«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

29 Sept 2020

အဆိပ်မိလျှင်(Poisoning)

,

 Unicode

 

တစ်ခုခု စားမိလို့ အဆိပ်မိတဲ့လက္ခ္ခ္ခ္ခဏာတွေပြနေရင် စားမိတဲ့အရာဟာ သာမန်အရိုးတို့အခြား

ပစ္စည်းတို့လား ၊ ဒါမှမဟုတ်အဆိပ်ဖြစ်နိုင်သလားဆိုတာ အရင်ဆုံးစဉ်းစားသင့်ပါတယ် … 

 

ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် စားမိတဲ့အရာကိုအမြန်ဆုံး ပြန်အန်ထုတ်ပစ်အောင်လုပ်ပေးရမှာဖြစ်ပါ 

တယ် ၊ အိမ်မှာအန်အောင်လုပ်နိုင်တဲ့ဆေး အသင့်မရှိဖြစ်နေရင် အလွယ်ဆုံးလုပ်နိုင်တာကတော့ 

ရေနွေးနွေးကို ဆားအသင့်အတင့်ခပ်ပြီးတိုက်ပေးပါ ၊တစ်မိနစ်လောက်ကြာရင်ခြေထောက်နှစ်ဖက် 

ကကိုင်ပြီး ဇောက်ထိုး တွဲလျှောင်းကိုင်ထားပေးလိုက်တဲ့အခါ စားမိထားတဲ့အရာတွေကို ပြန်အန် 

ထုတ်ပစ်ပါလိမ့်မယ် … 

 

အန်ဆေးအဖြစ်သုံးနိုင်တဲ့ ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ် (Hydrogen peroxide) ဆေးရည်ရှိရင်တော့ 

အကောင်းဆုံးပါပဲ .. ပြင်းအား(၃)ရာခိုင်နှုံးရှိတဲ့ ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်(Hydrogen peroxide) 

အရည်ကို တစ်ခါတိုက်ရင် လ္ဘက်စားဇွန်း(၃)ဇွန်း နှုန်းနဲ့(၁၅)မိနစ်တစ်ကြိမ်တိုက်ပေးရပါမယ် … 

ဆေးဝင်တာနဲ့ချက်ချင်း အန်ထုတ်ပစ်တာကိုတွေ့ရမှာဖြစ်ပါတယ်၊ တခါတရံ အကြောင်းကြောင်း 

ကြောင့် မအန်ထုတ်နိုင်သေးရင် … စောစောကနှုန်း အတိုင်းပဲ (၁၅)မိနစ်ခြားပြီး (၃)ကြိမ်အထိ 

တိုက်နိုင်ပါတယ် …  စားမိတဲ့အရာက အဆိပ်ဖြစ်နေရင်တော့ အစာအိမ်ထဲမှာ ကျန်နေသေးတဲ့ 

အနည်းအကျဉ်းသော အဆိပ်တွေကိုအစာအိမ်နံရံထဲစိမ့်ဝင်သွားအောင်လုပ်ပေးဖို့ဖြစ်ပါတယ်။

 

Activated charcoal  လို့ခေါ်တဲ့ဆေးပြားလေးကို ခြေမွပြီးတိုက်ကျွေးခြင်းအားဖြင့်အစာအိမ်ထဲက 

အဆိပ်တွေကိုစုပ်ယူထိန်းသိမ်းထားနိုင်တာကြောင့် အစာအိမ်နံရံထဲကိုအဆိပ်တွေစိမ့်ဝင်မှု နည်း

သွားစေပါတယ်….

နောက်တစ်နည်းကတော့ … ကြက်ဥ(၂)လုံးကိုဖောက်ပြီးတော့ အကာရည်တွေကိုယူရပါမယ် 

…အဲဒီအကာရည်တွေထဲကို နွားနို့ ထမင်းစားဇွန်း(၃)ဇွန်းထည့်ပြီး သမသွားအောင်မွှေပြီးအဆိပ်မိ

နေတဲ့ခွေးကြောင်ကိုဝင်အောင်တိုက်ပေးရင်၊ အဆိပ်တွေကိုအစာအိမ်နံရံထဲစိမ့်မဝင်သွားနိုင်အောင် 

ဖုံးအုပ်တားဆီးပေးထားနိုင်ပါတယ် … နောက်ဆုံးအဆင့်ပြုလုပ်ရမှာကတော့ …. အနီးဆုံး 

တိရစ္ဆာန်ရောဂါကုဆရာဝန်ဆီကိုခေါ်သွားဖို့ပဲဖြစ်ပါတယ် … တိရစ္ဆာန်ရောဂါကုဆရာဝန်က 

အစာအိမ်ထဲစိမ့်ဝင်ပြီး သွေးထဲအထိပြန့်နှံ့ရောက်ရှိနေမယ့် အဆိပ်တွေကို ပြေသွားစေမယ့် 

သင့်လျှော်ရာ အဆိပ်ဖြေဆေးကိုထိုးနှံပေးခြင်းအားဖြင့် အသက်ကိုကယ်တင်နိုင်မှာဖြစ်ပါတယ် …

ဆက်လက်လေ့လာရန် လင့်ကိုနှိပ်ပါ Link



Zawgyi

 
တစ်ခုခု စားမိလို့ အဆိပ်မိတဲ့လက္ခ္ခ္ခ္ခဏာတွပြနေရင် စားမိတဲ့အရာဟာ သာမန်အရိုးတို့ အခြားပစ္စည်းတို့လား ၊ ဒါမှမဟုတ်အဆိပ်ဖြစ်နိုင်သလားဆိုတာ အရင်ဆုံးစဉ်းစားသင့်ပါတယ် … ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် စားမိတဲ့အရာကိုအမြန်ဆုံး ပြန်အန်ထုတ်ပစ်အောင်လုပ်ပေးရမှာဖြစ်ပါတယ် ၊ အိမ်မှာအန်အောင်လုပ်နိုင်တဲ့ဆေး အသင့်မရှိဖြစ်နေရင် အလွယ်ဆုံးလုပ်နိုင်တာကတော့ ရေနွေးနွေးကို ဆားအသင့်အတင့်ခပ်ပြီးတိုက်ပေးပါ … တစ်မိနစ်လောက်ကြာရင် မိမိခွေးကို ခြေထောက်နှစ်ဖက်က ကိုင်ပြီးဇောက်ထိုး တွဲလျှောင်းကိုင်ထားပေးလိုက်ရင် စားမိထားတဲ့အရာတွေကို ပြန်အန်ထုတ်ပစ်ပါလိမ့်မယ် … အန်ဆေးအဖြစ်သုံးနိုင်တဲ့ ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်(Hydrogen peroxide) ရှိရင်တော့ အကောင်းဆုံးပါပဲ .. ပြင်းအား(၃)ရာခိုင်နှုံးရှိတဲ့ ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်(Hydrogen peroxide)အရည်ကို တစ်ခါတိုက်ရင် လ္ဘက်စားဇွန်း(၃)ဇွန်းနှုန်းနဲ့(၁၅)မိနစ်တစ်ကြိမ်တိုက်ပေးရပါမယ် … ဆေးဝင်တာနဲ့ချက်ချင်း အန်ထုတ်ပစ်တာကိုတွေ့ရမှာဖြစ်ပါတယ်၊ တခါတရံ အကြောင်းကြောင်းကြောင့် မအန်ထုတ်နိုင်သေးရင် … စောစောကနှုန်းအတိုင်းပဲ (၁၅)မိနစ်ခြားပြီး (၃)ကြိမ်အထိတိုက်နိုင်ပါတယ် …  စားမိတဲ့အရာက အဆိပ်ဖြစ်နေရင်တော့ အစာအိမ်ထဲမှာ ကျန်နေသေးတဲ့အနည်းအကျဉ်းသော အဆိပ်တွေကို အစာအိမ်နံရံထဲ စိမ့်မ၀င်သွားနိုင်အောင် လုပ်ပေးရမှာဖြစ်ပါတယ် … (activated charcoal) လို့ခေါ်တဲ့ ဆေးအဖြစ်သုံးနိုင်တဲ့ ဆေးပြားလေးကို ခြေမွပြီးတိုက်လိုက်ရင် အစာအိမ်ထဲကအဆိပ်တွေကို စုပ်ယူထိန်းသိမ်းထားနိုင်တာကြောင့် အဆိပ်တွေ အစာအိမ်နံရံထဲကို စိမ့်ဝင်မှုနည်းသွားစေပါတယ်…. နောက်တစ်နည်းလည်းကတော့ … ကြက်ဥ(၂)လုံးကိုဖောက်ပြီးတော့ အကာရည်တွေကိုယူရပါမယ် … အဲဒီအကာရည်တွေထဲကို နွားနို့ ထမင်းစားဇွန်း(၃)ဇွန်းထည့်ပြီး သမသွားအောင်မွှေပြီး
အဆိပ်မိနေတဲ့ခွေးကို ၀င်အောင်တိုက်ပေးရင် … အဆိပ်တွေ အစာအိမ်နံရံထဲ စိမ့်မ၀င်သွားနိုင်အောင် ကြက်ဥအကာကဖုံးအုပ်တားဆီးပေးထားမှာဖြစ်ပါတယ် … နောက်ဆုံးအဆင့်ပြုလုပ်ရမှာကတော့ …. အနီးဆုံး တိရစ္ဆာန်ရောဂါကုဆရာဝန်ဆီကို ခေါ်သွားဖို့ပဲဖြစ်ပါတယ် … တိရစ္ဆာန်ရောဂါကုဆရာဝန်က အစာအိမ်ထဲစိမ့်ဝင်ပြီး သွေးထဲအထိပြန့်နှံ့ရောက်ရှိနေမယ့် အဆိပ်တွေကို ပြေသွားစေမယ့် သင့်လျှော်ရာ အဆိပ်ပြေဆေးကိုထိုးနှံပေးခြင်းအားဖြင့် အသက်ကိုကယ်တင်နိုင်မှာဖြစ်ပါတယ် …

0 မှတ်ချက်များ to “အဆိပ်မိလျှင်(Poisoning)”

Post a Comment