«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

12 Jun 2017

လျူကီးမီးယားရောဂါ(Feline leukemia)

,
Unicode
 
ဒီရောဂါက ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားတာဖြစ်ပြီး ကူးစက်မြန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် ၊
 
ဒီရောဂါဖြစ်နေတဲ့ကြောင်တွေရဲ့ကျင်ငယ်ရည်၊တံတွေးနှာရည်တွေနဲ့ထိမိရာကနေတစ်ကောင်ကနေ 
 
အခြားတစ်ကောင်ကို ကူးစက်တတ်ပါတယ်၊ရောဂါဖြစ်နေတဲ့ကြောင်ရဲ့အကိုက်ခံရတာတို့ကုတ်ခြစ် 
 
မိတာတို့ကြောင့်လည်း ကူးစက်တတ်ပါသေးတယ်
 
ရောဂါဖြစ်နေတဲ့ကြောင်နဲ့အတူထားရင်အစာခွက်တစ်ခုတည်းနဲ့ကျွေးရင်လည်းကူးစက်ခံရနိုင်ပါတယ်
 
မိခင်ကြောင်မကြီးမှာဒီရောဂါဖြစ်ရင် ကြောင်ငယ်လေးတွေကိုအလွယ်တကူ ကူးစက်စေပါတယ်
 
တစ်ချို့ကြောင်တွေမှာ ဒီရောဂါပိုးကူးစက်ခံရပြီဆိုတာနဲ့ချက်ချင်းဖျားလာတတ်ပေမယ့်၊ ရောဂါဖြစ်
 
တဲ့ကြောင်တွေရဲ့(၃၀%)ကတော့ဘာလက္ခဏာမှမပြပဲလည်းရှိနေတတ်ပါတယ်၊ နောက်(၃၀%)က
 
တော့ရောဂါလက္ခဏာတွေအသင့်အတင့်ပြပြီးတဖြည်းဖြည်းနဲ့ ပြန်လည်သက်သာပျောက်ကင်းလာ
 
တတ်ကြပါတယ်
 
 
 
 
 
နောက်(၃၀%)ကတော့ရောဂါလက္ခဏာတွေထင်ထင်ရှားရှားပြသလာတတ်ပါတယ်၊ ဒီရောဂါဖြစ်
 
နေတဲ့ကြောင်တစ်ကောင်မှာပြသတဲ့ရောဂါလက္ခဏာတွေကအမျိုးမျိုးဖြစ်နေတတ်ပါတယ် ၊
 
ရောဂါပိုးစတင်ဝင်ရောက်ချိန်ကစပြီး ရက်သတ္တ(၂)ပါတ်ကနေ(၄)လလောက်အထိ တငွေ့ငွေ့ဖျား
 
နေတတ်တဲ့အတွက် အစားအသောက်ပျက်ပြီးပိန်လာတတ်ပါတယ်၊ အဲဒီကြောင်တွေဟာ ဝမ်းချုပ် 
 
လိုက်ဝမ်းပျက်လိုက်ဖြစ်နေတတ်ပြီး မကြာခဏလည်းအန်တတ်ပါတယ်၊ လည်ပင်းရှေ့ပိုင်းက
 
အကြိတ်တွေယောင်ခြင်း၊သွေးအားနည်းခြင်း၊အရေပြားမှာအနာတွေပေါက်တာ၊မျက်စေ့နာတာ ၊ 
 
အသက်ရှုကြပ်တာ ၊ သွေးအားနည်းတာ ၊ ဆီးချုပ်တာ ၊ ကလေးမရနိုင်တာကအစကင်ဆာအကြိတ် 
 
တွေဖြစ်လာတာအထိရောဂါလက္ခဏာမျိုးစုံတွေ့ရတတ်ပါတယ်၊ ကြောင်တွေမှာရောဂါပြင်းထန်ပြီး 
 
နာတာရှည်ဖြစ်နေရင် Feline leukemia ရောဂါဖြစ်နိုင်ကြောင်းထည့်သွင်းစဉ်းစားကြရပါတယ်

 
လက်တွေ့မှာတော့ ဒီရောဂါဖြစ်ပွားတဲ့ကြောင်တွေရဲ့ (၅၀%)ကသေဆုံးသွားတတ်ကြပါတယ်၊
 
မသေပဲကျန်နေတဲ့ကြောင်တွေကလည်း ရောဂါပိုးသယ်ဆောင်ထားတဲ့အခြေအနေမှာရှိပြီး အခြား 
 
ကြောင်တွေကို (၃)နှစ်လောက် ရောဂါပိုးကိုဖြန့်ပေးနေနိုင်တဲ့အတွက် ရောဂါဆက်လက်ပြန့်နှံ့စေ 
 
နိုင်တဲ့အန္တရာယ်ရှိနေဆဲဖြစ်ပါတယ်၊ အဲဒီလိုကြောင်တွေဟာလည်း ဗိုင်းရပ်ပိုးကသူတို့ရဲ့ ခုခံအား 
 
စနစ်ကိုတဖြည်းဖြည်းချင်းဖျက်ဆီးပစ်တဲ့အတွက် Feline infectious peritonitis, Feline 
 
infectious anemia, Feline viral respiratory disease complex, Toxoplasmosis, Chronic 
 
cystitis, Periodontal disease စတဲ့ နောက်ဆက်တွဲရောဂါအမျိုးမျိုးဆက်လက်ဖြစ်ပေါ်လာတတ် 
 
ပါတယ်၊ ဒီလိုအသက်မသေပဲ ရောဂါပိုးသယ်ဆောင်ထားတဲ့ကြောင်တွေရဲ့ (၃၀%)ဟာ နှစ်အနည်း
 
ငယ်ကြာလာတဲ့အခါ  သူတို့ရဲ့ဝမ်းဗိုက်ထဲမှာ Lymphosarcoma လို့ခေါ်တဲ့ ကင်ဆာအလုံးအကြိတ်
 
တွေပေါ်လာတတ်တဲ့အပြင် လည်ပင်းတို့ ဒူးကောက်ကွေးနေရာတို့ ဆီးခုံပတ်လည်ကနေရာတို့နဲ့ 
 
ရင်အုံပိုင်းကနေရာတွေမှာရှိတဲ့အကြိတ်တွေ ကြီးမားလာတာကိုလည်းတွေ့ရတတ်ပါတယ်၊
 
ဒီရောဂါဖြစ်ပွားစေတဲ့ဗိုင်းရပ်ကို သုပ်သင်နိုင်တဲ့ဆေးရယ်လို့မပေါ်သေးပေမယ့် သက်သာအောင်
 
ကုသပေးနိုင်တဲ့ဆေးတွေတော့ရှိပါတယ် ၊ အင်တာဖရွန်ဆိုတဲ့ဟိုမုန်းပါဝင်တဲ့ထိုးဆေး (Navet 
 
Interferon) ဟာ ရောဂါကိုအမြန်သက်သာစေနိုင်ပါတယ်

ဒီရောဂါဖြစ်နေတဲ့ကြောင်တွေဟာသွေးအားနည်းနေတတ်တဲ့အတွက် မျက်တွင်းသားတွေဟာ
 
ဖြူဖတ်ဖြူရော်ဖြစ်နေတတ်ပြီးကလေးမရနိုင်တာမျိုးလည်းတွေ့ရတတ်ပါတယ်၊ဒီရောဂါဖြစ်လာရင် 
 
ကုသဖို့သိပ်မလွယ်ပေမယ့် ဒီရောဂါကိုအလွယ်တကူကာကွယ်လို့တော့ရပါတယ်၊ ဖြစ်နိုင်သမျှမိမိရဲ့ 
 
ကြောင်ကိုအိမ်ထဲမှာသာနေစေပြီးအခြားကြောင်တွေနဲ့မထိတွေ့အောင်ထားနိုင်ရင်ရောဂါကူးစက်ခံ 
 
ရဖို့အခြေအနေအတော်နည်းသွားမှာဖြစ်ပါတယ်၊ အဲဒီလိုထားနိုင်ဖို့အခက်အခဲရှိရင်တော့ ဒီရောဂါ 
 
မဖြစ်အောင် Feline leukemia vaccine ကာကွယ်ဆေးကိုထိုးနှံပေးထားနိုင်ပါတယ်။

Zawgyi
 
ဒီရောဂါက ဗိုင်းရပ်ရောဂါပိုးကြောင့်ဖြစ်ပွားတာဖြစ်ပြီး ကူးစက်မြန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်

ဒီရောဂါဖြစ်နေတဲ့ ကြောင်တွေရဲ့ကျင်ငယ်ရည်၊တံတွေးနဲ့နှာရည်တွေကနေ တစ်ကောင်ကနေ အခြားတစ်ကောင်ကို 
ကူးစက်တတ်ပါတယ်


တစ်ချို့ကြောင်တွေမှာ ဒီရောဂါပိုးကူးစက်ခံရပြီဆိုတာနဲ့ ချက်ချင်းဖျားလာတတ်ပေမယ့် အသက်ကြီးတဲ့
တစ်ချို့ကြောင်တွေကျပြန်တော့ ရောဂါပိုးကူးစက်ခံနေရပေမယ့်လည်းရက်သတ္တပတ်(၄)ပါတ်လောက်အထိ 
ဘာမှမဖြစ်ပဲ အကောင်းပကတိလိုရှိနေတတ်ပါတယ်
 
ဖျားတာ ၊ ၀မ်းပျက်တာ ၊ အရေပြားမှာ အနာတွေပေါက်တာ ၊ မျက်စေ့နာတာ ၊ အသက်ရှုကြပ်တာ ၊

ကြောင်တွေမှာ ရောဂါပြင်းထန်ပြီးနာတာရှည်ဖြစ်နေရင် Feline leukemia ရောဂါဖြစ်ဖို့အလားအလာ
အတော်များတယ်လို့ပြောနိုင်ပါတယ်


ဒီရောဂါဖြစ်နေတဲ့ကြောင်တွေဟာသွေးအားနည်းနေတတ်တဲ့အတွက် မျက်တွင်းသားတွေဟာဖြူဖတ်ဖြူရော်ဖြစ်နေတတ်ပြီး ကလေးမရနိုင်တာမျိုးကိုတွေ့ရတာများပါတယ်
ဖြစ်နိုင်ရင်မိမိရဲ့ကြောင်ကို အိမ်ထဲမှာသာနေစေပြီး အခြားကြောင်တွေနဲ့မထိတွေ့အောင်ထားနိုင်ရင် ရောဂါကူးစက်ခံရဖို့အခြေအနေ

0 မှတ်ချက်များ to “ လျူကီးမီးယားရောဂါ(Feline leukemia)”

Post a Comment