«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

23 Feb 2019

အားကုန်အားပြတ်ရောဂါ(Hypoadrenocorticism)

,
 
(Unicode Version)
အားကုန်အားပြတ်ရောဂါ(Hypoadrenocorticism)
= = = = = = = = = = = = = = = = = = = = = = = = = =
ဒီရောဂါကို ဗြိတိသျှလူမျိုးဆရာဝန် သောမတ်အက်ဒီဆင်ဆိုသူကထုတ်ဖော်တင်ပြ ခဲ့တာဖြစ်လို့ အက်ဒီဆင်ရောဂါလို့ လည်းခေါ်ကြပါသေးတယ် ၊ ဒီရောဂါဖြစ်ပွားလာရခြင်းဟာ ကျောက်ကပ်ရဲ့ ဘေးနားမှာရှိနေတဲ့ အက်ဒရီနယ်ဂလင်းတွေနဲ့ပတ်သက်ပါ တယ် အဲဒီအက်ဒရီနယ်ဂလင်းတွေဟာ ခန္တာကိုယ်ရဲ့ဇီဝလုပ်ငန်းတွေကို ထိမ်းချုပ် ပေးနေတဲ့ Corticosteroid ဟိုမုန်းတွေနဲ့ Mineralocorticoids ဟိုမုန်း တွေကိုထုတ်လုပ်ပေးနေတဲ့ အရေးကြီးဂလင်းတွေဖြစ်ပါတယ်။
 
အကယ်၍အဲဒီဂလင်းတွေကနေ Corticosteroid ဟိုမုန်းတွေနဲ့ Mineralocorticoids ဟိုမုန်းတွေကို လုံလောက်အောင် ထုတ်ပေးနိုင်ခြင်းမရှိတော့တဲ့အခါမှာအက်ဒီဆင်ရောဂါဖြစ်ပွားလာပါတော့တယ်
အဲဒီအက်ဒရီနယ်ဂလင်းတွေဟာရောဂါပိုးတွေ၊အဆိပ်အတောက်တွေနဲ့ခန္တာကိုယ်ထဲမှာ ဖြစ်ပေါ်လာ တတ်တဲ့ အကြိတ်အဖုတွေကြောင့် အလွယ်တကူပျက်စီးသွားနိုင်တဲ့ အလွန် နုနယ်သောဂလင်းများ ဖြစ်ပါတယ်
 
တစ်ခါတစ်လေမှာ မွေးရာပါဗီဇကြောင့် တိရစ္ဆာန်ရဲ့ကိုယ်ခံစွမ်းအားစနစ်ကိုယ်တိုင်ကဖောက်ပြန်ပြီး
သူ့ရဲ့ဦးနှောက်ထဲက Adrenal Cortex အကြိတ်ကို ရန်သူထင်ပြီး  ပြန်လည်တိုက်ခိုက်တတ်ပါတယ် အဲဒီလိုအခါမျိုးမှာ ကျောက်ကပ်နားက အက်ဒရီနယ် ဂလင်းတွေဟာလည်း ကောင်းကောင်းအလုပ် မလုပ်နိုင်တော့တဲ့အတွက် ထုတ်လုပ်ပေး  နေတဲ့ဟိုမုန်းတွေကို လုံလောက်အောင်မထုတ်ပေးနိုင်
တော့တာမျိုးတွေဖြစ် လာတတ်ပါတယ်
 
အဲဒီအခါမှာ (Hypoadrenocorticism)ရောဂါဖြစ်လာပြီး အားကုန် အားပြတ်ဖြစ်လာလေ့ရှိပါတယ်၊
ဒီလိုမွေးရာပါဗီဇကြောင့်ဖြစ်တာကိုBearded Collies, Portuguese   Water Dogs နဲ့ Standard Poodles ခွေးမျိုးတွေမှာ တွေ့ရတတ်ပါတယ်
 
တိရစ္ဆာန်တွေကိုဆေးဝါးကုသတဲ့အခါမှာ ရံဖန်ရံခါလိုအပ်တဲ့အခါ Corticosteroids ဟိုမုန်းတွေကို အသုံးပြုရလေ့ရှိပါတယ် အဲဒီအချိန်မှာလည်း ကျောက်ကပ်ဘေးနားက  Adrenal Glands ဂလင်း
တွေဟာ ယာယီအားဖြင့်အလုပ်မလုပ်တော့ပဲ အနားယူနေတတ်တဲ့အတွက်၊ သူထုတ်လုပ်ပေးနေတဲ့ Corticosteroid ဟိုမုန်းတွေနဲ့ Mineralocorticoids ဟိုမုန်းတွေမထွက်ပဲရပ်ဆိုင်းနေတတ်ပါတယ်
 
ဆေးကုသရာမှာအသုံးပြုနေတဲ့ Corticosteroids တွေကိုရုတ်တရက်ဖြတ်ပစ်လို့မရပါဘူး အကယ်၍ ရုတ်တရက်ဖြတ်လိုက်မယ်ဆိုရင် Corticosteroid ဟိုမုန်းတွေကို သဘာဝအတိုင်း ထုတ်လုပ်ပေးနေတဲ့ အက်ဒရီနယ်ဂလင်းတွေကလည်း လုပ်ငန်းရပ်ဆိုင်းနေသေးတဲ့အတွက် သွေးထဲမှာ Hydrocortisone တွေပြတ်တောက်သွားမှာဖြစ်ပါတယ်၊ အဲဒီလိုအခါမျိုးမှာလည်း အားကုန်အားပြတ် ဖြစ်လာပြီး အက်ဒီဆင် ရောဂါလက္ခဏာတွေဖြစ်ပေါ်လာတတ်ပါတယ်
 
အထက်မှာဖော်ပြခဲ့တဲ့အခြေအနေတွေကလွဲပြီးဒီရောဂါဖြစ်ပွားလာနိုင်တဲ့အခြေအနေတွေလည်း ရှိသေး တယ်လို့ဆိုပေမယ့်အဲလိုဘာကြောင့်ဖြစ်လာရတယ်ဆိုတာကိုတော့ဆေးပညာရှင်တွေယနေ့ 
ထက်တိုင် သက်သေမပြနိုင်သေးဘူးလို့ဆိုပါတယ်
 
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်လာသည်ဖြစ်စေဒီရောဂါဖြစ်လာရင်တော့  မကြာခဏ အန်ခြင်း ၊ ဝမ်းပျက် ခြင်းတွေဖြစ်လာပြီး အားကုန်အားပြတ်ဖြစ်သွား   လေ့ရှိပါတယ် ၊ ဒီရောဂါခံစားနေရတဲ့ ခွေးကို စမ်းသပ် ကြည့်တဲ့အခါ နှလုံးခုန်ချက်တွေ အလွန်နှေးကွေးနေတတ်ပြီး အလကားနေရင်း ရှော့ဖြစ်သွားတာမျိုးတွေဖြစ်တတ်ပါတယ်
 
ခွေးတစ်ကောင်ဟာ ဘာအကြောင်းမှမရှိပဲ အလကားနေရင်း လဲကျမေ့မြောသွားရင် အက်ဒီဆင် ရောဂါဖြစ်ဖို့များပါတယ်၊ အဲဒီအခါမှာအက်ဒီဆင်ရောဂါဟုတ်မဟုတ်ခွဲခြားသိရှိနိုင်ဖို့ဓာတ်ခွဲခန်းမှာ
ACTH stimulation test လုပ်ကြည့်ရမှာဖြစ်ပါတယ်
 
ACTH stimulation test ဆိုတာကတော့ ACTH ဟိုမုန်းထိုးပြီးသွေးကိုစမ်းသပ်ရတာ ဖြစ်ပါတယ် ACTH ဟိုမုန်းမထိုးမီ သွေးထဲမှာရှိနေတဲ့ Cortisol ပမာဏနဲ့ ထိုးပြီးနောက်၊ရှိနေတဲ့ပမာဏကို နှိုင်းယှဉ်စစ်ဆေးကြည့် ရတာဖြစ်ပါတယ် ၊ ACTH ဟိုမုန်းထိုးပြီးပေ မယ့်သွေးထဲမှာ Cortisol ပမာဏတက်မလာရင် ကျောက်ကပ်ရဲ့ဘေးနားက Adrenal Glandsဂလင်းတွေအလုပ်မလုပ်တော့ 
တာဖြစ်တဲ့အတွက် အက်ဒီဆင်ရောဂါဖြစ်ပြီလို့ယူဆရမှာဖြစ်ပါတယ်
 
ဒီရောဂါကြောင့်ရှော့ဖြစ်ပြီး မေ့မြောနေရင် အငန်ရည်ပုလင်းကြီးကို အကြောကနေသွင်းပေးပြီး 
ဆေးကိုထိုးနှံပေးလိုက်ခြင်းအားဖြင့်ချက်ချင်းသတိပြန်လည်လာပါတယ်၊ ဒီရောဂါဟာကျောက်ကပ် 
ဘေးနားက အက်ဒရီနယ်ဂလင်းတွေအလုပ်မလုပ်လို့ ဖြစ်လာတဲ့ရောဂါဖြစ်တဲ့အတွက် ကုသတဲ့အခါ အက်ဒရီနယ်ဂလင်းတွေ ပြန်လည်အလုပ်လုပ်လာစေတဲ့ကုထုံးတွေနဲ့ကုသရတာဖြစ်ပါတယ်
 
တစ်ခါတစ်ရံမှာကုသပေမယ့်လည်း လုံးဝပြန်လည်အလုပ်မလုပ်နိုင်တော့တဲ့ပြသနာမျိုးတွေကို
ကြုံ ရတတ်ပါတယ်၊ အဲဒီလိုခွေးတွေကိုတော့ prednisone  စားဆေးကဲ့သို့  cortisone တွေကို ခွေးရဲ့တစ်သက်တာလုံးနေ့စဉ်တိုက်ကျွေးပေးနေရမှာဖြစ်ပါတယ်၊ mineralocorticoid ဟိုမုန်း ချို့တဲ့လာတာတွေ့ရရင် fludrocortisone acetate စားဆေးကိုပူးတွဲတိုက်ကျွေးပေးရမှာဖြစ်ပါ
တယ်။
အဲဒီလိုဆေးတိုက်တာကို ခွေးရဲ့တစ်သက်တာလုံး နေ့စဉ်တိုက်ကျွေးပေးနေရမှာဖြစ်ပါတယ် အဲဒီလိုခွေးမျိုးတွေမှာ prednisone ဆေးကိုဘယ်လောက်ပမာဏတိုက်သင့်တယ်ဘယ်လိုတိုက် ရမယ်ဆိုတာကတော့ ရောဂါရဲ့ အခြေအနေပေါ်မှာမူတည်ပြီး ကုသပေးနေတဲ့တိရစ္ဆာန်ရောဂါကု ဆရာဝန်ကဆုံးဖြတ်ရမှာဖြစ်ပါတယ်- 
            ထပ်မံလေ့လာရန် လင့်ကိုနှိပ်ပါ Link
 
(Zawgyi Version)
 
ဒီရောဂါကိုအက်ဒီဆင်ဆိုသူက ထုတ်ဖော်တင်ပြခဲ့တာဖြစ်လို့ အက်ဒီဆင်ရောဂါလို့လည်းခေါ်ကြပါတယ် ဒီရောဂါရဲ့ဖြစ်စဉ်က ကျောက်ကပ်ရဲ့ဘေးနားက အက်ဒရီနယ်ဂလင်းတွေနဲ့ အဓိကပတ်သက်နေပါတယ် အဲဒီအက်ဒရီနယ်ဂလင်းတွေဟာ ခန္တာကိုယ်ရဲ့ဇီဝလုပ်ငန်းတွေကိုထိမ်းချုပ်ပေးတဲ့ ကော်တီကိုစတီးရွိုက်ဟိုမုန်းတွေနဲ့ mineralocorticoids ဟိုမုန်းတွေကိုထုတ်လုပ်ပေးနေတာဖြစ်ပါတယ်
အကယ်၍ အဲဒီဂလင်းတွေကနေ ဟိုမုန်းတွေကိုလုံလောက်အောင်မထုတ်ပေးနိုင်တဲ့အခါမှာ အက်ဒီဆင်ရောဂါဖြစ်လာတတ်ပါတယ်
တစ်ချို့ရောဂါပိုးတွေ အဆိပ်အတောက်တွေနဲ့ အကြိတ်အဖုတွေဟာ အက်ဒရီနယ်ဂလင်းတွေကို ပျက်စီးသွားစေတတ်ပါတယ်
တခါတလေကျတော့လည်း မွေးရာပါဗီဇကြောင့် ကိုယ်ခံစွမ်းအားကိုယ်တိုင်က မိမိရဲ့ ဦးနှောက်ထဲက adrenal cortex ကိုပြန်လည်တိုက်တဲ့အခါမှာလည်း ကျောက်ကပ်ထဲက အက်ဒရီနယ်ဂလင်းတွေဟာ အလုပ်မလုပ်နိုင်ဖြစ်ပြီး ဟိုမုန်းတွေကိုလုံလောက်အောင်မထုတ်ပေးနိုင်တာမျိုးဖြစ်လာတတ်ပါတယ် မွေးရာပါဗီဇကြောင့် ဒီရောဂါဖြစ်တာကိုတော့ Bearded Collies, Portuguese Water Dogs, နဲ့ Standard Poodles ခွေးမျိုးတွေမှာတွေရတတ်ပါတယ်
ဆေးကုသရေးလုပ်ငန်းတွေလုပ်ဆောင်တဲ့အခါ corticosteroids ဟိုမုန်းတွေကိုသုံးစွဲနေချိန်မှာ ကျောက်ကပ်နားက adrenal glands တွေဟာ corticosteroids တွေထုတ်လုပ်ပေးတဲ့အလုပ်ကို မလုပ်သေးပဲ ခေတ္တအနားယူနေလေ့ရှိပါတယ် အဲဒီလိုသုံးစွဲနေရင်ကနေ  ရုတ်တရက်ဖြတ်တောက်ပစ် လိုက်တဲ့အခါ အက်ဒရီနယ်ဂလင်းတွေကလည်း ထုတ်လုပ်ပေးခြင်းမရှိသေးတဲ့အတွက် ယာယီအားဖြင့် hydrocortisone တွေ ပြတ်တောက်မှုဖြစ်သွားပါတယ် အဲဒီအခါမှာအက်ဒီဆင်ရောဂါလက္ခဏာတွေဖြစ်လာ တတ်ပါတယ်
အထက်ကဖော်ပြခဲ့တဲ့အခြေအနေတွေကလွဲပြီး ဒီရောဂါဖြစ်လာတာမျိုးလည်းရှိတတ်ပါသေးတယ် ဒါပေမယ့် ဘာကြောင့်အဲလိုဖြစ်လာတယ်ဆိုတာကိုတော့ ပညာရှင်တွေမသိရှိကြသေးဘူးလို့ဆိုပါတယ်
ဘယ်လိုအကြောင်းရင်းကြောင့်ဖြစ်လာသည်ဖြစ်စေ အက်ဒီဆင်ရောဂါဖြစ်လာတဲ့အခါ မကြာခဏအန်ခြင်း ဝမ်းပျက်ခြင်းတွေဖြစ်ပြီး အားကုန်အားပြတ်ဖြစ်သွားလေ့ရှိပါတယ် သွေးခုန်ချက်တွေဟာ အလွန်နှေးကွေးနေတတ်ပြီး အလကားနေရင်းကနေ ရှော့ဖြစ်သွားတာမျိုး သွေးလှည့်ပတ်မှုထိခိုက်လာတာ မျိုးတွေဖြစ်တတ်ပါတယ်
ခွေးတစ်ကောင်ဟာ ဘာအကြောင်းမှမရှိပဲအလကားနေရင်း လဲကျမေ့မြောသွားရင် အက်ဒီဆင်ရောဂါဖြစ်ဖို့များပါတယ် အက်ဒီဆင်ရောဂါဖြစ်တာဟုတ်မဟုတ်ခွဲခြားနိုင်ဖို့ ACTH stimulation test ကိုလုပ်ကြည့်ရမှာဖြစ်ပါတယ် အဲဒါကတော့ ACTH ဟိုမုန်းကို မထိုးနှံမီနဲ့ ထိုးနှံပေးပြီးနောက် သွေးကိုဖောက်ယူပြီး cortisol တွေမြင့်တက်လာခြင်းရှိမရှိစစ်ဆေးကြည့်တာဖြစ်ပါတယ် မြင့်တက်မလာရင် adrenal cortex အလုပ်မလုပ်တော့တာဖြစ်တဲ့အတွက် အက်ဒီဆင်ရောဂါဖြစ်ပြီလို့ယူဆရမှာဖြစ်ပါတယ် ဒီရောဂါကြောင့် ရှော့ဖြစ်နေရင် အငန်ရည်ပုလင်းကြီးကို အကြောကနေသွင်းပြီး corticosteroids တွေထိုးနှံပေးလိုက်ခြင်းအားဖြင့် ချက်ချင်းသတိပြန်လည်လာနိုင်ပါတယ် အက်ဒရီနယ်ဂလင်းတွေ ပြန်လည်အလုပ်လုပ်မလာရင်တော့ prednisone ကဲ့သို့ cortisone တွေကိုနေ့စဉ်တိုက်ကျွေးပေးရ မှာဖြစ်ပါတယ် mineralocorticoid ချို့တဲ့မှုအတွက်ကတော့ fludrocortisone acetate စားဆေးကို ပူးတွဲတိုက်ကျွေးပေးရမှာဖြစ်ပါတယ် ဒီလိုကုသမှုကို ခွေးရဲ့တစ်သက်တာလုံးဆက်လက်လုပ်ပေးနေ ရမှာဖြစ်ပါတယ် prednisone ဆေးကိုဘယ်လောက်ပမာဏတိုက်နေရမလဲဆိုတာကတော့ ရောဂါရဲ့ အခြေအနေပေါ်မူတည်ပြီး တိရစ္ဆာန်ရောဂါကုဆရာဝန်က ဆုံးဖြတ်ရမှာဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်

= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = 

0 မှတ်ချက်များ to “အားကုန်အားပြတ်ရောဂါ(Hypoadrenocorticism)”

Post a Comment