«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

18 Sept 2020

ဗိုက်ယောင်ခြင်း(Asites)

,

ခွေးကြောင်များတွင် ဗိုက်ယောင်တယ်ဆိုတာက ဗိုက်ခေါင်း(Abdominal Cavity)ထဲမှာ

အရည်တွေစုမိလာပြီး တော့ဝမ်းဗိုက်တစ်ခုလုံးဖောင်းကားနေခြင်းကိုဆိုလိုတာဖြစ်ပါတယ်၊

အဲဒီလိုဖြစ်နေတဲ့ခွေးတွေကိုစစ်ဆေးတဲ့အခါမှာတွေ့ရှိရတဲ့လက္ခဏာတွေအရ ရောဂါကို

အကြမ်းအားဖြင့်ခန့်မှန်းနိုင်ပါတယ်။ 

(၁) အလွန်အမင်းသွေးအားနည်းခြင်း( Severe anaemia ) ဖြစ်နေရင်နှလုံးသန်ကောင်

စွဲကပ်ခြင်း(Heartworm Disease )လို့အကြမ်းအားဖြင့်ခန့်မှန်းနိုင်ပါတယ်။

(၂) ချောင်းဆိုးတဲ့အပြင်အသက်ရှုကျပ်ပြီးမောနေရင်(coughing, dyspnea)နှလုံးသန်

ကောင်စွဲရောဂါရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့နှလုံးကောင်းစွာအလုပ်မလုပ်နိုင်တဲ့အခြေအနေ

(congestive heart failure due to HW disease)လို့အကြမ်းအားဖြင့်ခန့်မှန်းနိုင်

ပါတယ်။ 

(၃) အစာလုံးဝမစားပဲမှိုင်နေတာမျိုး(inappetance)ဖြစ်နေရင်အသည်းခြောက်ခြင်း 

(cirrhosis of the liver) လို့အကြမ်းအားဖြင့်ခန့်မှန်းနိုင်ပါတယ်။

(၄) အော့အန်ခြင်းနှင့်အတူ မျက်နှာတစ်ခုလုံးယောင်ရမ်းနေပြီး(vomiting with 

facial edema)ဖြစ်နေရင်တော့ ကျောက်ကပ်ရောဂါ(glomerular disease) လို့ 

အကြမ်းအားဖြင့်ခန့်မှန်းနိုင်ပါတယ်။ 

ဒီအချက်တွေကတော့အကြမ်းအားဖြင့်ခန့်မှန်းမှုသာဖြစ်ပါတယ်၊အတိအကျသိနိုင်ဖို့

အတွက်ကတော့ဓါတ်မှန်ရိုက် တာ၊အာလ်ထရာဆောင်းရိုက်ာတို့အပြင်ဓါတ်ခွဲခန်းစစ်ဆေးမှု

တွေဆက်လက်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ 

ဝမ်းဗိုက်ဖောင်းကားသောရောဂါများ

0 မှတ်ချက်များ to “ဗိုက်ယောင်ခြင်း(Asites)”

Post a Comment