«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

13 Jun 2017

လက်ပတိုစပိုင်ရိုးစစ်ရောဂါ (Leptospirosis)

,
ဒီရောဂါဟာ ဘက်တီးယားပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် ၊  ရောဂါပိုးပါတဲ့ရေ ကိုသောက်မိရင်ဒီရောဂါကူးစက်ခံရတတ်ပါတယ် 
ရောဂါပိုးဟာရောဂါဖြစ်နေတဲ့ကြောင်ရဲ့ဆီးထဲမှာပါဝင်နေတတ်ပြီး လက်ပတိုစပိုင်ရိုးစစ်ရောဂါ ရဲ့အဓိကလက္ခဏာတွေက တုပ်ကွေးရောဂါနဲ့ဆင်တူပါတယ် ၊ ခွေးဟာ အဖျားတက်ပြီး မကြာခဏအန်နေတတ်ပါတယ် ၊ ခွးဟာ မှိုင်တွေပြီး နုန်းချိနေတတ်ပါတယ် ၊ ရောဂါပြင်းထန်လာရင် ဆီးထဲမှာသွေးပါလာတတ်ပါတယ် ၊ အမှန်တော့ လက္ခဏာတွေကြည့်ရုံနဲ့ ဒီရောဂါပါလို့ ပြောနိုင်ဖို့တော့ ခက်ပါတယ် ၊ 

ခွေးလက်ပတိုစပိုင်ရိုးစစ်ရောဂါမဖြစ်အောင် မိမိရဲ့ခွေးကို အသက် (၁၀-၁၂)ပါတ်သားအရွယ်မှာ ကာကွယ်ဆေးတိုးပေးထားနိုင်ပါတယ် ၊

ငါးမျိုးစပ်ကာကွယ်ဆေးရဲ့အတိုကောက်စာလုံး“DHPPL”ဆိုတဲ့အထဲမှာပါတဲ့ “L” ဟာလက်ပတို စပိုင်ရိုးစစ်ရောဂါကိုဆိုလိုတာဖြစ်ပါတယ် ၊

ငါးမျိုးစပ်ကာကွယ်ဆေးကို စနစ်တကျထိုးထားရင် ဒီရောဂါကို ကာကွယ်ပြီးသားဖြစ်ပါတယ် 

ရောဂါဖြစ်လာရင်တော့ ပဋိဇီဝဆေးတွေနဲ့ကုသပေးရမှာဖြစ်ပါတယ်၊ ရောဂါရဲ့ပြင်းထန်မှု အခြေအနေအရ (၄-၆)ပါတ်လောက်အတွင်းမှာ သက်သာပျောက်ကင်းလာနိုင်ပါတယ် ။

0 မှတ်ချက်များ to “လက္ပတိုစပိုင္ရိုးစစ္ေရာဂါ (Leptospirosis)”

Post a Comment