ကြောင်ငယ်လေးတွေမှာဝမ်းလျှောစေတဲ့ရောဂါကူးစက်တတ်ပါတယ်…ဒီရောဂါပိုး
တွေဟာစိုစွတ်တဲ့နေရာမှာဆိုရင်ရက်သတ္တ(၅)ပတ်လောက်အသက်ရှင်နေနိုင်ပါတယ်
ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း
ကန်ပိုင်လိုဘက်တာအုပ်စုဝင် ဘက်တီးရီးယားရောဂါပိုးတွေကြောင့်ဖြစ်ပွားခြင်း ဖြစ်ပါတယ် …
ကူးစက်ပုံ
ရောဂါပိုးပါရှိနေတဲ့
အစာ ၊ ရေ နဲ့ ကြက်သား အမဲသားစိမ်းတွေနဲ့ ထိတွေ့ မှုရှိရင်ရောဂါကူးစက်စေပါတယ် …
အဖြစ်များတဲ့အသက်အရွယ်
ရောဂါလက္ခဏာများ
ရောဂါပိုးဝင်ရောက်လာပြီးနောက်…၀င်ရောက်လာတဲ့ပိုးကောင်ရေအနည်း အများ
ပေါ်မူတည်ပြီး(၁)ရက်ကနေ(၇)ရက်အတွင်းမှာရောဂါလက္ခဏာတွေစတင်ပြသ လာမှာ
ဖြစ်ပါတယ်…အန်ခြင်း…အကျိအချွဲတွေပါတဲ့ဝမ်းလျှောခြင်း…စတာတွေဖြစ်လာပါ မယ်…
(၅)ရက်ကနေ(၁၅)ရက်လောက်ဝမ်းလျှောပြီးရင်ရောဂါသက်သာသွားပေမယ့် ၀မ်းပျက် တာကတော့
နာတာရှည်ဆက်ပြီးဖြစ်နေမှာဖြစ်ပါတယ်…
ကုသခြင်း
ရောဂါဖြစ်နေတဲ့ကြောင်လေးကို
…ပူနွေးပြီးခြောက်သွေ့တဲ့နေရာမှာထားရပါမယ် …ဓါတ်ဆားရည်တိုက်ပေးခြင်း…ပုလင်းကြီးသွင်းပေးရပါမယ်Erythromycin(သို့မဟုတ်) ciprofloxacin ဆေးကို တိုက်ကျွေးပေးခြင်း
ထိုးနှံပေးခြင်းပြုလုပ်ရပါမယ် …
လူထုကျန်းမာရေး
ကန်ပိုင်လိုဘက်တီရီးယားပိုးဟာ…လူတွေမှာဝမ်းလျှောဝမ်းပျက်စေတဲ့ရောဂါပိုး
ပါပဲ…ကန်ပိုင်လိုဘက်တီရီယိုးစစ်ရောဂါဖြစ်ပွားလို့
ဝမ်းပျက်နေတဲ့ကြောင်ကလေးနဲ့
အတူတူဆော့ကစားတဲ့ကလေးတွေဟာ…ကူးစက်ခံရပြီးဝမ်းလျှောဝမ်းပျက်ဖြစ်လာ
တတ်ပါတယ်…မိဘတွေအနေနဲ့..ဒီလိုရောဂါဖြစ်နေရင်ကြောင်ကိုစနစ်တကျဆေးဝါးကုသ
ပေးပြီးမိမိကလေးကိုလည်းကြောင်နဲ့မဆော့စေပဲ…သန့်သန့်ရှင်းရှင်းထားပေးဖို့လိုအပ်ပါ
တယ် …