«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Jun 2018

ဝမ်းပျက်သွေးပါရောဂါ (Trichomoniasis)

,
ရောဂါဖြစ်စေတဲ့ပိုးကတော့ T. foetus  လို့ခေါ်တဲ့ ပရိုတိုဇွားပိုးဖြစ်ပါတယ် ၊ ဒီပိုးက တစ်နှစ်သားအောက် ကြောင်ငယ်လေးတွေမှာ ဖျားနာပြီး ၀မ်းပျက်စေတတ်တဲ့ ပိုးဖြစ်ပါတယ် ၊ ကြောင်ကြီး တွေမှာလည်း
ဖစ်တတ် ပေမယ့် ကြောင်ရဲ့အသက် ကြီးလေလေ ဒီရောဂါကိုခံနိုင်ရည် ရှိလာလေလေဖြစ်ပါတယ် ၊ သန့်ရှင်းရေးမကောင်း တဲ့အိမ်ကကြောင်တွေမှာ ဒီရောဂါအဖြစ်များတတ်ပါတယ်။

ကြောင်အငယ်လေးတွေမှာ ဒီရောဂါဖြစ်ရင် စအိုကနေ၀မ်းစတွေအမြဲတမ်းယိုစိမ့်ထွက် နေတာကို တွေ့ရမှာဖြစ်ပြီး တခါတရံမှာတော့ သွေးစိမ်းပါတဲ့ဝမ်းသွားတတ်ပါတယ် ၊စအိုနေရာတစ်ဝိုက်မှာ နီရဲပြီးယောင်နေတတ်ပါတယ် ၊ အဲဒီနေရာကိုထိရင်နာကျင်တတ်ပါတယ် ၊ တခါတရံ စအိုကျွံထွက် 
လာတာမျိုးလည်းတွေ့ရတတ်ပါတယ် ၊ ရောဂါဖြစ်တာကြာလာ ရင်တော့ ပိန်ချုံးချည့်နဲ့လာမှာဖြစ်ပါတယ်။

TRICHOMONIASIS  ရောဂါဟာ Giardia ရောဂါနဲ့မကြာခဏလွဲတတ်ပါတယ် ၊ ကြောင်တွေရဲ့ 
မစင်ကိုစစ်ဆေးတဲ့အခါမှာ Giardia ရောဂါလို့အဖြေထွက်လာပြီး တကယ်ကုသတဲ့အခါ မပျောက်ကင်းတာကတော့ မစင်ကိုစစ်ဆေးတဲ့အခါ T. foetus ရောဂါပိုးသားလောင်းလေးတွေကို တွေ့ရပေမယ့် သူတို့ဟာဟာ Giardia ရောဂါဖြစ်စေ တဲ့ Giardia duodenalis ပိုးနဲ့အတော်လေးတူနေတော့ လွဲမှားပြီးအဖြေထုတ်မိတတ်လို့ ဖြစ်ပါတယ်

ဒီရောဂါဟုတ်မဟုတ် တိတိကျကျအဖြေထုတ်နိုင်တဲ့ဓါတ်ခွဲစစ်ဆေးနည်းမရှိသေးပါဘူး
ရောဂါဖြစ်တဲ့ကြောင်ရဲ့အူထဲကပိုးကို လပ်လပ်ဆတ်ဆတ်ရယူပြီး အဏုကြည့်မှန်ပြောင်းအောက်မှာ ဒီရောဂါပိုးဟုတ်မဟုတ်ရှာဖွေကြည့်ရှုတဲ့နည်းနဲ့သာ ရောဂါကိုအတည်ပြုနိုင်မှာဖြစ်ပါတယ်

ဒီရောဂါကိုကုသမယ်ဆိုရင် Metronidazole စားဆေးကို ခန္တာကိုယ်အလေးချိန် (၁)ကီလိုလေးတိုင်း တစ်ခါတိုက်ရင် (၃၀) မီလီဂရမ်နှုန်းနဲ့ နေ့စဉ်(၂)ကြိမ် (၇)ရက် တိုက်ကျွေးပေးရပါတယ်  (သို့မဟုတ်) Ronidazole စားဆေးကို ခန္တာကိုယ်အလေးချိန်(၁)ကီလိုလေးတိုင်း နေ့စဉ်(၃၀) မီလီဂရမ်နှုန်းနဲ့
(၁၄)ရက် တိုက်ကျွေး ပေးနိုင်ပါတယ် ၊ ဒီရောဂါဖြစ်ရင်ဆေးပါတ်လည်အောင်ဆေးတိုက်ဖို့တော့လိုပါတယ်၊
ဆေးပါတ်မလည်ခင်ဆေးတိုက်တာကို ဖြတ်လိုက်ရင် ၀မ်းပြန်ပျက်လာတတ်ပါတယ်။

0 မှတ်ချက်များ to “၀မ်းပျက်သွေးပါရောဂါ (Trichomoniasis)”

Post a Comment