«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

7 Jun 2018

အရေပြားအဖုအကြိတ်များ(MYCETOMA)

,
ကြောင်တွေမှာဖြစ်ပွားတဲ့ MYCETOMA ဆိုတာ မှိုရောဂါပိုးကြောင့် အရေပြားရဲ့ အောက်မှာ 
 
အဖုအကြိတ်တွေဖြစ်နေတာဖြစ်ပါတယ် ၊ အဲဒီအဖုတွေဟာတစ်ခါတစ်လေ ပေါက်ထွက်ပြီး
 
ပြည်မဟုတ်တဲ့အဖတ်တွေထွက်လာတတ်ပါတယ် ၊ အဲဒီအဖတ်တွေရဲ့ အရောင်က အဖြူရောင် ၊ 
 
အဝါရောင် ၊ အမဲရောင်စသဖြင့် အရောင်အမျိုးမျိုးရှိနိုင်ပါ တယ် ၊ အဲဒါကတော့ဝင်ရောက်ဒုက္ခပေး
 
နေတဲ့မှိုရဲ့အမျိုးအစားပေါ်မှာမူတည်တာဖြစ်ပါတယ်။

 
 
ဒီရောဂါပိုးဟာမြေကြီးထဲမှာရှိတတ်ပြီး သစ်ရွက်တွေကိုဆွေးမြေ့စေတဲ့မှိုတစ်မျိုးဖြစ်ပါတယ် ၊
 
ကြောင်အချင်းချင်းကိုက်တဲ့အခါ အရေပြားပေါက်ပြဲဒါဏ်ရာကနေ ဝင်ရောက်ဒုက္ခပေးတာဖြစ်ပါ 
 
တယ်။
 
အဲဒီအခါအရေပြားအောက်မှာ အဖုအကြိတ်တွေဖြစ်လာတတ်ပါတယ်၊ အဲဒီအဖုတွေဟာရုတ်တရက်
 
ကြည့်ရင် ပြည်ဖုလို့ထင်နိုင်ပါတယ် ၊ ဒါပေမယ့်ပဋိဇီဝဆေးတွေထည့်ပေးရင်ပျောက်ကင်းသက်သာ
 
လာတာမျိုးမရှိပါဘူး။အဖုအကြိတ်ဖြစ်တတ်သော FOLLICULITIS ရောဂါအကြောင်းကိုဆက်လက်ဖတ်ရှုရန် လင့်ကိုနှိပ်ပါ Link
 
ကြောင်တွေမှာ MYCETOMA ဖြစ်ရင် ပဋိဇီဝဆေးတွေမှိုရောဂါပိုးကိုသတ်နိုင်တဲ့ ဆေးတွေနဲ့ကုသလို့
 
မရပါဘူး ၊ အဲဒီအဖုတွေကို ခွဲစိပ်ထုတ်ပစ်မှသာပျောက်ကင်းနိုင်မှာဖြစ်ပါတယ်။

                                     Sporotrichosis ရောဂါကိုဆက်ဖတ်ပါ
 
အဖုအကြိတ်ဖြစ်တတ်သော လျူကီးမီးယားရောဂါအကြောင်းကိုဆက်လက်ဖတ်ရှုရန် လင့်ကိုနှိပ်ပါ Link
 
 
 Zawgyi
 
 
 
 


0 မှတ်ချက်များ to “ အရေပြားအဖုအကြိတ်များ(MYCETOMA)”

Post a Comment