဥ္တစ္ႀကိမ္ႏႈန္း ဆက္လက္တိုက္ေကၽြး
ေပးသင့္ပါတယ္

ေၾကာင္ႀကီးဘ၀ေရာက္သြားၿပီဆိုရင္ေတာ့ အေျခအေနေပၚမူတည္ၿပီး
တစ္ႏွစ္မွာ ႏွစ္ႀကိမ္တိုက္ေကၽြးဖို႔ အႀကံျပဳၾကပါတယ္

Milbemycin, ivermectin, နဲ႔ selamectin စတဲ့သန္ခ်ေဆးေတြဟာ သန္လံုးေကာင္ 
ေတြကိုႏွိမ္နင္းရာမွာအလြန္ထိေရာက္တဲ့ေဆးေတြျဖစ္ပါတယ္ ဒါေပမယ့္ 
အာနိသင္ျပင္းထန္တဲ့အတြက္ေၾကာင္ႀကီးေတြမွာပဲအသံုးမ်ားၾကပါတယ္

ေၾကာင္ေပါက္စေလးေတြမွာေတာ့  Pyrantal Pamoate ဆိုတဲ့ေဆးကို
တိုက္ေကၽြးသင့္ပါတယ္ ၊ Levamizole စားေဆးကိုလည္းတိုက္ေကၽြးႏိုင္ပါတယ္
ေၾကာင္ေပါက္စေလးေတြကိုသံခ်ေဆးတိုက္ေကၽြးတဲ့အခါမွာ ေဆးအခ်ိန္အဆ
မွန္ကန္ဖို႔အလြန္အေရးႀကီးပါတယ္ အခ်ိန္အဆနည္းနည္းေလးမ်ားသြားရင္
အသက္အႏၱရာယ္အထိရွိႏိုင္တာမို႔ နားလည္တတ္ကၽြမ္းသူရဲ႕ညႊန္ၾကားမႈနဲ႔သာ
တိုက္ေကၽြးသင့္ပါတယ္

0 မှတ်ချက်များ to “ ကြောင်ပေါက်စလေးများအားသန်ချခြင်း(Deworming of Kitten)` ”

Post a Comment