ဒီရောဂါက Toxoplasma gondii လို့ခေါ်တဲ့
ပရိုတိုဇွားရောဂါပိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါတယ် … ကြောင်တွေမှာအဓိကဖြစ်ပွားတဲ့ရောဂါဖြစ်ပေမယ့်သွေးနွေးသတ္တ၀ါတိုင်းမှာလည်းဖြစ်ပွားနိုင်ပါတယ်
… လူနဲ့ခွေးတွေမှာလည်းဖြစ်ပွားပါတယ် … အမဲသားတို့ဝက်သားတို့ကို
ကျက်အောင်မချက်ပဲစားမိရင် ကူးစက်ခံရနိုင်ပါတယ် …. Oocysts
လို့ခေါ်တဲ့
ရောဂါပိုးမျိုးစေ့တွေဟာ
ကြောင်ရဲ့မစင်ထဲမှာပါလာ ပါတယ် ... အပြင်ရောက်လာတဲ့အခါ … ဒီရောဂါပိုးဟာ
အချိန်အကြာကြီးအသက်ရှင်နေထိုင်ဖို့အတွက် စဖိုးအသွင်ကို
ပြောင်းလိုက်ပါတယ်.…ပူနွေးပြီးစိုစွတ်တဲ့ရာသီဥတုရှိနေရင်စပိုးလို့ခေါ်တဲ့အကာအကွယ်
ယူထားတဲ့အသွင်ကိုအလွယ်တကူပြောင်းလိုက်နိုင်ပါတယ်…ခွေးတွေရဲ့မစင်မှာတော့ဒီရောဂါပိုးပါဝင်တာ
မတွေ့ရ
ပါဘူး …
ရောဂါလက္ခဏာများ
ဒီရောဂါရရှိထားတဲ့
ခွေးတော်တော်များများဟာ ရောဂါလက္ခဏာ ပြသခြင်းမရှိတာတွေ့ရ ပါတယ် …
ရောဂါလက္ခဏာပြတဲ့ခွေးတွေမှာတော့ အစားအသောက်ပျက်တာ … နုန်းခွေနေတာ …
ချောင်းဆိုးတာနဲ့ .. အသက်ရှုမြန်လွန်းတဲ့လက္ခဏာတွေကို တွေ့ရမှာဖြစ်ပါတယ် …
ပိန်သွားခြင်း ၀မ်းပျက်ခြင်း …
အကြိတ်တွေကြီးလာခြင်းနဲ့ဝမ်းဗိုက်မှာရေဖျင်းစွဲလာခြင်းတွေလည်းတွေ့ရပါတယ်
ခွေးပေါက်စကလေးတွေမှာတော့
… အဆုပ်ယောင်ခြင်း…အသည်းယောင်ခြင်းနဲ့ ဦးနှောက်
အမှေးပါးယောင်ယမ်းတဲ့လက္ခဏာတွေကိုတွေ့ရမှာဖြစ်ပါတယ်…ကိုယ်ဝန်ဆောင်ထားတဲ့ခွေးမတွေ
မှာ ဒီရောဂါစွဲကပ်ရင် ..ကလေးပျက်ကျတာ ကလေးအသေလေး တွေမွေးလာတာတို့ ပိန်လှီတဲ့
သားငယ်လေးတွေ မွေးလာတာတို့ကိုတွေ့နိုင်ပါတယ် ..
ရောဂါရှာဖွေခြင်း
ရောဂါဖြစ်ကြောင်းသံသယရှိရင်
သွေးရည်ကြည်ကိုရယူပြီးတော့ ELISA နည်းနဲ့စစ်ဆေးကြည့်ရပါမယ်
… တကယ်လို့ရောဂါရှိနေရင် …
IgM ပမာဏမြင့်တက်နေတာကိုတွေ့ရမှာဖြစ်ပါတယ် ..
ကုသခြင်း
Clindamycin ထိုးဆေးကို
တိုးနှံပေးခြင်းအားဖြင့် ထိထိရောက်ကုသပေးနိုင်ပါတယ်
ကြိုတင်ကာကွယ်ခြင်း
ရောဂါပိုးမပါဝင်တဲ့ အသားကိုသာကျွေးမွေးသင့်ပါတယ် .. အိမ်မှာ အမဲသား ၊
ဝက်သားချက်တဲ့အခါ ကျက်အောင်ချက်ဖို့လိုပါတယ် … ၆၅.၅ ဒီဂရီစင်တီဂရိတ် (၁၅၀ ဒီဂရီ
ဖာရင်ဟိုက်)ရှိတဲ့ အပူချိန်မှာ နာရီဝက်လောက်ချက်လိုက်ရင်ရောဂါပိုးတွေ သေကုန်မှာဖြစ်တဲ့အတွက်…ရောဂါမကူးစက်နိုင်တော့
ပါဘူး…အသားစိမ်းတွေကိုကိုင်ပြီးရင်လက်ကိုဆပ်ပြာနဲ့ရေပေါပေါသုံးပြီးသေသေခြာခြာဆေးကြော
ပစ်ရပါမယ်…အသားနဲ့ထိတွေ့ထားတဲ့နေရာတွေကိုလည်းသေသေချာချာသန့်ရှင်းရေးပြုလုပ်ရမှာ ဖြစ်ပါတယ်
…