ကြောင်တွေမှာနှလုံးသန်ကောင်စွဲကပ်တာကခွေးတွေမှာလောက်မများပဲ အလွန်တွေ့ရခဲပါတယ်၊
နောက်ပြီးတော့ ကိုယ်ခံအားမကောင်းတဲ့အခြေအနေမှာရှိနေတဲ့ သက်အရွယ်ငယ်လွန်းတဲ့ကြောင်
တွေနဲ့ အသက်ကြီးတဲ့ကြောင်တွေမှာသာ ဒီလိုရောဂါဖြစ်လာနိုင်ကြတာဖြစ်ပါတယ်၊
ခွေးတွေမှာဖြစ်ပွားတဲ့ Dirofilaria immitis ဆိုတဲ့သန်ကောင်အမျိုးအစားကပဲ ကြောင်တွေမှာ
ဖြစ်ပွားပေမယ့် ဒီသန်ကောင်တွေဟာကြောင်တွေရဲ့နှလုံးထဲအထိမရောက်နိုင်ပဲ အဆုပ်ကိုသာ
အဓိကဒုက္ခပေးတာဖြစ်ပါတယ်။
ကြောင်တွေမှာနှလုံးသန်ကောင်စွဲကပ်လာရတာကတော့ ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပါတယ်၊
Dirofilaria immitis သန်ကောင်လောင်းလေးတွေကိုသယ်ဆောင်လာတဲ့ခြင်တွေက ကြောင်ကို
ကိုက်တဲ့အခါ သွေးထဲကိုရောက်ရှိလာပါတယ်၊ အဲဒီသန်ကောင်လောင်းလေးတွေဟာ သွေးစီး
ကြောင်းထဲမှာပဲလိုက်ပါနေထိုင်ကြပါတယ် ၊ နှလုံးထဲမှာချက်ချင်းတွယ်ကပ်လို့မရသေးပါဘူး၊
ကြောင်တွေဟာဒီသန်ကောင်လေးတွေဟာအတွက် မူရင်းလက်ခံကောင်မဟုတ်တဲ့အပြင်၊
ကြောင်တွေရဲ့ခုခံအားစနစ်ကအပြင်းအထန်တိုက်ခိုက်တဲ့အတွက် သန်ကောင်လောင်းလေးတွေရဲ့
အများစုဟာသွေးထဲမှာရှိနေစဉ်မှာပဲ သေဆုံးကုန်ကြပါတယ်။
အသက်ရှင်ကျန်နေတဲ့သန်ကောင်လေးတွေဟာ ၄-၆ လလောက်အကြာမှာ အရွယ်အစားအားဖြင့်
အတန်အသင့်ကြီးထွားလာကြပြီဖြစ်တဲ့အတွက် နှလုံးအတွင်းနဲ့ ၊အဆုပ်ကိုသွားတဲ့သွေးကြောမကြီး
အပြင်အဆုပ်မှာရှိတဲ့သွေးကြောတွေထဲကိုသွားရောက်စွဲကပ်နေထိုင်ကြပါတယ်၊ မိမိကြောင်တွေမှာ
နှလုံးသန်ကောင်စွဲကပ်တာမျိုးမဖြစ်အောင် ခြင်နှိမ်နင်းရေးပြုလုပ်ပေးသင့်ပါတယ်။
ကြောင်တွေမှာနှလုံးသန်ကောင်စွဲကပ်တဲ့ရောဂါဟာ အလွန်ဖြစ်ခဲလှပါတယ်၊အလွန်ခြင်ပေါတဲ့နေရာ
ဒေသတွေမှာသာတခါတရံတွေ့ရတတ်ပြီးအကယ်၍ဒီသန်ကောင်စွဲကပ်လာရင်တော့အသက်ရှူကြပ်
ပြီးချောင်းဆိုးလာတတ်ပါတယ်။
ကြောင်ဟာအစားအသောက်ပျက်တဲ့အတွက်တဖြည်းဖြည်းနဲ့ပိန်လာတတ်ပါတယ်၊ဒီရောဂါကြောင့်
ကြောင်ဟာတခါတလေအန်တတ်ပြီး မေ့မြောကာသေဆုံးတတ်ပါတယ်။
ဒီသန်ကောင်စွဲကပ်နေခြင်းရှိမရှိသိနိုင်ဖို့အတွက် သွေးစစ်တာတို့ ဓာတ်မှန်ရိုက်ကြည့်တာတို့ပြုလုပ်
ရပါတယ်၊
ဆေးကုသပုံကတော့ခွေးတွေကိုကုသတာနဲ့အတူတူပဲဖြစ်တဲ့အတွက် လင့်မှာဆက်လက်လေ့လာ
နိုင်ပါတယ် Link