ဝက်တွေမှာ Calicivirus ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားတဲ့ Vesicular exanthema ရောဂါဟာ ခွေးတွေကို လည်းကူးစက်တတ်ပါတယ် ၊ ဝက်တွေမှာအုပ်စုလိုက်ရောဂါဖြစ် နေတဲ့အခါမှာ ခွေးတွေကိုကူးစက်ပြီး ရောဂါဖြစ်လာတာတွေ့ရပါတယ်။
ခွေးတွေကိုကူးစက်တဲ့အခါမှာတော့ အဖျားဝင်လာပြီး နှုတ်ခမ်း ၊ နှာသီးထိပ်ပိုင်း ၊ ပါးစပ်ထဲနဲ့
ခြေထောက်တွေမှာအရည်ကြည်ဖုလေးတွေပေါက်လာတာတွေ့ရပါတယ်။ကျွဲနွားတွေမှာဖြစ်ပွားတဲ့ ခွာနာလျှာနာရောဂါနဲ့ခပ်ဆင်ဆင်တူပါတယ်။
ဒါပေမယ့်ရက်အနည်းငယ်အတွင်းမှာပဲရောဂါလက္ခဏာတွေဟာသူ့အလိုလို ပြန်လည်ပျောက်ကင်းသွား လေ့ရှိပါတယ်။