«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

28 May 2018

ဦးခေါင်းမော့ရောဂါ (FRANCISCELLA PHILOMIRAGIA INFECTION)

,
ဦးခေါင်းမော့ရောဂါ FRANCISCELLA PHILOMIRAGIA INFECTION  ဆိုတဲ့ရောဂါဟာ 
Francisella philomiragia  လို့ခေါ်တဲ့ Mycoplasma ပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပါတယ်။
ဒီရောဂါပိုးဟာ သာမန်အားဖြင့် ပင်လယ်ရေနေသတ္တ၀ါတွေကို ရောဂါဖြစ်စေတဲ့ ပိုးဖြစ်ပေမယ့် သူနဲ့ထိ
တွေ့မိတဲ့ လူနဲ့ခွေးကိုလည်း ရောဂါဖြစ်စေတတ်ပါတယ် ၊ ပင်လယ်နဲ့အကွာအဝေး မိုင်(၅၀)အတွင်းမှာ နေထိုင်တဲ့လူတွေမှာ ဒီရောဂါဖြစ်တတ်တယ်လို့သိရပါတယ် ၊ပင်လယ်ရေတို့ မြစ်ရေတို့ချိုးတဲ့ခွေးတွေမှာလည်းအဖြစ်များတယ်လို့ဆိုပါတယ်။
ဒီရောဂါပိုးဟာ ခြင်၊ယင်၊သန်း၊မွှားနဲ့ လှေးတို့ကတဆင့်ကူးစက်တာမဟုတ်ပဲ ကိုယ်ခံအားကျနေတဲ့ခွေး
တွေကို တိုက်ရိုက်ဝင်ရောက်ကူးစက်စေတာဖြစ် ပါတယ်။
ဒီရောဂါဖြစ်တဲ့ခွေးဟာ ဦးနှောက်အမှေးပါးယောင်လာတတ်ပါတယ် ၊ခွးရဲ့ လည်ပင်းပိုင်းတောင့်တင်း
နေတတ်တဲ့အတွက် ၊ ခွေးရဲ့ဦးခေါင်းဟာ မော့နေတတ်ပါတယ် ၊ ခြေလက်တွေတဆတ်ဆတ်တုန်နေတာကိုလည်း တွေ့ရတတ် ပါတယ်။
ဒီရောဂါဖြစ်တဲ့ခွေးကို doxycycline , clindamycin နဲ့  prednisolone  ဆေး(၃)မျိုး 

ပူးတွဲပြီးကုသနိုင်ပါတယ် ၊ သက်သာလာတဲ့အခါမှာ prednisolone  ဆေးကိုရက်အနည်းငယ်မျှ 

ဆက်လက်တိုက်ကျွေးပေးသင့်ပါတယ်။

0 မှတ်ချက်များ to “ဦးခေါင်းမော့ရောဂါ (FRANCISCELLA PHILOMIRAGIA INFECTION)”

Post a Comment