«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

16 Mar 2019

ကြောင်မျက်နှာယောင်ရောဂါ(Feline calicivirus infection)

,
(Unicode Version)
 
 
Calicivirus ဆိုတဲ့ရောဂါပိုးဟာအရင်ကတည်းကရှိနေခဲ့တဲ့ရောဂါပိုးဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ 
 
တော့ပြင်းထန်တဲ့ရောဂါကိုဖြစ်စေတဲ့အသွင်ပြောင်းလဲလာကြောင်းပညာရှင်များတွေ့ရှိခဲ့ကြပါ 
 
တယ်၊   
 
ကြောင်တွေအမြောက်အများဒီရောဂါပိုးကူးစက်ဖြစ်ပွားခဲ့တာကိုအမေရိကန်နိုင်ငံကယ်လီဖိုးနီးယား
 
နယ်မှာပထမဦးဆုံးတွေ့ရှိခဲ့ပါတယ်
 
အဲဒီလိုအသွင်ပြောင်းလာတဲ့ calicivirus ရောဂါပိုးဟာအလွန်ကူးစက်မြန်ပြီး ဘယ်လောက်အထိ 
 
ကူးစက်မြန်သလဲဆိုရင်ရောဂါပိုးရှိနေတဲ့ကြောင်နဲ့တိုက်ရိုက်ထိတွေ့မိတာနဲ့တင်ကူးစက်နိုင်ပါတယ်
 
 
ရောဂါပိုးရှိနေတဲ့ကြောင်နဲ့ထိမိထားတဲ့အဝတ်အစားတွေ ၊ အိုးခွက်ပန်းကန်နဲ့ အိပ်ယာခင်းစတဲ့
 
အိမ်သုံး ပစ္စည်းတွေနဲ့ထပ်မံထိတွေ့မိရင်တောင်အဲဒီကြောင်တွေဟာဒီရောဂါကူးစက်ခံရနိုင်ပါတယ်
 
 
ဒီရောဂါဖြစ်နေတဲ့ကြောင်ရဲ့ တံတွေး နှာရည် မျက်ရည်န့ မစင်တွေထဲမှာ calicivirus ပိုးတွေရှိနေ
 
တတ်တဲ့အပြင် အဲဒီကြောင်ရဲ့အရေပြားနဲ့အမွှေးအမြှင်တွေမှာလည်း ပိုးတွေအများအပြားတွေ့ရှိရ 
 
တတ်ပါတယ်
 
 
တစ်ချို့ကြောင်တွေကျပြန်တော့ရောဂါပိုးရှိနေပေမယ့်လည်း ဘာလက္ခဏာမှမပြပဲ ရောဂါငုပ်နေတဲ့   
 
အခြေအနေမျိုးဖြစ်နေတတ်တယ်လို့ဆိုပါတယ် ၊ ဒါပေမယ့်အဲဒီလိုရောဂါငုပ်နေပေမယ့်လည်း      
 
အခြား ကြောင်တွေဆီကိုကူးစက်စေနိုင်တဲ့အတွက်မိမိကြောင်မှာရောဂါပိုးရှိနေရင်တော့မပေါ့ဆ
 
သင့်ပါဘူး
 
 
ဒါကြောင့်ဒီရောဂါကူးစက်ပြန့်ပွားခြင်းမရှိအောင်ထိမ်းချုပ်တဲ့အခါ အိမ်တွင်းသန့်ရှင်းရေးနဲ့
 
ပိုးသန့်စင်ရေးဟာအလွန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်၊မိမိအိမ်ကကြောင်တစ်ကောင်မှာဒီရောဂါ
 
ဖြစ်ထားရင်၊ အိမ်ရဲ့နေရာအနှံ့မှာရောဂါပိုးတွေရှိနေနိုင်တာကြောင့် တစ်လအတွင်းမှာနောက်ထပ် 
 
ကြောင်အသစ်ကို ထပ်ယူလာပြီးမွေးတာမျိုးမလုပ်သင့်ပါဘူး
 
 
 
မိမိအိမ်ကကြောင်မှာဒီရောဂါဖြစ်တာသေချာရင်တော့ အရောင်ချွတ်ဆေးရည်တစ်ဆကို ရေ(၃၂)ဆ
 
နဲ့ရောစပ်ပြီးနေရာအနှံ့ကိုပက်ဖျန်းခြင်းအားဖြင့်ပိုးသတ်ပေးနိုင်ပါတယ် calicivirus ရောဂါပိုး
 
ကူးစက်ခံရတဲ့ကြောင်ဟာ၊ အပြင်းဖျားပြီးမျက်နှာနဲ့‌ခြေလက်တွေယောင်ယမ်းလာတတ်ပါတယ်၊ 
 
ရောဂါဖြစ်စမှာနှာရည်တရွှဲရွှဲနဲ့ မျက်ရည်တွေစီးကျလာတတ်ပြီး အစာမစားနိုင်ပဲမှိုင်နေတတ်ပါ
 
တယ် ၊ 
 
ကြောင်ရဲ့ပါးစပ်ကိုဖြဲကြည့်ရင်အနာတွေဖြစ်နေတာကိုတွေ့ရတတ်ပါတယ်၊ ရောဂါပြင်းထန်လာ
 
တာနဲ့အမျှ ‌ခြေလက်နဲ့မျက်နှာနေရာတွေကအမွှေးတွေ ကျွတ်ထွက်ကုန်ပြီးအဲဒီနေရာတွေမှာ 
 
အနာတွေပေါက်လာတတ်ပါတယ်။
 
 
ဒီရောဂါကူးစက်ခံရတဲ့ကြောင်တွေဟာ၊ခုခံအားကျဆင်းသွားတဲ့အပြင်ရောဂါပိုးကြောင့်ကိုယ်တွင်းက     
 
ကလီစာတွေပျက်စီးသွားတတ်တဲ့အတွက် ရောဂါဖြစ်တဲ့ကြောင်တွေရဲ့(၆၀)ရာခိုင်နှုန်းလောက်ဟာ 
 
သေဆုံးသွားတတ် ကြပါတယ်၊ ရောဂါကူးစက်ခံရတာချင်းအတူတူကြောင်ကြီးတွေဟာကြောင်ငယ် 
 
တွေထက်သေနှုန်းပိုများလေ့ရှိတာကတော့ ဒီရောဂါရဲ့ထူးခြားမှုတစ်ခုဖြစ်ပါတယ်။
 
 
calicivirus ရောဂါဟာ ကုသမှုအောင်မြင်ဖို့အတိအကျမပြောနိုင်တဲ့ရောဂါဖြစ်တဲ့အတွက် မဖြစ်မီက  
 
ကြိုတင်ပြီး ကြောင်(၄)မျိုးစပ်ကာကွယ်ဆေး(FELLOCELL)ကိုစနစ်တကျထိုးနှံထားသင့်ပါကြောင်း 
 
တင်ပြအပ်ပါတယ်။
 
 Zawgyi
 
calicivirus ရောဂါပိုးဟာ အရင်ကတည်းကရှိတဲ့ရောဂါပိုးဖြစ်ပေမယ့် နောက်ပိုင်းမှာပြင်းထန်တဲ့ရောဂါအဖြစ်အသွင်ပြောင်းလာတာကိုတွေ့ရှိခဲ့ပါတယ် ကြောင်တွေအမြောက်အများကူးစက်ဖြစ်ပွားတာကို အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်မှာ ပထမဦးဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်
အသွင်ပြောင်းလာတဲ့ calicivirus ရောဂါပိုးဟာအလွန်ကူးစက်မြန်တဲ့ပိုးအမျိုးအစားဖြစ်ပါတယ်
ဒီရောဂါဖြစ်နေတဲ့ကြောင်ရဲ့ တံတွေး နှာရည် မျက်ရည်နဲ့ မစင်တွေထဲမှာ ရောဂါပိုးတွေရှိနေတတ်တဲ့အပြင် အရေပြားပေါ်နဲ့ အမွှေးအမြှင်တွေမှာလည်းရှိနေတတ်ပါတယ်
တစ်ချို့ကြောင်တွေဟာ ရောဂါပိုးရှိနေပေမယ့် လက္ခဏာမပြပဲရောဂါငုတ်နေတဲ့အခြေအနေမျိုးလည်းဖြစ်နေတတ်တယ်လို့ဆိုပါတယ် ဒါပေမယ့်အဲဒီလိုရောဂါငုတ်နေတဲ့ကြောင်တွေကနေ အခြားကြောင်တွေဆီကို ရောဂါကူးစက်ပြန့်ပွားမှုကတော့ရှိနေဆဲဖြစ်တဲ့အတွက် မိမိကြောင်မှာရောဂါပိုးရှိနေရင်မပေါ့ဆသင့်ပါဘူး
ဒီရောဂါပိုးဟာဘယ်လောက်အထိကူးစက်ပြန့်ပွားနိုင်သလဲဆိုရင် ရောဂါပိုးရှိတဲ့ကြောင်နဲ့တိုက်ရိုက်ထိမိရင်ကူးစက်တဲ့အပြင် ရောဂါပိုးရှိတဲ့ကြောင်နဲ့ထိမိထားတဲ့ အဝတ်အစားတွေ အိုးခွက်ပန်းကန်နဲ့ အိပ်ယာခင်းအစရှိတဲ့အိမ်သုံးပစ္စည်းတွေနဲ့ ထပ်မံထိမိတဲ့ကြောင်တွေဟာ ဒီရောဂါကူးစက်ခံရနိုင်ပါတယ်
ဒါကြောင့် ဒီရောဂါကူးစက်ပြန့်ပွားခြင်းမရှိအောင်ထိမ်းချုပ်တဲ့အခါ အိမ်တွင်းသန့်ရှင်းရေးနဲ့ ပိုးသန့်စင်ရေးဟာအလွန်အရေးကြီးပါတယ် ဒီရောဂါဖြစ်ထားရင် နေရာအနှံ့မှာရောဂါပိုးတွေရှိနေနိုင်သေးတာကြောင့် တစ်လအတွင်းနောက်ထပ် ကြောင်အသစ်ထပ်ယူလာပြီးမမွေးသင့်ပါဘူး
မိမိအိမ်ကကြောင်မှာဒီရောဂါဖြစ်တာသေချာရင် အရောင်ချွတ်ဆေးရည်တစ်ဆကို ရေ(၃၂)ဆနဲ့ရောစပ်ပက်ဖျန်းခြင်းအားဖြင့် ပိုးသတ်ပစ်သင့်ပါတယ်
calicivirus ရောဂါပိုးကူးစက်ခံရတဲ့ကြောင်ဟာ အပြင်းဖျားပြီး မျက်နှာနဲ့ခြေလက်တွေယောင်ယမ်းလာတတ်ပါတယ် ရောဂါဖြစ်စမှာ နှာရည်တရွှဲရွှဲနဲ့ မျက်ရည်တွေစီးကျလာတတ်ပြီး အစာမစားနိုင်ပဲမှိုင်နေတတ်ပါတယ် ပါးစပ်ကိုဖြဲကြည့်ရင် အနာတွေဖြစ်နေတာကိုလည်းတွေ့ရတတ်ပါတယ်
ရောဂါပြင်းထန်လာတာနဲ့အမျှ ခြေလက်နဲ့ မျက်နှာနေရာတွေကအမွှေးတွေကျွတ်ထွက်ကုန်ပြီး အနာတွေပေါက်လာတတ်ပါတယ်
ဒီရောဂါကူးစက်ဖြစ်ပွားတဲ့ကြောင်တွေဟာ ခုခံအားကျဆင်းသွားတဲ့အတွက် ကိုယ်တွင်းကလီစာတွေပျက်စီးလာတာကြောင့် ရောဂါဖြစ်တဲ့ကြောင်တွေရဲ့ (၆၀%)လောက်ဟာသေဆုံးသွားတတ်ပါတယ်
ရောဂါကူးစက်ခံရတာချင်းအတူတူ ကြောင်ကြီးတွေဟာ ကြောင်ငယ်တွေထက်သေနှုန်းများလေ့ရှိတာက ဒီရောဂါရဲ့ထူးခြားမှုတစ်ခုဖြစ်ပါတယ်
ရောဂါဒါဏ်ခံစားနေရတဲ့ကြောင်တွေကို စတီးရွိုက်ဆေးတွေနဲ့ အင်တာဖရွန်ထိုးဆေးကိုမဖြစ်မနေထိုးနှံပေးရပါတယ် ကြောင်ရဲ့ကျန်းးမာရေးအခြေအနေအပေါ်မူတည်ပြီး လိုအပ်မယ့် အခြားအထောက်အကူပြုကုထုံးတွေနဲ့လည်း လိုအပ်သလိုကုသပေးရမှာဖြစ်ပါတယ်
ကုသမှုအောင်မြင်ဖို့ကတော့ အတိအကျခန့်မှန်းဖို့ခက်တဲ့ရောဂါဖြစ်တဲ့အတွက် မဖြစ်မီက ကြောင်(၄)မျိုးစပ်ကာကွယ်ဆေး(FELOCELL)ကို စနစ်တကျထိုးနှံထားခြင်းဟာအကောင်းဆုံးဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်


0 မှတ်ချက်များ to “ကြောင်မျက်နှာယောင်ရောဂါ(Feline calicivirus infection)”

Post a Comment