«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Jun 2018

အစာအဆိပ်သင့်ခြင်း(Botulism)

,
Unicode
 
 
အစာအဆိပ်သင့်တယ်ဆိုတာဟာ Clostridium botulinum. လို့ခေါ်တဲ့ဘက်တီရီးယားရဲ့အဆိပ်
 
ကြောင့် ခန္တာကိုယ်ရဲ့အာရုံကြောတွေမလုပ်မလုပ်နိုင်ပဲဖြစ်သွားခြင်းဖြစ်ပါတယ်။

 
 
Clostridium botulinum. လို့ခေါ်တဲ့ ဘက်တီရီးယားတွေဟာဆွေးမြေ့ပုပ်သိုးနေတဲ့နေရာတွေမှာ 
 
ရှင်သန်ပေါက်ပွားနေတတ်တဲ့ဘက်တီရီးယားပိုးတွေဖြစ်ပါတယ် ၊ Clostridium botulinum.  
 
 
ဘက်တီးရီးယားတွေကနေ အဆိပ်အမျိုးအစား(၇)မျိုး ထုတ်လုပ်လေ့ရှိပါတယ်၊ အဲဒါတွေကတော့ 
 
အဆိပ် A, B, C, D, E, F နဲ့ အဆိပ် G  အမျိုးအစားတွေဖြစ်ပါတယ် ၊ ဘယ်အဆိပ်အမျိုးအစား 
 
ဖြစ်ဖြစ် ဒုက္ခပေးတာချင်းကတော့ အတူတူပဲလို့ဆိုပါတယ် ၊
 
 
Botulinal toxins  အဆိပ်ဆိုတာဟာ လူတွေဖန်တီးတဲ့အဆိပ်မဟုတ်ပဲ ဘက်တီးရီးယားပိုးကနေ 
 
ဖြစ်ပေါ်လာတဲ့ ကမ္ဘာပေါ်မှာအပြင်းထန်ဆုံးအဆိပ်ဖြစ်ပါတယ် ၊ ဘယ်လောက်အထိပြင်းထန်သလဲ 
 
ဆိုရင် လူတွေဖန်တီးထားတဲ့ဆိုင်ယာနိုက်အဆိပ်ထက် အဆပေါင်း(၁၀၀၀၀)ပိုမိုပြင်းထန်ပြီး 
 
ဆာရင်းအဆိပ်ဓါတ်ငွေ့ထက် အဆပေါင်း(၁၅၀၀၀)ပိုမိုပြင်းထန်တယ်လို့ဆိုပါတယ်။

 
ဒီအဆိပ်က Clostridium botulinum. လို့ခေါ်တဲ့ ဘက်တီးရီးယားပိုး အသက်ရှင်နေစဉ်မှာထွက်နေ
 
တာမဟုတ်ပဲသေသွားချိန်မှသာဘက်တီးရီးယားပိုးရဲ့အပျက်အစီးအရည်တွေနဲ့အတူဖြစ်ပေါ်လာ 
 
တာဖြစ်ပါတယ်၊ ဒီအဆိပ်တွေကို အစာနဲ့အတူစားမိရင် အူထဲရောက်တာနဲ့စုပ်ယူမိပြီး 
 
သွေးရည်ကြည်စီးကြောင်းစနစ်ထဲကို ဝင်ရောက်သွားပါတယ်။အဲဒီကနေတဆင့် တစ်ကိုယ်လုံးကို
 
လှည့်ပတ်သွားနေတဲ့သွေးထဲကိုရောက်သွား ပါတော့တယ်။

 
သွေးထဲကနေတဆင့် ခန္တာကိုယ်ရဲ့အစွန်အဖျားအင်္ဂါတွေကအာရုံကြောမျှင်လေးတွေဆီရောက်သွား 
 
 
ပါတယ် ၊ အစာအဆိပ်သင့်တဲ့အခါ Clostridium botulinum ဘက်တီးရီးယားပိုးတွေကထွက်တဲ့ 
 
အဆိပ်ရည် botulinum toxin တွေဟာ ကြွက်သားကိုလှုပ်ရှားစေတဲ့ Acetylcholine တွေကို 
 
ဖျက်ဆီးပစ်ပါတယ် ဒါကြောင့်မို့ အစာအဆိပ်သင့်တဲ့အခါ ကြွက်သားတွေမလူပ်ရှားနိုင်တော့ပဲ 
 
လေဖြတ်သလိုခံစားရတာဖြစ်ပါတယ်Clostridium botulinum. ဘက်တီရီးယားရဲ့အဆိပ်ဟာ 
 
သွေးထဲကနေတဆင့်ဦးနှောက်ထဲကိုတော့ မဝင်ရောက်နိုင်ပါဘူး ၊ အဓိကအားဖြင့် ခန္တာကိုယ်
 
အစွန်အဖျားကအာရုံကြောနဲ့ကြွက်သားဆက်သွယ်မှုစနစ်ကိုနှောက်ယှက်ပြီး ကြွက်သားတွေ
 
အလုပ်မလုပ်နိုင်တော့အောင် ဒုက္ခပေးတာဖြစ်ပါတယ်။

 
(လှုပ်ရှားမှုကိုဖြစ်စေသော Acetylcholine အကြောင်းကိုလေ့လာရန် လင့်ကိုနှိပ်ပါ Link
 
ခွေးကြောင်တွေမှာ အစာအဆိပ်သင့်တဲ့အခါ အစာကိုမျိုမချနိုင်ခြင်း ၊ အန်ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ 
 
မျက်လုံးသူငယ်အိမ်ကျယ်နေခြင်း ၊ လေဖြတ်ခြင်းစတဲ့လက္ခဏာတွေကိုတွေ့ရတတ်ပါတယ်။

 
အစာအဆိပ်သင့်တဲ့အခါ စားမိတဲ့အဆိပ်ပမာဏနည်းရင်တော့ ပြုစုစောင့်ရှောက်မှုကောင်းရင် 
 
တဖြည်းဖြည်းနဲ့ အလားအလာပြန်ကောင်းလာနိုင်ပါတယ် ၊ စားမိကြောင်း သိလျှင်သိချင်း 
 
ပြန်အန်ထုတ်အောင် ဟိုဒြိုဂျင်ပါရောက်ဆိုက်ဆေးရည်ကို လ္ဘက်စားဇွန်း(၁)ဇွန်းတိုက်ပေးနိုင် 
 
ပါတယ် ၊ အစာအိမ်ထဲကိုပိုက်ထည့်ပြီးဆေးကြောပေးခြင်းနဲ့ဝမ်းချူပေးခြင်းတို့လည်းပြုလုပ်ရ
 
ပါမယ် ၊
 
အစာအဆိပ်သင့်တဲ့ခွေးကြောင်တွေကို အစာကျွေးခြင်း ရေဝအောင်တိုက်ခြင်းနဲ့ လမ်းလျှောက်စေ 
 
ခြင်းတို့ကို ဂရုတစိုက်ပြုလုပ်ပေးသင့်ပါတယ် ၊ အစာကိုမျိုချဖို့အခက်အခဲဖြစ်လာရင်သွေးကြောထဲ
 
ကနေ အငန်ရည်ပုလင်းကြီးချိတ်ပေးရပါမယ်၊အဖျားဝင်လာရင်တော့ သင့်လျှော်တဲ့ ပဋိဇီဝဆေး
 
တစ်မျိးမျိုးကိုထိုးနှံပေးရပါမယ် ၊လေကောင်းလေသန့်ရအောင် ပန်ကာဖွင့်ပေးထားသင့်ပါတယ်။
 
အစာအဆိပ်သင့်တဲ့အခါ အဆိပ်ဖြေဆေးကို ဖြစ်ဖြစ်ချင်းထိုးပေးမှသာ အသက်ကို ကယ်နိုင်မှာဖြစ်
 
ပါတယ် အဆိပ်ကအာရုံကြောအစွန်းတွေကို ဝင်ရောက်သွားပြီးမှဖြေဆေးထိုးရင်ထိရောက်မှု
 
မရှိတော့ပါဘူး ၊  စားမိတဲ့အချိန်ကနေ အာရုံကြောတွေထဲကို ရောက်သွားချိန်ဟာလည်း 
 
အတော်လေးကိုမြန်တဲ့အတွက် ဖြေဆေးကိုအချိန်မီထိုးပေးနိုင်ဖို့ အထူးဂရုပြုရမှာဖြစ်ပါတယ်။
 
အရင်တုန်းကတော့ လူတွေနဲ့ခွေးတွေမှာ အစာအဆိပ်သင့်တဲ့အခါ အစာနဲ့အတူ အူလမ်းကြောင်း
 
ထဲရောက်သွားတဲ့ပိုးတွေ ထပ်မံပွားများမလာအောင် နှိမ်နင်းထား နိုင်ဖို့အတွက် Penicillin  နဲ့ 
 
Metronidazole ဆေးကိုတိုက်ကျွေးခဲ့ကြပါတယ်၊

 
ဒါပေမယ့်အစာအဆိပ်သင့်တာက ပိုးကြောင့်မဟုတ်ပဲ အပြင်မှာကိုဖြစ်နေပြီးသားအဆိပ်ကြောင့်
 
 
ဖြစ်တဲ့အပြင် C.botulinum ပိုးဟာအူထဲကိုရောက်နေရင် ဘယ်ဆေးကမှသူ့ကိုထိထိရောက်ရောက် 
 
မသုပ်သင်နိုင်ဘူးဆိုတာနောက်ပိုင်းမှာသိလာခဲ့ကြပါတယ်၊ဒီလိုနဲ့ Botulinal toxin အဆိပ်သင့်မှုကို 
 
ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ကုသပေးနိုင်ဖို့ ဆေးကိုအပြင်းအထန်ရှာဖွေခဲ့ကြတဲ့အခါ Botulinal toxin 
 
အဆိပ်ကိုတုန့်ပြန်ချေဖျက်ပစ်နိုင်တဲ့ ပဋိပစ္စည်း(၃)မျိုးကို ပညာရှင်တွေက ရှာဖွေဖော်ထုတ်နိုင်
 
ခဲ့ပါတယ် ၊ အဲဒီဆေးကို တစ်ခါထိုးထားရင် အစာအဆိပ်သင့်ခြင်းကို (၆)လအထိကာကွယ်ပေး 
 
ထားနိုင်ပါတယ်။
 
 
ဒါပေမယ့် ဒီကုထုံးဟာခွေးတွေမှာတော့ သိပ်အသုံးမတည့်တာကိုတွေ့ရပါတယ် ၊ ဘာဖြစ်လို့လဲ
 
ဆိုတော့ အစာအဆပ်သင့်ခြင်းကိုကာကွယ်ပေးနိုင်တဲ့ပဋိပစ္စည်း(၃)မျိုး စလုံးဟာ လူတွေအပေါ်မှာ
 
သာအခြေခံပြီးထုတ်လုပ်ထားတာဖြစ်တဲ့အတွက်လူတွေမှာဒုက္ခပေးတတ်တဲ့အဆိပ်အမျိုးအစားကို
 
သာ တုန့်ပြန်ချေဖျက်နိုင်တဲ့ပဋိပစ္စည်းတွေဖြစ်လို့ပါပဲ။
 
အစာဆိပ်သင့်ခြင်းဟာ ခွေးဒူလာ(Myasthenia gravis) နဲ့လွဲတတ်တဲ့အတွက် ဆက်လက် 
 
လေ့လာရန်  လင့်ကိုနှိပ်ပါ ===>> Link
 
ဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်တတ်တဲ့ရောဂါများကိုဆက်လက်လေ့လာရန် လင့်ကိုနှိပ်ပါ ==>> Link

 
ထပ်မံလေ့လာရန်  လင့်ကိုနှိပ်ပါ - - Link
 
Zawgyi
 
 
ဘက်တီရီးယားတွေကနေ အဆိပ်အမျိုးအစား(၇)မျိုး ထုတ်လုပ်လေ့ ရှိပါတယ် ၊ အဲဒါတွေကတော့ အဆိပ် A, B, C, D, E, F နဲ့ အဆိပ် G  အမျိုးအစားတွေဖြစ်ပါတယ် ၊ ဘယ်အဆိပ်အမျိုးအစားဖြစ်ဖြစ် ဒုက္ခပေးတာချင်းက တော့ အတူတူပဲလို့ဆိုပါတယ် ၊
သွေးထဲကနေတဆင့် ခန္တာကိုယ်ရဲ့အစွန်အဖျားအင်္ဂါတွေကအာရုံကြောမျှင်လေးတွေ ဆီရောက်သွားပါတယ် ၊ အစာအဆိပ်သင့်တဲ့အခါ Clostridium botulinum ဘက်တီးရီးယားပိုးတွေကထွက်တဲ့ အဆိပ်ရည် botulinum toxin တွေဟာ ကြွက်သားကိုလှုပ်ရှားစေတဲ့ Acetylcholine တွေကိုဖျက်ဆီးပစ်ပါတယ် ဒါကြောင့်မို့ အစာအဆိပ်သင့်တဲ့အခါ ကြွက်သားတွေမလှူုပ်ရှားနိုင်တော့ပဲ လေဖြတ်သလိုခံစားရတာဖြစ်ပါတယ် Clostridium botulinum. ဘက်တီရီးယားရဲ့အဆိပ်ဟာ သွေးထဲကနေတဆင့်ဦးနှောက်ထဲကိုတော့ မ၀င်ရောက်နိုင်ပါဘူး ၊ အဓိကအားဖြင့် ခန္တာကိုယ်အစွန်အဖျားကအာရုံကြောနဲ့ကြွက်သားဆက်သွယ်မှုစနစ်ကိုနှောက်ယှက်ပြီး ကြွက်သားတွေအလုပ်မလုပ်နိုင်တော့အောင် ဒုက္ခပေးတာဖြစ်ပါတယ်။
(လှုပ်ရှားမှုကိုဖြစ်စေသော Acetylcholine အကြောင်းကိုလေ့လာရန် LINL ကိုနှိပ်ပါ ==>> LINK )
အစာအဆိပ်သင့်တဲ့အခါ စားမိတဲ့အဆိပ်ပမာဏနည်းရင်တော့ ပြုစုစောင့်ရှောက်မှု ကောင်းရင် တဖြည်းဖြည်းနဲ့အလားအလာပြန်ကောင်းလာနိုင်ပါတယ် ၊ စားမိကြောင်း သိလျှင်သိချင်း ပြန်အန်ထုတ်အောင် ဟိုဒြိုဂျင်ပါရောက်ဆိုက်ဆေးရည်ကို လ္ဘက်စားဇွန်း(၁)ဇွန်းတိုက်ပေးနိုင်ပါတယ် ၊ အစာအိမ်ထဲကိုပိုက်ထည့်ပြီးဆေးကြောပေးခြင်းနဲ့ ၀မ်းချူပေးခြင်းတို့လည်းပြုလုပ်ပေးရပါမယ် ၊
အစာအဆိပ်သင့်တဲ့အခါ အဆိပ်ဖြေဆေးကို ဖြစ်ဖြစ်ချင်းထိုးပေးမှသာ အသက်ကို ကယ်နိုင်မှာဖြစ်ပါတယ် အဆိပ်ကအာရုံကြောအစွန်းတွေကို ၀င်ရောက်သွားပြီးမှ ဖြေထိုးရင်ထိရောက်မှုမရှိတော့ပါဘူး ၊ စားမိတဲ့အချိန်ကနေ အာရုံကြောတွေထဲကို ရောက်သွားချိန်ဟာလည်း အတော်လေးကိုမြန်တဲ့အတွက် ဖြေဆေးကိုအချိန်မီ ထိုးပေးနိုင်ဖို့ အထူးဂရုပြုရမှာဖြစ်ပါတယ်။
အရင်တုန်းကတော့ လူတွေနဲ့ခွေးတွေမှာ အစာအဆိပ်သင့်တဲ့အခါ အစာနဲ့အတူ အူလမ်းကြောင်းထဲရောက်သွားတဲ့ပိုးတွေ ထပ်မံပွားများမလာအောင် နှိမ်နင်းထား နိုင်ဖို့အတွက် Penicillin  နဲ့ metronidazole ဆေးကိုတိုက်ကျွေးခဲ့ကြပါတယ်
ဒါပေမယ့်အစာအဆိပ်သင့်တာက ပိုးကြောင့်မဟုတ်ပဲ အပြင်မှာကိုဖြစ်နေပြီးသား အဆိပ်ကြောင့်သာဖြစ်တဲ့အပြင် C.botulinum
ဒီလိုနဲ့ Botulinal toxin အဆိပ်သင့်မှုကို ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ကုသပေးနိုင်ဖို့ဆေးးကို အပြင်းအထန် ရှာဖွေခဲ့ကြတဲ့အခါ Botulinal toxin အဆိပ်ကိုတုန့်ပြန် ချေဖျက်ပစ် နိုင်တဲ့ ပဋိပစ္စည်း(၃)မျိုးကို ပညာရှင်တွေက ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ် ၊ အဲဒီဆေးကို တစ်ခါထိုးထားရင် အစာအဆိပ်သင့်ခြင်းကို (၆)လအထိကာကွယ်ပေး ထားနိုင်ပါတယ်။
အစာဆိပ်သင့်ခြင်းဟာ ခွေးဒူလာ(Myasthenia gravis) နဲ့လွဲတတ်ပါတယ် . . . ကြည့်ပါ ===
>> LINK
ဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်တတ်တဲ့ အခြားရောဂါများကိုဆက်လက်လေ့လာရန် LINK ကိုနှိပ်ပါ ===>> LINK

0 မှတ်ချက်များ to “ အစာအဆိပ်သင့်ခြင်း(Botulism)”

Post a Comment