«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

26 Aug 2017

အရေပြားပြည်တည်နာ (Blastomycosis)

,
မြေကြီးထဲမှာသဘာဝအလျှောက်ရှိနေတတ်တဲ့ Blastomyces dermatitidis လို့ခေါ်တဲ့မှိုရဲ့မျိုးစေ့
 
တွေကို လေနဲ့အတှုရှုမိရင် ဒီရောဂါဖြစ်လာတတ်ပါတယ် ရှုမိတဲ့နည်းနဲ့ရောဂါဖြစ်လာရင်တော့ 
 
အဆုပ်ယောင်လာပါတယ် ၊ 
 
 
ဖျားနာခြင်း မှိုင်နေခြင်းနဲ့ တဖြည်းဖြည်းချင်းပိန်လာတတ်တဲ့လက္ခတွေကိုတွေ့ရတတ်ပါတယ် ၊ 
 
ရောဂါဖြစ်စေတဲ့မှိုဟာ အဆုပ်ထဲကနေပြီး ခန ္တာကိုယ်အနှံ့ကို သွေးနဲ့အတူပြန့်နှံ့သွားတဲ့အခါ 
 
တစ်ကိုယ်လုံးမှာရှိတဲ့ အရေပြားတွေပေါ်မှာ နေရာကွက်ပြီးအကွက်တွေထလာတတ်ပါတယ် ၊ 
 
တဖြည်းဖြည်းနဲ့ ပြည်ဝပ်တဲ့အနာအဖြစ်ပြောင်းလာပြီး ပြည်တွေထွက်နေတတ်ပါတယ်။
 
 
မှိုရဲ့မျိုးစေ့တွေဟာခန္တာကိုယ်မှာရှိတဲ့ပေါက်ပြဲဒါဏ်ရာတွေကနေတိုက်ရိုက်ဝင်ရောက်နိုင်ပါသေး 
 
တယ်၊ အဲဒီလိုဝင်ရောက်လာရင်လည်း အရေပြားတွေပေါ်မှာနေရာကွက်ပြီးအကွက်တွေထလာ 
 
တတ်ပါတယ် ၊ တဖြည်းဖြည်းနဲ့ ပြည်ဝပ်တဲ့အနာအဖြစ်ပြောင်းလာပြီ၊ပြည်တွေထွက်နေတတ် 
 
ပါတယ် ၊ မှိုရဲ့မျိုးစေ့တွေဟာ ခန္တာကိုယ်တစ်ခုလုံးကိုဆက်လက်ပြန့်ပွားသွားနိုင်ပါတယ် ၊ 
 
အကယ်၍မျက်စေ့ထဲကိုရောက်သွားရင် မျက်စေ့နာတတ်ပါတယ် ၊ အခန့်မသင့်ရင်အမြင်လွှာ
 
ကွာကျ သွားစေနိုင်တဲ့အတွက်မျက်စေ့ကွယ်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်၊အရိုးတွေထဲကို 
 
ရောက်သွားရင်တော့အရိုးပွပြီး ယောင်တတ်ပါတယ် ၊ နောက်ခြေထောက်ကအရိုးတွေမှာဖြစ်
 
ရင် လမ်းလျှောက်တဲ့အခါ ခွေယိုင်ခွေယိုင်ဖြစ်လာတတ်ပါတယ်၊ မှိုရဲ့မျိုးစေ့တွေဟာ မျိုးပွားအင်္ဂါ
 
တွေထဲရောက်သွားရင်ခွေးထီးတွေဆိုရင် ဥယောင်လာတတ်ပြီး၊ဆီးစစ်ကြည့်တဲ့အခါ ပြည်စတွေ
 
ပါနေတာကိုတွေ့နိုင်ပါတယ်၊ ဒီရောဂါကို Itraconazole စားဆေးနဲ့ထိထိရောက်ရောက်ကုသပေး
 
နိုင်ပါတယ် ၊ 
 
ဆေးတိုက်ပြီး(၁)လမြောက်မှာ ရောဂါလက္ခဏာတွေစတင်သက်သာလာတာကိုတွေ့နိုင်ပါတယ် ၊ 
 
ဒါပေမယ့် ဆေးကို(၂)လကနေ (၃)လလောက်အထိ ရက်မပျက်တိုက်ကျွေးပေးဖို့တော့လိုအပ်ပါ
 
တယ် ၊ ဒီရောဂါဖြစ်တဲ့ခွေးတွေကို အချိန်မီစနစ်တကျကုသရင်သက်သာပျောက်ကင်းဖို့များပါတယ်၊ 
 
အဆုပ်ထဲကိုပိုးရောက်လို့ အဆုပ်ပျက်စီးသွားမှကုရင်တော့၊ကုသမှုအောင်မြင်နိုင်ခြေနည်းပါတယ် ။
 
 
 Zawgyi
 
မြေကြီးထဲမှာသဘာဝအလျှောက်ရှိနေတတ်တဲ့ Blastomyces dermatitidis လို့ခေါ်တဲ့မှိုရဲ့မျိုးစေ့တွေကို လေနဲ့အတှုရှုမိရင် ဒီရောဂါဖြစ်လာတတ်ပါတယ် ရှုမိတဲ့နည်းနဲ့ရောဂါဖြစ်လာရင်တော့ အဆုပ်ယောင်လာပါတယ် ၊ ဖျားနာခြင်း မှိုင်နေခြင်းနဲ့ တဖြည်းဖြည်းချင်းပိန်လာတတ်တဲ့လက္ခတွေကိုတွေ့ရတတ်ပါတယ် ၊ ရောဂါဖြစ်စေတဲ့မှိုဟာ အဆုပ်ထဲကနေပြီး ခန္တာကိုယ်အနှံ့ကို သွေးနဲ့အတူပြန့်နှံ့သွားတဲ့အခါ တစ်ကိုယ်လုံးမှာရှိတဲ့ အရေပြားတွေပေါ်မှာ နေရာကွက်ပြီးအကွက်တွေထလာတတ်ပါတယ် ၊ တဖြည်းဖြည်းနဲ့ ပြည်ဝပ်တဲ့အနာအဖြစ်ပြောင်းလာပြီး ပြည်တွေထွက်နေတတ်ပါတယ် ၊ မှိုရဲ့မျိုးစေ့တွေဟာ ခန္တာကိုယ်မှာ ပေါက်ပြဲဒါဏ်ရာတွေကနေ တိုက်ရိုက်ဝင်ရောက်နိုင်ပါသေးတယ်၊ အဲဒီလိုဝင်ရောက်လာရင်လည်း အရေပြားတွေပေါ်မှာ နေရာကွက်ပြီးအကွက်တွေထလာတတ်ပါတယ် ၊ တဖြည်းဖြည်းနဲ့ ပြည်ဝပ်တဲ့အနာအဖြစ်ပြောင်းလာပြီး ပြည်တွေထွက်နေတတ်ပါတယ် ၊ မှိုရဲ့မျိုးစေ့တွေဟာ ခန္တာကိုယ်တစ်ခုလုံးကို ဆက်လက်ပြန့်ပွားသွားနိုင်ပါတယ် ၊ မျက်စေ့ထဲကိုရောက်သွားရင် မျက်စေ့နာတတ်ပါတယ် ၊ အမြင်လွှာကွာကျသွားစေနိုင်တဲ့အတွက် မျက်စေ့ကွယ်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ် ၊ အရိုးတွေထဲကိုရောက်သွားရင် အရိုးပွပြီးယောင်တတ်ပါတယ် ၊ နောက်ခြေထောက်ကအရိုးတွေမှာဖြစ်ရင် လမ်းလျှောက်တဲ့အခါ ခွေယိုင်ခွေယိုင်ဖြစ်လာတတ်ပါတယ် ၊ မှိုရဲ့မျိုးစေ့တွေဟာ မျိုးပွားအင်္ဂါတွေထဲရောက်သွားရင် ခွေးထီးတွေမှာဆိုရင် ဥယောင်လာတတ်ပြီး ဆီးစစ်ကြည့်တဲ့အခါ ပြည်စတွေပါနေတာကိုတွေနိုင်ပါတယ် ၊ ဒီရောဂါကို Itraconazole  စားဆေးနဲ့ထိထိရောက်ရောက်ကုသပေးနိုင်ပါတယ် ၊ ဆေးတိုက်ပြီး(၁)လမြောက်မှာ ရောဂါလက္ခဏာတွေစတင်သက်သာလာတာကိုတွေ့နိုင်ပါတယ် ၊ ဒါပေမယ့် ဆေးကို(၂)လကနေ (၃)လလောက်အထိ ရက်မပျက်တိုက်ကျွေးပေးဖို့တော့လိုအပ်ပါတယ် ၊ ဒီရောဂါဖြစ်တဲ့ခွေးတွေကို အချိန်မီစနစ်တကျကုသရင်သက်သာပျောက်ကင်းဖို့များပါတယ် ၊  အဆုပ်ပျက်စီးသွားမှကုရင်တော့ ကုသမှုအောင်မြင်နိုင်ခြေနည်းပါတယ် ။

0 မှတ်ချက်များ to “ အရေပြားပြည်တည်နာ (Blastomycosis)”

Post a Comment