Read in zawgyi
လူတွေမှာဖြစ်ပွားတဲ့ အေအိုင်ဒီအက်(စ) ခုခံအားကျဆင်းတဲ့ရောဂါ(HIV)ရောဂါနဲ့အလားသဏ္ဍာန်
တူတဲ့ရောဂါတစ်မျိုးဟာ ကြောင်တွေမှာလည်းဖြစ်ပွားတတ်ပါတယ်။
ကြောင်တွေမှာဖြစ်ပွားတဲ့ခုခံအားကျရောဂါကိုတော့(FIV)လို့ခေါ်ပါတယ်၊ ထူးခြားတာက၊လူတွေ
မှာလိုလိင်ဆက်ဆံမှုကြောင့်ကူးစက်တာတော့မဟုတ်ပဲ ရောဂါပိုးရှိနေတဲ့လေလွင့်ကြောင်တွေနဲ့
ရန်ဖြစ်တိုက်ခိုက်မိတဲ့အခါအကိုက်ခံရတဲ့ဒါဏ်ရာတွေကနေတဆင့် ရောဂါပိုးဝင်ရောက်ပြီးကူးစက်
ခံရတာဖြစ်ပါတယ်။
တစ်ခါတရံမှာတော့ရောဂါပိုးရှိနေတဲ့ အမေကြောင်မကြီးထံကနေဗိုက်ထဲကကြောင်ငယ်လေးတွေ
ဆီကိုကူးစက်တတ်ပါတယ်၊ကြောင်ခုခံအားကျရောဂါပိုးဟာသွေးထဲကိုရောက်ပြီးရင်ရောဂါပေးနိုင်
တဲ့အဆင့်ကို ချက်ချင်းရောက်သွားတာမဟုတ်ပဲ အချိန်အတန်ကြာအောင်ငြိမ်နေတတ်ပါတယ်
အဲဒီလိုနဲ့သုံးလေးလလောက်ကြာတဲ့အခါမှာ ရောဂါပိုးဟာစတင်ထကြွလာပြီး ခုခံအားစနစ်ကို
စတင်တိုက်ခိုက်ပါတော့တယ်။
ရောဂါဖြစ်တဲ့အဆင့်ရောက်လာပြီဆိုရင်တော့ ပေါင်ရင်းကအကြိတ်တွေ ကြီးလာတာကို
ထင်ထင်ရှားရှားတွေ့ရပါတယ် ၊နောက်တော့လျှာပေါ်မှာ အနာခွက်တွေပေါက်လာပါမယ် ၊
ကြောင်ရဲ့နှုတ်ခမ်းတွေဟာထူအမ်းပြီးတော့ယောင်ယမ်းနေတတ်ပါတယ်၊ကြောင်ဟာသွေးအား
နည်းလာပြီးတဖြည်းဖြည်းချင်းပိန်ချုံးလာတတ်ပါတယ်။
ဝမ်းမကြာမကြာပျက်ပြီးတော့ တစ်ခါတရံမှာ မျက်စေ့နာတတ်ပါတယ် ဒီရောဂါမဖြစ်အောင်
မိမိကြောင်ကို တစ်ခြားကလေလွင့်နေတဲ့ကြောင်တွေနဲ့ မတွေ့မိအောင် အိမ်ထဲမှာပဲထားနိုင်ရင်
ကောင်းပါတယ်။
(FIV) ကာကွယ်ဆေးကို ကြောင်အသက်(၂)လသားအရွယ်မှာ စတင်ထိုးနှံရပါမယ်။
ကာကွယ်ဆေးကို (၃)ခါထိုးရမှာဖြစ်ပြီး၊စနစ်တကျထိုးနှံထားရင် ရောဂါဖြစ်ပွားမှုကို(၆၀-၈၀ )%
အထိကာကွယ်ပေးထားနိုင်ပါတယ်။
ဒီရောဂါက လူတွေကိုကူးစက်တဲ့အထောက်အထားတော့မရှိပါဘူး။