«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

23 Sept 2020

သက်ကြီးရွယ်အိုဖြစ်လာခြင်း(Geriatric Dog)

,

အသက် ၈-နှစ်အထက်ကိုရောက်လာတဲ့ခွေးတွေကို အသက်ကြီးပြီးလို့သတ်မှတ်နိုင်ပါတယ်၊ 

ခွေးကြီးမျိုးတွေမှာတော့ အသက် ၆-နှစ်အထက်ကိုရောက်ရင် အသက်ကြီးပြီးလို့သတ်မှတ်ကြ 

ပါတယ်။

 

ခွေးတွေရဲ့သက်တမ်းရှည်မှုဟာမျိုးရိုးဗီဇနဲ့လည်းဆိုင်ပါတယ်၊ ခွေးငယ်မျိုးတွေဟာခွေးကြီးမျိုး 

တွေထက် သက်တမ်းပိုရှည်လေ့ရှိပါတယ်၊ ဒါပေမယ့်လည်း စားသောက်ရတဲ့အစာအာဟာရ၊ 

ပြုစုစောင့်ရှောက်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအလိုက် သက်တမ်းပြောင်းလဲနိုင်ပါတယ် ၊ 

သာမန်အားဖြင့်အိမ်မွေးခွေးတွေဟာ လမ်းဘေးခွေးတွေထက်သက်တမ်းပိုရှည်ကြပါတယ်။

အသက်ကြီးတဲ့ခွေးတွေဟာ အစားအသောက်ပျက်လာစမြဲဖြစ်ပါတယ်၊အန်ခြင်းနဲ့တခါတလေ 

ဝမ်းချုပ်ခြင်းတွေလည်းဖြစ်တတ်ပြီး၊ မကြာခဏဝမ်းပျက်တတ်တာဟာ အသက်ကြီးလာခြင်း 

ကြောင့် အူလမ်းကြောင်းရဲ့စွမ်းဆောင်ရည်တွေလျှော့ကျခြင်းရဲ့လက္ခဏာတွေသာဖြစ်ပါတယ်။

 

အသက်ကြီးတာနဲ့အမျှ ကျောက်ကပ်တွေဟာပုံမှန်အလုပ်မလုပ်နိုင်ဖြစ်လာတတ်ပါတယ် ၊ 

ဆီးအိမ်ကလည်းဆီးကိုမထိမ်းနိုင်ဖြစ်လာတဲ့အတွက် ဆီးမကြာခဏသွားတတ်ပါတယ်၊

ဒါ့အပြင်ကြွက်သားတွေရဲ့တောင့်တင်းသန်မာမှုဟာလျှော့ကျလာလေ့ရှိပြီး ခန္တာကိုယ်မှာရှိတဲ့ 

အရိုးရှည်တွေဟာ ကျစ်လစ်သန်မာမှုမရှိတော့ပဲ ပွယောင်းလာကြပါတယ် ဒါကြောင့်မို့ 

အသက်ကြီးတဲ့ခွေးတွေဟာ ခွေးငယ်တွေလို အမြင့်ခုန်တာ တွေမလုပ်နိုင်တော့တဲ့အတွက် လှုပ်ရှားသွားလာမှုတွေနှေးကွေးလေးလံလာကြတာဖြစ်ပါတယ်၊ဒီလိုပြောင်းလဲလာတာဟာ

အသက်အရွယ်ကြောင့်သာဖြစ်ပါတယ်။

 

အသက်ကြီးလာတဲ့အခါ သူတို့ရဲ့အာရုံကြောစနစ်ဟာလည်းတဖြည်းဖြည်းနဲ့ယိုယွင်းလာ 

တဲ့အတွက် အနံ့ခံနိုင်မှု၊ အရသာခံနိုင်မှုနဲ့အမြင်အာရုံတွေလည်းလျှော့ကျလာစမြဲဖြစ်ပါတယ်။

ကိုယ်ခန္တာရဲ့ပြောင်းလဲလာခြင်းတွေနဲ့အတူ သူတို့ရဲ့အမူအကျင့်တွေဟာလည်း အထက်မှာ 

ရှင်းပြခဲ့တဲ့အတိုင်းတဖြည်းဖြည်းချင်းပြောင်းလဲလာတတ်ကြပါတယ်၊

 

ပတ်ဝန်းကျင်ရဲ့ပြောင်းလဲမှုကိုတုန့်ပြန်နိုင်စွမ်းလျှော့နည်းလာခြင်း၊မိမိကိုယ်ကိုပြန်ယက်တဲ့

သဘာဝနည်းပါးလာခြင်း၊ သူတို့ရဲ့စိတ်ထဲမှာပူပန်မှုတွေမြင့်တက်လာတဲ့အတွက်ကြောင့် 

ညအချိန်တွေမှာဂဏှာမငြိမ်ဖြစ်နေတတ်ခြင်း ၊ငယ်ရွယ်စဉ်ကလိုဆော့ကစားတာမျိုး

နည်းပါးလာခြင်း ၊ လေးလံထိုင်းမှိုင်လာခြင်း၊ ဝမ်းပျက်ခြင်း ၊ ဆီးခဏခဏသွားခြင်း၊ 

အစားအသောက်ပျက်လာခြင်းစတဲ့ပြောင်းလဲမှုတွေဟာ ဘာရောဂါကြောင့်မှမဟုတ်ပဲ 

အသက်ကြီးမှု Geriatrics ဖြစ်လာခြင်း ကြောင့်သာဖြစ်ကြောင်းသိရှိထားသင့်ပါတယ်။

အသက်အရွယ်ကြီးသောကြောင်များအကြောင်းသို့ Link

0 မှတ်ချက်များ to “သက်ကြီးရွယ်အိုဖြစ်လာခြင်း(Geriatric Dog)”

Post a Comment