«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

24 Aug 2017

ဆီးသွားသွေးပါရေဖျဉ်းစွဲရောဂါ (Babesiosis)

,
ဒီရောဂါကတော့ Babesia canis  နဲ့ B. gibsoni,ဆိုတဲ့ပရိုတိုဇွားပိုးတွေကြောင့်ဖြစ်ပွားခြင်းဖြစ်ပါတယ် ဒီရောဂါပိုးတွေဟာ သွေးနီဥတွေကိုထိခိုက်ဖျက်ဆီးတဲ့အတွက် အသက်အန္တရာယ် ထိခိုက်စေလောက်အောင်သွေးအားနည်းစေပါတယ် ၊ ဒီရောဂါပိုးတွေဟာ မွှားကိုက်ရာကတစ်ဆင့်         ခန္တာကိုယ်ထဲကို ၀င်ရောက်ကူးစက်တာဖြစ်ပါတယ် ၊ ရောဂါရှိတဲ့သွေးကိုသွင်းမိရင်လည်းရောဂါကူးစက်ခံရတတ်ပါတယ် ၊ ဒီရောဂါပိုးတွေဟာ ခန္တာကိုယ်ထဲကို ရောက်လာပြီဆိုတာနဲ့ သွေးနီဥတွေထဲကိုဝင်ရောက်ပြီး ဆတိုးနည်းနဲ့ပွားများကြပါတယ် ၊ သူတို့ပြန်ထွက်လာတဲ့အခါသွေးနီဥတွေဟာပေါက်ကွဲပျက်စီးသွားရပါတယ် ၊ ရောဂါပြင်းထန်စေတဲ့ပိုးမျိုးကွဲဆိုရင် အဲဒီလို သွေးနီဥတွေပေါက်ကွဲပျက်စီးမှုဟာ အလွန်များပြားတဲ့အတွက် သွေးအားအလွန်အမင်းနည်းလာပြီး အသက်ရှုမ၀ဖြစ်တတ်ပါတယ် ၊ ဆီးသွားတဲ့အခါအ၀ါရင့်ရောင်ကနေ နီညိုရောင်အထိသွားတတ်ပါတယ် ၊ ပြင်းထန်မှုမရှိတဲ့ ပိုးမျိုးကွဲဆိုရင်တော့ ပိုးမျိုးကွဲဆိုရင်နာတာရှည်ပုံစံ ဖြစ်တတ်ပါတယ် ၊ နာတာရှည်ရောဂါရနေတဲ့ခွေးတွေဟာ တဖြည်းဖြည်းနဲ့ပိန်လာတတ်ပါတယ် ၊ ၀မ်းဗိုက်မှာရေဖျင်းစွဲလာတတ်ပါတယ် ၊ မကြာခဏ၀မ်းပျက်တတ်ပြီး    ခန္တာကိုယ်ရဲ့အချို့နေရာတွေမှာ ဖောယောင်တာတွေလည်းဖြစ်တတ်ပါတယ် ၊ ဒီရောဂါပြင်းထန်တဲ့ခွေးကိုကုသတဲ့အခါ ဖြစ်နိုင်ရင် သွေးသွင်းပေးသင့်ပါတယ် ၊ သွေးအတွင်းမှာအချဉ်ပေါက်နေတတ်တဲ့အတွက် ပုံမှန်အနေအထား ပြန်ရောက်စေဖို့စားဆိုဒါကိုတိုက်ကျွေးပေးသင့်ပါတယ် ၊ အငန်ရည်ပုလင်းကြီးကို အကြောကနေ သွင်းပေးနိုင်ရင်ပိုကောင်းပါတယ် ၊ ဒီရောဂါကို diminazene aceturate, phenamidine, pentamidine isethionate, parvaquone, atovaquone နဲ့ niridazole စတဲ့ဆေးတွေနဲ့ကုသပေးနိုင်ပါတယ် ၊ Babesia canis ကြောင့်ဖြစ်ပွားတာဆိုရင် Imidocarb diproprionate ဆေးကို (5 to 6.6 mg/kg) နှုန်းနဲ့ အသားဆေးထိုးပေးတဲ့အခါ ထိရောက်မှုရှိတာတွေ့ရပါတယ် ၊ အဲဒီဆေးကို(၁၄)ရက်မြောက်နေ့မှာ နောက်ထပ်တစ်ကြိမ်ထပ်မံထိုးပေးဖို့လိုအပ်ပါတယ် ၊ Babesia gibsoni  ကြောင့်ဖြစ်ပွားတာဆိုရင်တော့ Azithromycin  စားဆေးကို (10 mg/kg) နှုန်းနဲ့ (၁၀)ရက်တိုက်ကြွေးရပါမယ် ၊ clindamycin hydrochloride  စားဆေးကို (12.5 m g / k g) နှုန်းနဲ့ ညမနက်(၁၀)ရက်တိုက်ကြွေးလို့လည်းရပါတယ် ၊

0 မှတ်ချက်များ to “ဆီးသွားသွေးပါရေဖျဉ်းစွဲရောဂါ (Babesiosis)”

Post a Comment