«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

30 Aug 2012

ပြင်းထန်သောအူယောင်ရောဂါ(Colibaccilosis)

,
ဒီရောဂါကတော့ခွေးငယ်လေးတွေနဲ့ ကြောင်ငယ်လေးတွေမှာဖြစ်ပွားတတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါ 
 
တယ်…  E.Coli လို့ခေါ်တဲ့ဘက်တီးရီးယားရောဂါပိုးတွေဟာ ပတ်ဝန်းကျင်ကကြမ်းပြင်တွေအပြင် 
 
မြေကြီးထဲနဲ့ ရေထဲမှာသဘာဝအတိုင်းရှိနေတတ်ပါတယ် ၊ မသန့်ရှင်းတဲ့အစာနဲ့ ရေကိုသောက်သုံး
 
ရတဲ့ခွေးကြောင်လေးတွေမှာ ဒီရောဂါဖြစ်ပွားလာတတ်ပါတယ်။

အူယောင်ရောဂါဆိုပေမဲ့ စနစ်တကျ ကုသခြင်းမပြုရင် ရက်ကြာလာတာနဲ့အမျှ ရောဂါပိုးတွေဟာ
 
မျိုးပွားလမ်းကြောင်း ဆီးလမ်းကြောင်းနဲ့ နှလုံးထဲအထိပြန့်နှံရောက်ရှိသွားပြီး အသေအပျောက်
 
များတတ်ပါတယ် … ထင်ရှားတဲ့လက္ခဏာကတော့ အစပိုင်းမှာဝမ်းပျက်လာမယ် ၊ နောက်တော့ 
 
ဝမ်းသွားရတာခက်ခဲလာတတ်ပါတယ်… ။
 
 
ဒီရောဂါပိုးကြောင့်အဖျားပြင်းထန်လေ့ရှိပြီးသိသိသာသာမှိုင်နေတတ်ပါတယ်...စနစ်တကျကုသမှု  
 
မလုပ်ရင်တော့ဆုံးသေတတ်ပါတယ်။

ဒီလိုဖြစ်လာရင် Trimethoprim+Sulfa ဆေးနှင့် Amoxicillin ဆေး(သို့) Chloramphenichol

ဆေးတို့ကိုရွေးချယ်တိုက်ကျွေးပေးသင့်ပါတယ် … အလွန်အခြေအနေဆိုးပြီး သတိလစ်နေတဲ့ 
 
ခွေးကြောင်လေးတွေဆိုရင် Lateted Ringer’s Solution ပုလင်းကြီးကို အကြောကတဆင့် 
 
သွင်းပေးခြင်းဖြင့် အသက်ကယ်ပေးနိုင်ပါတယ် ။
 
 
Zawgyi
 

ေခြးငယ္ေလးေတြနဲ႔ေႀကာင္ငယ္ေလးေတြမွာျဖစ္ပြားတတ္တဲ့ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္… 

 

အူေယာင္ေရာဂါဆိုေပမဲ့ စနစ္တက် ကုသျခင္းမျပဳရင္ ရက္ႀကာလာတာနဲ႔အမွ် 

 
 

ေရာဂါပိုးေတြဟာမ်ိဳးပြားလမ္းေႀကာင္း ဆီးလမ္းေႀကာင္းနဲ႔ ႏွလံုးထဲအထိျပန္႔ႏွံေရာက္ရွိသြားျပီး 


အေသအေပ်ာက္မ်ားတတ္ပါတယ္ … ထင္ရွားတဲ့လကၡဏာကေတာ့ အစပိုင္းမွာ၀မ္းပ်က္လာမယ္ … 


ေနာက္ေတာ့ ၀မ္းသြားရတာခက္ခဲလာပါမယ္ …  အဖ်ားျပင္းထန္ေလ့ရွိျပီး 


သိသိသာသာမိႈင္ေနတတ္ပါတယ္ ... စနစ္တက်ကုသမႈမလုပ္ရင္ေတာ့ေသတတ္ပါတယ္၊

 

ဒီလိုျဖစ္လာရင္ Trimethoprim+Sulfa ေဆးႏွင့္ Amoxicillin ေဆး(သို႔) Chloramphenichol 


ေဆးတို႔ကိုေရြးခ်ယ္တိုက္ေကၽြးေပးသင့္ပါတယ္ … Lateted Ringer’s Solution ပုလင္းႀကီးကို 


အေႀကာကတဆင့္ သြင္းေပးျခင္းျဖင့္ အသက္ကယ္ေပးႏိုင္ပါတယ္ ….

0 မှတ်ချက်များ to “ပြင်းထန်သောအူယောင်ရောဂါ(Colibaccilosis)”

Post a Comment