ဒီရောဂါလက္ခဏာမျိုးဖြစ်စေတတ်တဲ့အကြောင်းရင်းက မျိုးစုံရှိနိုင်ပါတယ် အဲဒီအကြောင်းရင်းတွေ
အနက် အစာချေဟိုမုန်းထွက်ရှိမှု အလွန်များနေခြင်းကြောင့်လည်းဖြစ်တတ်ပါတယ် ၊
အူလမ်းကြောင်းရဲ့အစပိုင်းနေရာမှာရှိပြီး
သရက်ရွက်လို့ခေါ်ကြတဲ့ ပန်ကရိယဂလင်းမှာအကြိတ်တည်နေတဲ့အခါမျိုးမှာ ပန်ကရိယဂလင်းဟာ
အစာချေရည်တွေထွက်လာအောင်လှုံဆွပေးနိုင်တဲ့ ဟိုမုန်းတွေအများကြီးထုတ်ပေးတတ်ပါတယ် ။
အဲဒီလိုအစာချေဟိုမုန်းတွေအများကြီးထွက်လာတဲ့အတွက်ကြောင့် အစာအိမ်ထဲမှာ အစာချေရည်
တွေဟာ လိုအပ်တာထက်အများကြီးပိုပြီး ထွက်လာပါတော့တယ် အဲလိုများပြားလာတဲ့အစာချေ
ရည်တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းအစပိုင်းက အတွင်းနံရံတွေကိုချေဖျက်ပစ်ကြတဲ့အတွက်
အနာခွက်တွေဖြစ်လာစေပါတယ် အဲဒီအနာတွေဟာ တဖြည်းဖြည်းနဲ့ပိုဆိုးလာပြီး အတွင်းနံရံက
သွေးကြောတွေအထိရောက်သွားတဲ့အခါ သွေးကြောလေးတွေပေါက်ထွက်ပြီး အမြဲမပြတ်သွေးယို
စိမ့်မှုဖြစ်လာပါတယ် ။
အဲဒီအခါမှာဝမ်းထဲမှာသွေးတွေပါလာပါတော့တယ် သွေးတွေဟာ အစာချေရည်နဲ့ထိတွေမိတဲ့အခါ
ဓာတ်ပြုမှုဖြစ်ပြီးအမည်းရောင်ပြောင်းသွားတတ်တဲ့အတွက် သွားတဲ့ဝမ်းဟာ အမည်းရောင်ဖြစ်နေ
တတ်ပါတယ်
ဒီလိုဖြစ်နေတဲ့ခွေးဟာ လန်းဆန်းတက်ကြွမှုမရှိတော့တဲ့အပြင် တဖြည်းဖြည်းနဲ့
ပိန်ချုံးလာတတ်ပါတယ် ဗိုက်နာတဲ့လက္ခဏာကိုမကြာခဏပြသနေတတ်ပြီး မျက်လုံးအတွင်းသား
တွေကိုလှန်ကြည့်ရင် ဖြူဖတ်ဖြူရော်ဖြစ်နေတာကိုတွေ့ရနိုင်ပါတယ်အဲဒီအခါမှာသွေးကိုဖောက်ယူ
ပြီး အစာချေဟိုမုန်းတွေပါဝင်နေခြင်းရှိမရှိ စစ်ဆေးကြည့်ခြင်းအားဖြင့် ဒီဝေဒနာဟုတ်မဟုတ်ကို
ခွဲခြားသိရှိနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးဖြစ်နေရင်တော့ အောက်ပါကုထုံးတွေနဲ့ကုသပေးလေ့ရှိပါတယ်
(၁)Ranitidine စားဆေးကိုခန္တာကိုယ်အလေးချိန်(၁)ကီလိုရှိလေတိုင်း ၁-မီလီဂရမ်နှုန်းနဲ့တွက်ချက်
ပြီး တစ်နေ့လျှင်(၂)ကြိမ်တိုက်ကျွေးပေးနိုင်ပါတယ်
(၂) Cimetidine စားဆေးကိုလည်းခန္တာကိုယ်အလေးချိန်(၁)ကီလိုရှိလေတိုင်း ၄-မီလီဂရမ်နှုန်းနဲ့
တွက်ချက်ပြီး တစ်နေ့လျှင်(၃)ကြိမ်တိုက်ကျွေးပေးနိုင်ပါတယ် ။
(၃) famotidine စားဆေးကိုလည်းခန္တာကိုယ်အလေးချိန်(၁)ကီလိုရှိလေတိုင်း ၀.၁-မီလီဂရမ်နှုန်းနဲ့