«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

20 Sept 2020

ခြေယိုင်ရောဂါ - Borreliosis (Lyme Disease)

,

Read in Zawgyi

ဒီရောဂါကို လိုင်း()ရောဂါလို့လည်းခေါ်ကြပါသေးတယ် ဒီရောဂါဟာ Borrelia burgdorferi  လို့

ခေါ်တဲ့ Spirochetes ပိုးကြောင့်ဖြစ်ပွားရတာဖြစ်ပါတယ်။

ဒီရောဂါကလည်း မွှားကိုက်လို့ဖြစ်လာတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်၊  Ixodes ricinus နဲ့  Ixodes

persulcatus မွှားအမျိုးအစားတွေဟာဒီရောဂါကိုပြန့်ပွားစေနိုင်တဲ့အတွက် ၊ခွေးတွေကြောင်တွေ

အပြင် လူတွေမှာလည်းဖြစ်ပွားတတ်ပါတယ်၊ ခွေးကနေလူကိုတိုက်ရိုက်မကူးစက်နိုင်ပါဘူး၊

ရောဂါပိုးသယ်ဆောင်ထားတဲ့မွှားကောင်တွေကတဆင့်သာကူးစက်နိုင်တာဖြစ်ပါတယ်၊ဒီရောဂါဟာ

ခွေးအချင်းချင်းထိတွေ့ရုံနဲ့မကူးစက်နိုင်ပေမယ့် သွေးသွင်းကုသမှုပြုလုပ်ရတဲ့အခါမှာ ရောဂါရှိတဲ့

ခွေးရဲ့သွေးကိုသွင်းမိရင်တော့ ရောဂါကူးစက်ခံရနိုင်ပါတယ်၊ ဒါပေမယ့် ဒီရောဂါဖြစ်နေတဲ့ ခွေးရဲ့

သွေးကိုဖြစ်စေ၊အခြားအရာတစ်ခုခုကိုဖြစ်စေ စမ်းသပ်စစ်ဆေးဖို့ထုတ်ယူတဲ့အခါမှာတော့ 

ဘယ်သောအခါမှရောဂါပိုးကိုတွေ့ရလေ့မရှိတာက ထူးခြားချက်တစ်ခုဖြစ်ပါတယ်။

ရောဂါပိုးရှိနေတဲ့မွှားကကိုက်လို့ ခန္တာကိုယ်ထဲကိုရောက်သွားရင်တောင်မှ ဒီပိုးဟာခွေးတွေကို

သိပ်ပြီးဒုက္ခပေးတာမရှိပါဘူး၊ ဒါပေမယ့် မွှားကနေကူးစက်တတ်တဲ့ အခြားရောဂါပိုးတစ်မျိုးဖြစ်တဲ့

Anaplasma phagocytophila ဆိုတဲ့ပိုးနဲ့ပူးတွဲဝင်ရောက်လာရင်တော့အတော်လေးဒုက္ခပေးနိုင်တဲ့

ပိုးဖြစ်ပါတယ်။

ဒီရောဂါပိုးချည့်သက်သက်ကူးစက်ခံရတဲ့ခွေးဟာရောဂါလက္ခဏာမပြပေမယ့်ပျောက်ကင်းသွား

တယ်လို့ လည်းမရှိတော့ပါဘူး Anaplasma phagocytophila   ဆိုတဲ့ပိုးဝင်မလာသ၍  ဘာမှ 

ဒုက္ခမပေးတတ်ပါဘူး။

ရောဂါအဆင့်ဖြစ်လာရင်တော့ ခြေဆစ်လက်ဆစ်တွေကအဆစ်အမြစ်တွေယောင်ယမ်းလာတဲ့ 

အတွက် လမ်းလျှောက်တဲ့အခါခွေယိုင်ယိုင်နဲ့လမ်းလျှောက်တာမျိုးဖြစ်လာတတ်ပါတယ်။

ခွေးဟာအနည်းငယ်ဖျားပြီးမလန်းမဆန်းဖြစ်နေတတ်ပါတယ်၊နောက်တော့တဖြည်းဖြည်းနဲ့ပိန်လာတတ်ပါတယ်  

 

အဲဒီအခြေအနေမှာ မကုသပဲထားရင်တော့ ရောဂါပိုမိုပြင်းထန်လာပြီး ကျောက်ကပ်၊နှလုံးနဲ့

အာရုံကြောစနစ်တို့ကိုထိခိုက်ပျက်စီးစေတဲ့အတွက် ခွေးဟာမရပ်မနားအန်လာတတ်ပါတယ်၊ 

တဖြည်းဖြည်းနဲ့ကျောက်ကပ်ကိုထိခိုက်ပျက်စီးလာတဲ့အခါ ဗိုက်ယောင်ပြီး ရေဖျဉ်းစွဲလာတတ် 

ပါတယ် ခန္တာကိုယ်ရဲ့အချို့နေရာတွေမှာ ဟိုနားယောင်လာလိုက် ဒီနားယောင်လာလိုက်လည်း

ဖြစ်တတ်ပါသေးတယ်၊ ဒီလိုရောဂါပြင်းထန်တဲ့အခြေအနေမျိုးမှာ စနစ်တကျမကုသရင်တော့

အသက်သေဆုံးတတ်ပါတယ်။

 

လွန်ခဲ့တဲ့ရက်ပိုင်းအတွင် အစားအသောက်ပျက်ပြီးဖျားခြင်း ၊ လမ်းလျှောက်တဲ့အခါခွေယိုင်ခြင်း၊ 

ခွေးရဲ့ခန္တာကိုယ်ပေါ်မှာမွှားကောင်အသေးစားလေးတွေတွယ်ကပ်နေခြင်း စတဲ့အချက်တွေရှိနေရင် 

ဒီရောဂါဖြစ်နိုင်ကြောင်းထည့်သွင်းစဉ်းစားနိုင်ပါတယ်။

 

ဒီရောဂါဟာ ခွေးရဲ့ခုခံစွမ်းအားစနစ်နဲ့ဆက်နွယ်ပြီး အလိုလိုနေရင်းဖြစ်လာတတ်တဲ့ အဆစ်အမြစ်

ယောင်ရောဂါ immunemediated polyarthritis နဲ့ အမြင်အားဖြင့်ခွဲခြားနိုင်ဖို့ခက်တဲ့အပြင်  

မွှားကိုက်လို့ကူးစက်လာတဲ့ရောဂါတွေဖြစ်တဲ့ Anaplasmosis, Ehrlichiasis နဲ့ Rickettsia စတဲ့

ရောဂါတွေနဲ့လည်းခွဲခြားဖို့ခက်ပါတယ်။ဘာလို့လဲဆိုတော့ အဆစ်ယောင်တာကလွဲလို့ ကျန်တဲ့

ရောဂါလက္ခဏာတွေဟာတစ်ခုနဲ့တစ်ခုခပ်ဆင်ဆင်တွေဖြစ်နေတာမို့ အမြင်သက်သက်နဲ့တော့

ရောဂါကိုခွဲခြားသိရှိနိုင်ဖို့မလွယ်လှပါဘူး။

 

ရောဂါရှာဖွေတဲ့အခါ သွေးထဲမှာရှာဖွေတဲ့နည်းနဲ့ ဒီရောဂါပိုးကို မတွေ့ရနိုင်တဲ့အတွက်ကြောင့်

ဒီရောဂါဟုတ်မဟုတ်ကို အတိအကျသိချင်ရင်တော့ အထူးပြုလုပ်ထားတဲ့ ပိုးပျိုးခင်းမှာ

ပိုးပျိုးကြည့်တဲ့နည်းနဲ့စစ်ဆေးနိုင်သလို ၊ သွေးထဲမှာဒီရောဂါပိုးကိုခုခံတဲ့ဓါတ်(Antibody)တွေ  

ရှိမရှိစစ်ဆေးကြည့်တဲ့နည်းတွေနဲ့သာဆုံးဖြတ်နိုင်တဲ့အတွက် ဒီရောဂါစတင်ခံစားရပြီး ရက်သတ္တ 

(၄-၆)အကြာမှာသွေးကိုဖောက်ယူပြီး Polymerase Phain Reaction(PCR)Assay လုပ်ကြည့်တဲ့

နည်းနဲ့ရောဂါရှာဖွေမှုပြုလုပ်ကြည့်ရပါတယ်။

 

ဒီရောဂါခံစားနေရတဲ့ခွေးတွေကို အောက်ပါကုထုံးများနဲ့ကုသပေးနိုင်ပါတယ်

 

() Doxycycline  စားဆေးကိုတိုက်ကျွေးကုသပေးနိုင်ပါတယ်၊တိုက်ရမယ့်ဆေးအချိန်အဆကတော့

ခန္တာကိုယ်အလေးချိန် ၁-ကီလိုရှိလေတိုင်း ဆေကို ၁၀-မီလီရမ်နှုန်းနဲ့တွက်ချက်ထားရပါမယ် ၊ 

အဲဒီပမာဏအတိုင်း ၁၂-နာရီခြားတိုက်သွားရမှာဖြစ်ပါတယ်၊ အဲဒီလိုဆေးတိုက်တာကို 

တစ်လလောက်အထိတိုက်ဖို့‌တော့ လိုအပ်ပါတယ်။

 

() Amoxicillin စားဆေးကိုတိုက်ကျွေးကုသပေးနိုင်ပါတယ်၊တိုက်ရမယ့်ဆေးအချိန်အဆကို 

ခန္တာကိုယ်အလေးချိန် ၁-ကီလိုရှိလေတိုင်း ၂၂-မီလီရမ်နှုန်းနဲ့တွက်ချက်ထားရပါမယ် ၊ 

အဲဒီပမာဏအတိုင်း ၈-နာရီခြားတိုက်သွားရမှာဖြစ်ပါတယ်၊ အဲဒီလိုဆေးတိုက်တာကို 

တစ်လလောက်အထိတိုက်ဖို့လိုအပ်ပါတယ်။

 

() Azithromycinစားဆေးနဲ့လည်းတိုက်ကျွေးကုသပေးနိုင်ပါတယ်၊တိုက်ရမယ့်ဆေးအချိန်အဆ 

ကို ခန္တာကိုယ် အလေးချိန် ၁-ကီလိုရှိလေတိုင်း ၅-မီလီရမ်နှုန်းနဲ့တွက်ချက်ထားရပါမယ် ၊ အဲဒီ

ပမာဏကို ၁၂-နာရီခြားတိုင်းတိုက်သွားရမှာဖြစ်ပါတယ်၊ အဲဒီလိုဆေးတိုက်တာကို တစ်လလောက်

အထိတိုက်ဖို့လိုအပ်ပါတယ်။

() Ceftriaxoneထိုးဆေးဦးနှောက်နဲ့အာရုံကြောဆိုင်ရာလက္ခဏာတွေပြသတဲ့အဆင့်ကိုရောက်

နေတဲ့ခွေး ဆိုရင်တော့   Ceftriaxone ထိုးဆေးနဲ့လည်းကုသပေးဖို့လိုအပ်ပါတယ်၊ ထိုးရမယ့်ဆေး

အချိန်အဆကို ခန္တာကိုယ်အလေးချိန်၁-ကီလိုရှိလေတိုင်း၂၅-မီလီရမ်နှုန်းနဲ့တွက်ချက်ထားရပါမယ် 

၊ အဲဒီပမာဏကို နေ့စဉ်အကြောဆေးထိုးနှံပေးသွားရမှာဖြစ်ပါတယ်၊ အဲဒီလိုဆေးထိုးတာကို 

တစ်လလောက်အထိတိုက်ဖို့လိုအပ်ပါတယ်။

0 မှတ်ချက်များ to “ခြေယိုင်ရောဂါ - Borreliosis (Lyme Disease) ”

Post a Comment