«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

22 May 2018

အရည်ဓါတ်ခမ်းခြောက်ခြင်း (Dehydration)

,
ရေကို လုံလုံလောက်လောက်မသောက်ရရင်လည်းအရည်ဓါတ်ခမ်းခြောက်ခြင်း   (Dehydration) 
 
ဖြစ်တတ်ပါတယ် ၊အရည်ဓါတ်ခမ်းခြောက်လာတဲ့အခါ ခန္တာကိုယ်မှာရှိတဲ့အရေပြားတွေဟာ 
 
တင်းတင်းရင်းရင်းဖြစ်မနေတော့ပဲ လက်နဲ့ဆွဲကြည့်တဲ့အခါ ပြန်လည်ရုန်းကန်မှုဟာ သိသိသာသာ
 
နည်းပါးလာတာကိုတွေ့နိုင်ပါတယ်၊ ခွေးကြောင်ရဲ့မျက်လုံး၊ ပါးစပ်နဲ့ နှာခေါင်းနေရာတွေမှာ စိုစွတ် 
 
မနေတော့ပဲ အမြဲတန်းခြောက်သွေ့နေတတ်ပါတယ်၊ အရည်ဓါတ်ခမ်းခြောက်နေခြင်းကြောင့် 
 
မောဟိုက်နေတတ်တဲ့အပြင် ခုခံအားကျဆင်းပြီးရောဂါအမျိုးမျိုးဝင်ရောက်လာနိုင်ပါတယ်။
 
 
အရည်ဓါတ်ခမ်းခြောက်လာရခြင်းအကြောင်ရင်းတွေကတော့ ဝမ်းလျှောခြင်း၊ အဆက်မပြတ်
 
အန်နေခြင်း ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ၊ ဆီးချိုရောဂါနဲ့အခြားရောဂါတွေကြောင့် 
 
လည်းဖြစ်တတ်ပါတယ်။

 
ခွေးကြောင်တွေရဲ့ ကျောပြင်မှာရှိတဲ့အရေပြားကို လက်နဲ့ဆွဲမပြီး ပြန်လွှတ်လိုက်တဲ့အခါ 
 
အရေပြားဟာ ခန္တာကိုယ်မှာ ချပ်ချပ်ပြန်ဖြစ်မသွားပဲအမြှောင်းလိုက်ဖောင်းနေရင် အရည်ဓါတ် 
 
ခမ်းခြောက်ခြင်း (Dehydration) ဝေဒနာကိုခံစားနေ ရပြီဆိုတာသိနိုင်ပါတယ် ။
 
 
အဲဒီလိုဖြစ်နေတဲ့ခွေးကြောင်တွေရဲ့နှုတ်သီးနဲ့အာခံတွင်းပိုင်းနေရာတွေဟာစိုစွတ်မနေပဲခြောက်သွေ့
 
နေတာကိုတွေ့နိုင်ပါတယ်


အရည်ဓါတ်ခမ်းခြောက်တာ အခြေအနေတအားမဆိုးသေးရင်တော့ ရေးများများတိုက်ပေးခြင်း 
 
လေ့ကျင့်ခဏ်မှန်မှန်လုပ်စေခြင်းအားဖြင့် တဖြည်းဖြည်းပြန်လည်သက်သာလာနိုင်ပေမယ့် 
 
အခြေအနေဆိုးလာရင်တော့ ဇီဝကမ္မဆိုင်ရာလုပ်ငန်းတွေ ပုံမှန်မလုပ်ဆောင်နိုင်တော့တဲ့အတွက် 
 
ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာပြီးသတိလစ်မေ့မျောသေဆုံးတဲ့အထိဖြစ်နိုင်
 
တဲ့အတွက်ဓါတ်ဆားရည်ကိုအမြန်ဖြည့်တင်းပေးရမှာဖြစ်ပါတယ်၊
 
 
အရည်ဓါတ်ခမ်းခြောက်ခြင်း (Dehydration) ဝေဒနာကိုခံစားနေရတဲ့ခွေးကြောင်ဟာ 
 
မအန်ရင်တော့ ဓါတ်ဆားရည်ကိုတိုက်ကျွေးပေးနိုင်ပါတယ် ၊ ကိုယ်အလေးချိန် (၁)ကီလိုရှီတိုင်း 
 
ဓါတ်ဆားရည်(၂)စီစီနှုန်းနဲ့ တစ်နာရီတစ်ခါတိုက်ကျွေးပေးသင့်ပါတယ် ၊ အန်နေတဲ့ခွေးကြောင် 
 
ဆိုရင်တော့ ဆေးခန်းမှာပုလင်းကြီးချိတ်ပြီး အကြောကနေသွင်းပေးသင့်ပါတယ်။


 
 Zawgyi
 
ခွေးကြောင်တွေရဲ့ ကျောပြင်မှာရှိတဲ့အရေပြားကို လက်နဲ့ဆွဲမပြီး ပြန်လွှတ်လိုက်တဲ့အခါ အရေပြားဟာ ခန္တာကိုယ်မှာ ချပ်ချပ်ပြန်ဖြစ်မသွားပဲအမြှောင်းလိုက်ဖောင်းနေရင်အရည်ဓါတ်ခမ်းခြောက်ခြင်း (Dehydration) ဝေဒနာကိုခံစားနေ ရပြီဆိုတာသိနိုင်ပါတယ် ၊ အဲဒီလိုဖြစ်နေတဲ့ခွေးကြောင်တွေရဲ့

အရည်ဓါတ်ခမ်းခြောက်တာ အခြေအနေတအားဆိုးလာရင်တော့ ဇီဝကမ္မဆိုင်ရာလုပ်ငန်းတွေ ပုံမှန်မလုပ်ဆောင်နိုင်တော့တဲ့အတွက် ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာပြီး သတိလစ်မေ့မျောသေဆုံးတဲ့အထိဖြစ်နိုင်တဲ့အတွက်
အန်နေတဲ့ခွေးကြောင်ဆိုရင်တော့ ဆေးခမ်းမှာပုလင်းကြီးချိတ်ပြီး အကြောကနေဓါတ်ဆားရည်ကို သွင်းပေးသင့်ပါတယ်။

0 မှတ်ချက်များ to “အရည်ဓါတ်ခမ်းခြောက်ခြင်း (Dehydration)”

Post a Comment