«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

26 Jan 2019

ကြောင်အသက်ရှူကြပ်ရောဂါ(Bordetellosis)

,
Unicode
 
ဒီရောဂါကတော့ ကြောင်တွေရဲ့အသက်ရှုလမ်းကြောင်းမှာဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်
 
Bordetella bronchiseptica လို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားတာဖြစ်ပြီး အဲဒီ
 
ဘက်တီးရီးယားပိုးဟာသာမန်ကျန်းမာနေတဲ့ကြောင်တွေမှာလည်းသဘာဝအတိုင်းရှိနေတတ်ပါ
 
တယ်၊ သူ့ဖာသာနေရင် သာမန်အားဖြင့်ဘာမှအန္တရာယ်မပေးပေမယ့်အသက်ရှုလမ်းကြောင်းအပေါ် 
 
ပိုင်းကို ဗိုင်းရပ်ပိုးတစ်မျိုးမျိုးဝင်ရောက်လာတဲ့အခါမှာ သဘာဝအတိုင်းရှိနေတဲ့ Bordetella 
 
bronchiseptica ဘက်တီးရီယားကအဖော်အားကိုးနဲ့ထကြွလာပြီးတော့ အသက်ရှုလမ်းကြောင်းရဲ့
 
အပေါ်ပိုင်းကိုဒုက္ခပေးတာဖြစ်ပါတယ်။

 
ဒါပေမယ့် အဆုတ်ပွတဲ့အထိတော့ဖြစ်ခဲပါတယ်၊ ဒီရောဂါဟာ ကြောင်တွေမှာအသက်အရွယ်မရွေး 
 
ဖြစ်တတ်ပါတယ် ကြောင်ငယ်လေးတွေမှာဒီရောဂါဖြစ်လာရင်တော့ ပြင်းပြင်းထန်ထန်ထန်ခံစား
 
ရလေ့ရှိပါတယ်။

 
ကြောင်တွေမှာ ဒီရောဂါဖြစ်လာရင်ချောင်းဆိုးပြီးဖျားတတ်ပါတယ် အသက်ရှုကျပ်တဲ့လက္ခဏာကို 
 
ပြသလာပြီးနောက် မကြာမကြာနှာချေနေတတ်တဲ့အပြင် မျက်ရည်နဲ့ နှာရည်တွေလည်းစီးကျနေ 
 
တာကိုတွေ့နိုင်ပါတယ် ၊ သေချာစစ်ဆေးကြည့်ရင် မေ့စေ့အောက်နားကအကြိတ်တွေယောင်နေ 
 
တာကိုတွေ့နိုင်ပါတယ်။
 
 
ဒီရောဂါခံစားနေရတဲ့ကြောင်ကို လေဝင်လေထွက်ကောင်းတဲ့နေရာမှာထားပေးသင့်ပါတယ် ၊
 
မနက်စောစောနေပူစာလှုံပေးတာက မြန်မြန်သက်သာစေဖို့အတွက်အထောက်အကူပြုနိုင်ပါတယ်
 
စားဆေးအနေနဲ့ cephalexin နဲ့ septrin ဆေးတွေကိုတိုက်ကျွေးပေးသင့်တဲ့အပြင် ချောင်းဆိုးတာ 
 
သက်သာစေဖို့အတွက် chlorpheniramine(ဘာမီတွန်) တိုက်ဆေးရည်ကိုလည်းတွဲပေးရပါတယ်
 
တစ်ခြားနိုင်ငံတွေမှာတော့ ဒီရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်ဆေးထိုးထားလေ့ရှိကြပါတယ်။
ထပ်မံလေ့လာလိုပါက လင့်ကိုနှိပ်ပါ Link
 
Zawgyi
 
ေၾကာင္ေတြရဲ႕အသက္ရႈလမ္းေၾကာင္းမွာျဖစ္တဲ့ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္
Bordetella bronchiseptica လို႔ေခၚတဲ့ဘက္တီးရီးယားပိုးေၾကာင့္ျဖစ္ေစတာျဖစ္ၿပီး အဲဒီဘက္တီးရီးယားပိုးဟာ သာမန္က်န္းမာေနတဲ့ေၾကာင္ေတြမွာလည္းသဘာဝအတိုင္းရွိေနတတ္ပါတယ္
သူ႔ဖာသာေနရင္ သာမန္အားျဖင့္ဘာမွအႏၲရာယ္မေပးေပမယ့္ အသက္ရႈလမ္းေၾကာင္းအေပၚပိုင္းကို ဗိုင္းရပ္ပိုး
တစ္မ်ိဳးမ်ိဳးဝင္ေရာက္လာတဲ့အခါမွာ သဘာဝအတိုင္းရွိေနတဲ့ Bordetella bronchiseptica ဘက္တီးရီယားက
အေဖာ္အားကိုးနဲ႔ထၾကြလာၿပီးေတာ့ အသက္ရႈလမ္းေၾကာင္းအေပၚပိုင္းကိုဒုကၡေပးတာျဖစ္ပါတယ္
ဒါေပမယ္ အဆုတ္ပြတဲ့အထိေတာ့ျဖစ္ခဲပါတယ္
ဒီေရာဂါဟာ ေၾကာင္ေတြမွာအသက္အရြယ္မေရြးျဖစ္တတ္ပါတယ္ ေၾကာင္ငယ္ေလးေတြမွာဒီေရာဂါျဖစ္လာရင္ေတာ့ ျပင္းျပင္းထန္ထန္ထန္ခံစားရေလ့ရွိပါတယ္

ေၾကာင္ေတြမွာ ဒီေရာဂါျဖစ္လာရင္ေခ်ာင္းဆိုးၿပီးဖ်ားတတ္ပါတယ္ အသက္ရႈက်ပ္တဲ့လကၡဏာကိုျပသလာၿပီးေနာက္ မၾကာမၾကာႏွာေခ်ေနတတ္တဲ့အျပင္ မ်က္ရည္နဲ႔ ႏွာရည္ေတြလည္းစီးက်ေနတာကိုေတြ႕ႏိုင္ပါတယ္ေ သခ်ာစမ္းသပ္ရင္ ေမ့ေစ့ေအာက္နားကအႀကိတ္ေတြ
ေယာင္ေနတာကိုေတြ႕ႏိုင္ပါတယ္
ဒီေရာဂါခံစားေနရတဲ့ေၾကာင္ကို ေလဝင္ေလထြက္ေကာင္းတဲ့ေနရာမွာထားေပးသင့္ပါတယ္
မနက္ေစာေစာေနပူစာလံႈေပးတာက ျမန္ျမန္သက္သာေစဖို႔အတြက္အေထာက္အကူျပဳႏိုင္ပါတယ္
စားေဆးအေနနဲ႔ cephalexin နဲ႔ septrin ေဆးေတြကိုတိုက္ေက်ြးေပးသင့္တဲ့အျပင္ ေခ်ာင္းဆိုးတာသက္သာေစဖို႔အတြက္ chlorpheniramine(ဘာမီတြန္) တိုက္ေဆးရည္ကိုလည္းတြဲေပးရပါတယ္
တစ္ျခားႏိုင္ငံေတြမွာေတာ့ ဒီေရာဂါမျဖစ္ေအာင္ႀကိဳတင္ကာကြယ္ေဆးထိုးထားေလ့ရွိၾကပါတယ္

0 မှတ်ချက်များ to “ကြောင်အသက်ရှူကြပ်ရောဂါ(Bordetellosis)”

Post a Comment