«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Aug 2013

ခွေးဝမ်းပျက်ဝမ်းလျှောရောဂါ(Salmonellosis)

,
Unicode
 
ခွေးဝမ်းပျက်ဝမ်းလျှောရောဂါ(Salmonellosis)ဆိုတာခွေးတွေမှာအဖြစ်အများဆုံးဝမ်းပျက်တဲ့ရောဂါ 
 
တစ်မျိုးဖြစ်ပါတယ် ..ဒီရောဂါကိုဖြစ်ပွားစေတဲ့ဆာ(လ)မိုနယ်လားဘက်တီးရီးယားတွေမှာ မျိုးကွဲ
 
အမျိုးမျိုးရှိပါတယ်…ဒီဘက်တီးရီးယားပိုးတွေဟာ တိရစ္ဆာန်တွေရဲ့အညစ်အကြေးနဲ့ မြေကြီးထဲမှာ 
 
လပေါင်းအတော်ကြာကြာ အသက်ရှင်နေနိုင်ပါတယ်။
 
 
ဒီပိုးတွေပါးစပ်ကနေဝင်ရောက်လို့ ကူးစက်ခံရတာဖြစ်ပါတယ်၊ရောဂါပိုးပါအစာနဲ့ရေကိုသောက်မိ
 
ရင် ရောဂါကူးစက်ခံရမှာဖြစ်ပါတယ် .. အစားအသောက် မသန့်ရှင်းတာကြောင့် ဖြစ်တာကများ ပါ
 
တယ် ၊ခွေးဝမ်းပျက်ဝမ်းလျှောရောဂါ(Salmonellosis)ဟာ ခွေးတွေမှာအသက်အရွယ်မရွေးဖြစ်ပွား 
 
နိုင်ပါတယ်..ခွေးပေါက်စနဲ့ခွေးငယ်တွေမှာပိုပြီး အဖြစ်များလေ့ရှိပါတယ် …အာဟာရချို့တဲ့ခြင်း… 
 
ပြင်ပကပ်ပါးများစွဲကပ်ခံရခြင်း..ပတ်ဝန်းကျင်မသန့်ရှင်းခြင်းနဲ့အခြားဗိုင်းရပ်ရောဂါ   ကူးစက်ခံရ
 
ခြင်းဟာ ဒီရောဂါဖြစ်ပွားစေဖို့ အခြေခံအကြောင်းတွေပါပဲ။      
 
 
ဒီရောဂါဖြစ်လာရင်တွေ့ရတတ်တဲ့အဓိကလက္ခဏာတွေကတော့ ၊ အန်ခြင်း ၊ ဝမ်းအရည်ကျဲတွေ
 
ပန်းခြင်းနဲ့ အဖျားကြီးခြင်း တို့ပဲဖြစ်ပါတယ် ၊ ဒီလိုဖြစ်တာကြာလာရင်ခန္တာကိုယ်မှာအရည်ဓါတ် 
 
ခန်းခြောက်ခြင်း ဖြစ်လာပါတယ် … ရောဂါပိုးတွေဟာသွေးထဲကိုပြန့်နှံ့ရောက်ရှိလာမယ်ဆိုရင် .. 
 
ကိုယ်တွင်းအင်္ဂါတွေဆီကိုရောက်သွားနိုင်ပြီး၊ အဆုပ်၊ အသည်း ၊ ကျောက်ကပ်နဲ့ သားအိမ်တွေမှာ
 
ပြည်တည်နာတွေဖြစ်စေပါတယ် …အဲဒီလို (၁၀)ရက်လောက် အပြင်းအထန်ဖျားပြီးရင်.... 
 
(၁)လ ကျော်ကျော်လောက် နာတာရှည်ဝမ်းပျက်တာမျိုးဖြစ်နေတတ်ပါတယ် .....  ဒီအဆင့်မှာ 
 
ခွေးရဲ့မစင်ထဲမှာရောဂါပိုးတွေအများကြီးပါနေတတ်တာမို့ အခြားခွေးတွေကိုဆက်လက်ကူးစက် 
 
စေနိုင်ပါတယ်။
 
ဒီရောဂါမှန်းခွဲခြားသိနိုင်ဖို့အတွက်၊ ဝမ်းပျက်နေတဲ့ခွေးရဲ့မစင်ထဲမှာပါလာတဲ့. . . ရောဂါပိုးတွေကို
 
ဓါတ်ခွဲခန်းမှာပွားယူပြီး စစ်ဆေးကြည့်ရပါတယ် ….....ရောဂါပြင်းထန်တဲ့အဆင့်ဖြစ်နေရင်တော့.
 
သွေးနဲ့..ရောဂါရနေတဲ့ အသားစကိုလည်းစစ်ဆေးကြည့်လို့ရပါတယ်၊ ဒီရောဂါကိုကုသတဲ့အခါ
 
ရောဂါသိပ်မပြင်းထန်ရင်တော့၊ ဓါတ်ဆားရည်ပုလင်းကြီးကို...အကြောကနေသွင်းပေးရုံနဲ့ပြန်လည် 
 
သက်သာလာနိုင်ပါတယ်၊ဆာလမိုနဲလားရောဂါပိုးတွေဟာ ပဋိဇီဝဆေးအတော်များများကိုခံနိုင်ရည်
 
ရှိနေတတ်ပါတယ်၊ ပိုးယဉ်နေတဲ့ ဆာလမိုနဲလားပိုးတွေကိုပဋိဇီဝဆေးတွေသုံးမိရင်  ရောဂါမသက် 
 
သာတဲ့အပြင်၊ ပိုးတွေပိုမိုပွားများလာပြီး၊ မစင်ထဲကနေပိုမိုစွန့်ထုတ်လာတတ်တဲ့အတွက် အန္တရာယ် 
 
ပိုများပါတယ် …
 
ဒါကြောင့်မို့ရောဂါအလွန်ပြင်းထန်တဲ့ခွေးတွေကိုသာပဋိဇီဝဆေးတွေအသုံးပြုပြီးကုသပေးသင့်ပါ
 
တယ် အူလမ်းကြောင်းမှာအာနိသင်ပြတဲ့ ဆာလဖာ တွေနဲ့ Quinolone ပဋိဇီဝဆေးတွေကိုအသုံး
 
ပြုပြီးကုသလေ့ရှိပါတယ်။

ဒီရောဂါဟာ…..လူကိုကူးစက်နိုင်တဲ့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကိုအထူးဂရုစိုက်ရပါမယ်…
 
ရောဂါဖြစ်နေတဲ့ခွေးကို....ကိုင်တွယ်ပြုစုတဲ့အခါမှာလက်အိတ်ကိုအသုံးပြုသင့်ပါတယ်… ပြီးတာနဲ့ 
 
လက်ကိုဆပ်ပြာနဲ့ သေသေခြာခြာဆေးကြောသင့်ပါတယ် …..
 
ကြောင်တွေမှာဖြစ်ပွားတဲ့ Salmonellosis အကြောင်းကိုလေ့လာရန် လင့်ကိုနှိပ်ပါ ===>> LINK

 
Zawgyi
  
((( ဆာ(လ)မိုနယ္လိုးစစ္ဆိုတာ )))
ခွေးတွေမှာ ၀မ်းပျက်ဝမ်းလျှောစေတဲ့ အဖြစ်အများဆုံးရောဂါတစ်မျိုးဖြစ်ပါတယ် ..
((( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))
ဆာ(လ)မိုနယ်လားရောဂါပိုးမှာမျိုးကွဲအမျိုးမျိုးရှိပါတယ်…ဒီရောဂါပိုးဟာတိရစ္ဆာန်ရဲ့အညစ်အကြေးနဲ့   မြေကြီးအတွင်းမှာ လပေါင်း အတော်ကြာကြာ အသက်ရှင်နေနိုင်ပါတယ် 
((( ကူးစက်ပုံ )))
ပါးစပ်ကနေေ ရောဂါပိုးဝင်ရောက်လို့ ကူးစက်စေတာဖြစ်ပါတယ် …ရောဂါပိုးပါရှိတဲ့ အစာ ၊ ရေ  ကိုသောက်မိရင် ရောဂါကူးစက်ခံရမှာ ဖြစ်ပါတယ် .. အစား အသောက် မသန့်ရှင်းတာကြောင့် ဖြစ်တာ များပါတယ် …
((( အဖြစ်များတဲ့အသက်အရွယ် )))
အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်..ခွေးပေါက်စနဲ့ခွေးငယ်တွေမှာပိုပြီး အဖြစ်များပါတယ် …အာဟာရချို့တဲ့ခြင်း… ပြင်ပကပ်ပါးများစွဲကပ်ခံရခြင်း..ပတ်ဝန်းကျင်မသန့်ရှင်းခြင်းနဲ့အခြားဗိုင်းရပ်ရောဂါ   တွေကူးစက်ခံရခြင်းဟာ ဒီရောဂါဖြစ်ပွားစေဖို့ အခြေခံအကြောင်းတွေပါပဲ …       
((( ရောဂါလက္ခဏာများ )))
အဓိကလက္ခဏာတွေကတော့ … အန်ခြင်း … ၀မ်းအရည်ကျဲများပန်းခြင်းနဲ့ … အဖျားကြီးခြင်း တို့ပဲ ဖြစ်ပါတယ် … ဒီလိုဖြစ်တာကြာလာရင် ခန္တာကိုယ်အရည်ဓါတ်ခန်းခြောက်ခြင်း ဖြစ်လာပါတယ် … ရောဂါပိုးဟာသွေးအတွင်းကိုပြန့်နှံ့ရောက်ရှိလာမယ်ဆိုရင် .. ကိုယ်တွင်းအင်္ဂါတွေဆီကိုရောက်သွား ပြီး …အဆုပ် ၊ အသည်း ၊ ကျောက်ကပ် နဲ့ သားအိမ်တွေမှာ.......... ပြည်တည်နာတွေဖြစ်စေပါတယ် …
(၁၀)ရက်လောက် အပြင်းအထန်ဖျားပြီးရင်.... (၁)လ ကျော်ကျော်လောက် နာတာရှည်ဝမ်းပျက် တာဖြစ်နေတတ်ပါတယ် ...........… ဒီအဆင့်မှာ ခွေရဲ့မစင်ထဲမှာ ရောဂါပိုးတွေ အများကြီးပါလာတာမို့ အခြား ခွေးတွေကို ဆက်လက်ကူးစက်စေနိုင်ပါတယ် …
((( ရောဂါရှာဖွေခြင်း )))
သာမန်အားဖြင့်ဝမ်းပျက်နေတဲ့ခွေးရဲ့မစင်ထဲမှာပါလာတဲ့ရောဂါပိုးတွေကိုဓါတ်ခွဲခန်းမှာပွားယူ ပြီး စစ်ဆေးရပါတယ် …..... ရောဂါပြင်းထန်တဲ့အဆင့်ဖြစ်နေရင်တော့..သွေးနဲ့..ရောဂါရနေတဲ့ အသားစကို လည်းစစ်ဆေးကြည့်နိုင်ပါတယ် …
((( ကုသခြင်း )))
ရောဂါမပြင်းထန်ရင်တော့... ဓါတ်ဆားရည်ပုလင်းကြီးကို ....အကြောကနေသွင်းပေးရုံနဲ့ သက်သာ လာနိုင်ပါတယ် .. ဆာလမိုနဲလားရောဂါပိုးတွေဟာ ပဋိဇီဝဆေး အတော်များများ ကိုခံနိုင်ရည်ရှိပါတယ်  ….  ပိုးယဉ်နေတဲ့ ဆာလမိုနဲလားပိုးတွေကိုပဋိဇီဝဆေးတွေသုံးမိရင် ရောဂါမသက်သာတဲ့အပြင်..ပိုးတွေ ပိုမိုပွားများလာပြီး ..…မစင်ထဲကနေ ပိုမိုစွန့်ထုတ်လာတတ်တဲ့အတွက် အန္တရာယ်ပိုများပါတယ် …
 ကုသပေးသင့်ပါတယ် အူလမ်းကြောင်းမှာအာနိသင်ပြတဲ့Sulfa  တွေနဲ့Quinoloneပဋိဇီဝဆေးတွေကိုအသုံးပြုနှိမ်နင်းနိုင်ပါတယ်
((( လူထုကျန်းမာရေး )))
ဒီရောဂါဟာ…..လူကိုကူးစက်နိုင်ပါတယ်….သန့်ရှင်းရေးကိုအထူးဂရုစိုက်ရပါမယ်…ရောဂါရှိတဲ့ခွေး ကို....ကိုင်တွယ်တဲ့အခါမှာလက်အိတ်ကိုအသုံးပြုသင့်ပါတယ်… ပြီးရင်လက်ကိုဆပ်ပြာနဲ့ သေသေခြာခြာ   ဆေးကြောသင့်ပါတယ် …..

See also salmonellosis in cats ===>> LINK
 

0 မှတ်ချက်များ to “ ခွေးဝမ်းပျက်ဝမ်းလျှောရောဂါ(Salmonellosis)”

Post a Comment