«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

5 Feb 2019

ကြောင်လည်ပင်းအကြိတ်ကင်ဆာ(Hyperthyroidism in cats)

,
Unicode
 
 
ကြောင်တွေမှာ Hyperthyroidism လို့ခေါ်တဲ့Thyroxin ဟိုမုန်းများတဲ့ရောဂါအဖြစ်များလေ့ရှိပါ
 
တယ် Hyperthyroidism ဆိုတာကတော့သိုင်းရွိုက်ဂလင်းကနေဟိုမုန်းတွေကိုလိုအပ်တာထက်
 
ပိုပြီး အများကြီးထုတ်ပေးနေတဲ့အတွက် သွေးထဲမှာ Thyroxin ဟိုမုန်းတွေများနေခြင်းကိုခေါ်ပါ
 
တယ်
 
 
ဒီလိုဖြစ်လာရခြင်းအများစုကတော့ သိုင်းရွိုက်ဂလင်းမှာ Adenoma လို့ခေါ်တဲ့ကင်ဆာဖြစ်ခြင်း
 
ကြောင့်ဖြစ်ပါတယ်သိုင်းရွိုက်ဂလင်းဟာ မေးရိုးရဲ့နောက် လည်းပင်းရဲ့အထက်ပိုင်းမှာရှိနေတဲ့
 
အကြိတ်ကလေးဖြစ်ပါတယ် သေးသေးလေးဖြစ်ပေမယ့်ကြောင်တွေရဲ့ကျန်းမာရေးမှာအရေးကြီးတဲ့
 
အခန်းကဏ္ဍကိုဆောင်ရွက်ပေးနေတဲ့အင်္ဂါလေးတစ်ခုဖြစ်ပါတယ်
 
 
အဲဒီသိုင်းရွိုက်အကြိတ်သေးသေးလေးကနေ ခန္တာကိုယ်ရဲ့ဇီဝလုပ်ငန်း ဆောင်ရွက်မှုတွေကို
 
ထိမ်းညှိပေးနေတဲ့ Thyroxin ဟိုမုန်းတွေကိုထုတ်လုပ်ပေးနေတာဖြစ်ပါတယ်၊သိုင်းရွိုက်ဂလင်းမှာ
 
ကင်ဆာဖြစ်လာတဲ့အခါ Thyroxin ဟိုမုန်းထုတ်လုပ်မှုများလာပါတယ်
 
 
အဲဒီတော့သွေးထဲမှာလည်းများလာတဲ့အတွက် ခန္တာကိုယ်ရဲ့ဇီဝလုပ်ငန်းဆောင်ရွက်တဲ့နှုန်းကလည်း
 
အရမ်းမြန်လာပါတော့တယ်ကြောင်တွေမှာ Hyperthyroidism ဖြစ်လာရင် မကြာမကြာအန်တတ်
 
ပါတယ် အစားအသောက်မပျက်ပဲ တက်တက်ကြွကြွဖြစ်လာကာ အစားအသောက်ပိုတောင်
 
ကောင်းလာပေမယ့်၊ ကြောင်ဟာတဖြည်းဖြည်းနဲ့ပိန်သွားပြီး အမြဲလိုလိုမောဟိုက်နေတတ်ပါတယ်
 
 
Hyperthyroidism ဖြစ်တဲ့အခါခန္တာကိုယ်ရဲ့ဇီဝလုပ်ငန်းဆောင်ရွွက်မှုက တအားများလာတဲ့အတွက် 
 
နှလုံးနဲ့ကျောက်ကပ်ပျက်စီးလာတတ်ပါတယ် ဒါကြောင့်မို့ Hyperthyroidism ဖြစ်နေတဲ့ကြောင်
 
တွေကိုကုသတဲ့အခါ  Thyroxin ဟိုမုန်းထုတ်လုပ်မှုကိုလျှော့ကျစေတဲ့ Methimazole ဆေးကို
 
တိုက်ကျွေးရပါတယ်
 
 
တစ်ချိန်တည်းမှာ နှလုံးနဲ့ကျောက်ကပ်ကို ထိခိုက်မှုရှိမလာအောင်စောင့်ရှောက်ပေးရတဲ့ကုထုံးတွေ
 
နဲ့လည်းကုသပေးရပါတယ်၊စားဆေးထိုးဆေးတွေနဲ့ မထိမ်းနိုင်တော့တဲ့အခြေအနေမျိုးရောက်လာ 
 
ရင်တော့ ခွဲစိပ်ပြီးသိုင်းရွိုက်ဂလင်းကိုဖယ်ရှားဖြတ်ထုတ်ပစ်ရပါတယ် အဲဒီလိုဖြတ်ထုတ်တဲ့အခါမှာ 
 
သိုင်းရွိုက်ဂလင်းနဲ့ကပ်လျှက်တည်ရှိနေတဲ့ ပါရာသိုင်းရွိုက်ဂလင်းကိုဖြတ်ထုတ်မိခြင်းမဖြစ်စေဖို့ 
 
အထူးဂရုစိုက်ရပါတယ်
 
 ပါရာသိုင်းရွိုက်ဂလင်းကိုတွေ့ရပုံ
 

 
အခုနောက်ပိုင်းခေတ်စားလာတဲ့ကုထုံးတစ်ခုကတော့ရေဒီယိုသတ္တိကြွအိုင်အိုဒင်းဆေးကိုအသုံးပြုပြီး 
 
သိုင်းရွိုက်ဂလင်းမှာဖြစ်နေတဲ့ကင်ဆာဆဲလ်တွေကိုသတ်ပစ်တဲ့နည်းဖြစ်ပါတယ် Hyperthyroidism  
 
ဟာအသက်နဲ့နီးတဲ့ နောက်ဆက်တွဲရောဂါတွေရဲ့ရှေ့ပြေးရောဂါတစ်ခုဖြစ်ပါတယ် ဒါကြောင့်မို့ 
 
ပေါ့ပေါ့ဆဆမနေသင့်ပါကြောင်းနဲ့ Hyperthyroidism ဖြစ်နေပြီလားဆိုတာကို အချိန်မီစောစော 
 
စီးစီးသိနိုင်ရေးအတွက် စမ်းသပ်စစ်ဆေးဖို့အလွန်အရေးကြီးပါကြောင်းတင်ပြလိုက်ပါတယ်။
 
Hyperthyroidism ဖြစ်မဖြစ်စစ်ဆေးခြင်းကိုဖတ်ရှုရန် လင့်ကိုနှိပ်ပါ ==>> LINK
 
Zawgyi
 
 
ဒီလိုဖြစ်လာရခြင်းအများစုကတော့သိုင်းရွိုက်ဂလင်းမှာ adenoma လို့ခေါ်တဲ့ကင်ဆာဖြစ်ခြင်းကြောင့်ဖြစ်ပါတယ်
ကြောင်တွေမှာ Hyperthyroidism ဖြစ်လာရင် မကြာမကြာအန်တတ်ပါတယ် အစားအသောက်မပျက်ပဲ တက်တက်ကြွကြွဖြစ်လာကာ အစားအသောက်ပိုတောင်ကောင်းလာပေမယ့် ကြောင်ဟာတဖြည်းဖြည်းနဲ့ပိန်သွားပြီး အမြဲလိုလိုမောဟိုက်နေတတ်ပါတယ် Hyperthyroidism ဖြစ်တဲ့အခါခန္တာကိုယ်ရဲ့ဇီဝလုပ်ငန်းဆောင်ရွက်မှုက တအားများလာတဲ့အတွက် နှလုံးနဲ့ကျောက်ကပ်ပျက်စီးလာတတ်ပါတယ် ဒါကြောင့်မို့ Hyperthyroidism ဖြစ်နေတဲ့ကြောင်တွေကိုကုသတဲ့အခါ  Thyroxin ဟိုမုန်းထုတ်လုပ်မှုကိုလျှော့ကျစေတဲ့ methimazole ဆေးကိုတိုက်ကျွေးရပါတယ် တစ်ချိန်တည်းမှာ နှလုံးနဲ့ကျောက်ကပ်ကို ထိခိုက်မှုရှိမလာအောင်စောင့်ရှောက်ပေးရတဲ့ကုထုံးတွေကုသပေးရပါတယ်
စားဆေးထိုးဆေးတွေနဲ့ မထိမ်းနိုင်တော့တဲ့အခြေအနေမျိုးရောက်လာရင်တော့ ခွဲစိပ်ပြီးသိုင်းရွိုက်ဂလင်းကိုဖယ်ရှားဖြတ်ထုတ်ပစ်ရပါတယ် အဲဒီလိုဖြတ်ထုတ်တဲ့အခါမှာ သိုင်းရွိုက်ဂလင်းနဲ့ကပ်လျှက်တည်ရှိနေတဲ့ ပါရာသိုင်းရွိုက်ဂလင်းကို ဖြတ်ထုတ်မိခြင်းမဖြစ်စေဖို့ အထူးဂရုစိုက်ရပါတယ် အခုနောက်ပိုင်းခေတ်စားလာတဲ့ကုထုံးတစ်ခုကတော့ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းဆေးကိုအသုံးပြုပြီး သိုင်းရွိုက်ဂလင်းမှာဖြစ်နေတဲ့ကင်ဆာဆဲလ်တွေကိုသတ်ပစ်တဲ့နည်းဖြစ်ပါတယ် Hyperthyroidism ဟာအသက်နဲ့နီးတဲ့နောက်ဆက်တွဲရောဂါတွေရဲ့ရှေ့ပြေးရောဂါတစ်ခုဖြစ်ပါတယ် ဒါကြောင့်မို့ ပေါ့ပေါ့ဆဆမနေသင့်ပါကြောင်းနဲ့ Hyperthyroidism ဖြစ်နေပြီလားဆိုတာကို အချိန်မီစောစောစီးစီးသိနိုင်ရေးအတွက် စမ်းသပ်စစ်ဆေးဖို့အလွန်အရေးကြီးပါကြောင်းတင်ပြလိုက်ပါတယ်
Hyperthyroidism ဖြစ်မဖြစ်စစ်ဆေးခြင်းကိုဖတ်ရှုရန် LINK ကိုနှိပ်ပါ ==>> LINK

0 မှတ်ချက်များ to “ကြောင်လည်ပင်းအကြိတ်ကင်ဆာ(Hyperthyroidism in cats)”

Post a Comment