«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Aug 2013

ဆီးအတွင်းသွေးပါရောဂါ(Leptospirosis)

,
ဒီရောဂါကတော့ Leptospira  ဆိုတဲ့ဘက်တီးရီးယားရောဂါပိုးကြောင့်ဖြစ်ပွားရတာဖြစ်ပါတယ် 
 
ဒီပိုးက စပရိန်လိုခွေနေတဲ့ပုံစံလေးတွေဖြစ်ပြီး ပိုးမျိုးကွဲ(၄)မျိုးရှိပါတယ် …အဲဒါတွေကတော့
 
 
Leptospira canicola
 
Leptospira icterohemorrhagiae
 
Leptospira grippotyphosa  နဲ့
 
Leptospira pomona  တို့ဖြစ်ပါတယ်
 
 
ခွေးတွေမှာ ဖျားတာ၊ အန်တာ၊ ဆီးထဲသွေးပါတာနဲ့ ဝမ်းပျက်တာတွေကိုဖြစ်ပွားစေပါတယ်… 
 
ဒီပိုးတွေဟာ ရောဂါဖြစ်နေတဲ့ခွေးရဲ့ ဆီးထဲမှာပါလာတတ်ပါတယ် ….သူတို့ဟာ စိုစွတ်တဲ့မြေကြီးနဲ့ 
 
ခွေးရဲ့ အညစ်အကြေးထဲမှာ (၆)လလောက်အထိ အသက်ရှင်နေနိုင်ပါတယ် …
 
Leptospirosis ရောဂါဟာ ၊ ရောဂါပိုးပါရှိနေတဲ့ အညစ်အကြေးဟာ တခြားခွေးတစ်ကောင်ရဲ့ 
 
ထိခိုက်ရှနာနဲ့ထိမိရင်ဖြစ်စေ ၊အစာနဲ့ရောပြီး စားမိရင်ဖြစ်စေရောဂါကူးစက်ခံရမှာဖြစ်ပါတယ် ….
 
 
ဒီရောဂါဟာ ခွေးတွေမှာအသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ် .. များသောအားဖြင့် စိုစွတ်တဲ့ 
 
နေရာမှာ နေရတဲ့ခွေးတွေဟာ ဒီရောဂါရနိုင်ခြေ များတာပေါ့ …
 
ဒီရောဂါဖြစ်လာရင် ဖျားခြင်း…အန်ခြင်း …မှိုင်နေခြင်းအပြင်၊တစ်ခါတစ်ရံဝမ်းလျှောတတ်ပြီးင် 
 
ဆီးသွားရင်သွေးပါလာတတ်ပါတယ် … ဒီရောဂါပိုးက ခွေးရဲ့ကျောက်ကပ်နဲ့အသည်းကိုဒုက္ခပေး
 
တတ်တဲ့သဘာဝကြောင့်ပါပဲ … ရောဂါဖြစ်တာကြာလာရင်မျက်လုံးဝါလာမယ် … ဒါဆိုရင် 
 
အသည်းဆီကိုပိုးရောက်ပြီးတော့ အသည်းယောင်နေပြီဆိုတဲ့လက္ခဏာပါပဲ၊ ဒီလိုနဲ့အသည်းပျက်စီး
 
လာရင်တော့ အသည်းရဲ့လုပ်ငန်းဖြစ်တဲ့ သွေးကိုခဲစေတတ်တဲ့ပစ္စည်းကို ထုတ်လုပ်ပေးနိုင်တော့
 
တဲ့အတွက် သွေးယိုစိမ့်တာတွေဖြစ်လာပါမယ် … ပါးစပ်က သွေးထွက်မယ်… ဝမ်းသွားရင် 
 
သွေးပါလာတတ်ပါတယ် …ကုသမှုမလုပ်ခဲ့ရင်လည်းခွေးကပြန်သက်သာသွားပါတယ် ၊ဒါပေမဲ့ 
 
အဲဒီခွေးဟာ ရောဂါပိုးသယ်ဆောင်ထားတာဖြစ်တဲ့အတွက်သူ့ရဲ့ဆီးထဲကနေပြီး ရောဂါပိုးတွေကို 
 
အဆက်မပြတ် ထုတ်လွှတ်ပေးနေပါလိမ့်မယ်် … တစ်နှစ်လောက်အထိ အဲဒီလိုရောဂါပိုးတွေကို 
 
ထုတ်လွှတ်ပေးနေတတ်တယ်လို့ဆိုပါတယ်။
 
 
ရောဂါဖြစ်ကြောင်းသံသယရှိတဲ့ခွေးရဲ့ ဆီးကိုဓါတ်ခွဲခန်းပို့ပြီး ရောဂါပိုးပါဝင်မှုရှိမရှိစစ်ဆေးကြည့် 
 
ရပါတယ် ….သွေးကိုပို့ရင်လည်းရပါတယ်…သွေးထဲမှာရောဂါပိုးကိုတွန်းလှန်တဲ့ antibody ရှိမရှိ 
 
စစ်ဆေးကြည့်ရင် ရောဂါရှိမရှိ သိရှိနိုင်ပါတယ် … ရောဂါပြင်းထန်လွန်းရင်တော့ ဆေးရုံတင်ပြီး 
 
စနစ်တကျစောင့်ကြပ်ကုသသင့်ပါတယ် ၊ဒီရောဂါပိုးကို ပင်နီဆလင်၊စတိုမိုင်စင် စတဲ့ပဋိဇီဝဆေး
 
ကိုတွဲဖက်ပြီး ထိထိရောက်ရောက်နှိမ်နင်းလို့ရပါတယ် …. ဒေါက်စီဆိုက်ကလင်းဆေးကိုလည်း 
 
အသုံးပြုနိုင်ပါတယ် … ဖြစ်ပွားတဲ့ပိုးအမျိုးအစားပေါ်မူတည်ပြီးတော့ … တစ်ခါတစ်ရံ စီပရို
 
ဖလောက်ဇာစင်ဆေးနဲ့ အင်ရိုဖလောက်ဆာစင်ဆေးတွေကိုတွဲဖက်အသုံးပြုကြပါတယ် … 
 
ရောဂါအခြေအနေဆိုးရင်တော့ ဓါတ်ဆားရည်ပုလင်းကြီးချိတ်ပြီး အကြောကနေသွင်းပေးရ 
 
ပါတယ် ..
 
 
ဒီရောဂါဟာ … လူကိုကူးစက်နိုင်တဲ့အတွက် … ရောဂါပိုးပါရှိနေတဲ့ အညစ်အကြေးဟာ မိမိရဲ့ 
 
ထိခိုက်ရှနာနဲ့ ထိမိရင်ဖြစ်စေ … အစာနဲ့ရောပြီးစားမိရင်ဖြစ်စေ ရောဂါကူးစက်ခံရမှာဖြစ်ပါတယ် 
 
များသောအားဖြင့် စိုစွတ်တဲ့နေရာမှာ ဒီပိုးတွေရှိနေတယ်ဆိုတာသိထားရပါမယ်၊ ဒါကြောင့်မို့ 
 
အညစ်အကြေးတွေကိုကိုင်တွယ်ပြီးတဲ့အခါမှာ၊လက်ကိုဆပ်ပြာနဲ့သေသေခြာခြာဆေးကြောသုပ်သင်
 
သင့်ပါတယ် …..
 
Zawgyi
 
ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း
Leptospira  ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုး ကြောင့်ဖြစ်ပွားရတာဖြစ်ပါတယ် …ဒီပိုးက စပရင်လို ခွေနေတဲ့ပုံစံမျိုးရှိပြီးတော့ မျိုးကွဲ(၄)မျိုးရှိပါတယ် …
Leptospira canicola
ခွေးတွေမှာ ဖျားတာ အန်တာ ဆီးထဲသွေးပါတာ ၀မ်းပျက်တာတွေ ဖြစ်ပွားစေပါတယ်… ဒီပိုးတွေဟာ ရောဂါဖြစ်နေတဲ့ခွေးရဲ့ ဆီးထဲမှာပါလာတတ်ပါတယ် ….သူတို့ဟာ စိုစွတ်တဲ့မြေကြီးနဲ့ ခွေးရဲ့ အညစ်အကြေးထဲမှာ (၆)လလောက်အထိ အသက်ရှင်နေနိုင်ပါတယ် … 
ကူးစက်ပုံ
အဖြစ်များသောအသက်အရွယ
ရောဂါလက္ခဏာများ                                                                                                              ဖျားမယ် … အန်မယ် … မှိုင်နေမယ် … တစ်ခါတစ်ရံဝမ်းလျှောမယ်  ဆီးထဲမှာ သွေးပါလာတတ်ပါတယ် … ဒီရောဂါပိုးက ခွေးရဲ့ ကျောက်ကပ်နဲ့ အသည်းကို ဒုက္ခပေးတတ်တဲ့သဘာဝကြောင့်ပါပဲ … ရောဂါဖြစ်တာကြာလာရင် မျက်လုံးဝါလာမယ် … ဒါဆိုရင် အသည်းဆီကို ပိုးရောက်ပြီးတော အသည်းယောင်နေပြီဆိုတဲ့ လက္ခဏာပါပဲ…ဒီလိုနဲ့ အသည်းပျက်စီးလာရင်တော့ အသည်းရဲ့လုပ်ငန်းဖြစ်တဲ့ သွေးကိုခဲစေတတ်တဲ့ ပစ္စည်းကို မထုတ်လုပ်ပေးနိုင်တော့တဲ့အတွက် သွေးယိုစိမ့်တာတွေဖြစ်လာပါမယ် … ပါးစပ်က သွေးထွက်မယ် … ၀မ်းသွားရင် သွေးပါလာတတ်ပါတယ် …ကုသမှုမလုပ်ခဲ့ရင်လည်း ခွေးကပြန်သက်သာသွားမယ် …ဒါပေမဲ့ အဲဒီခွေးဟာနောက်ပိုင်းမှာ ရောဂါပိုးသယ်ဆောင်ထားပြီး သူ့ရဲ့ဆီးထဲကနေပြီး ရောဂါပိုးတွေကို အဆက်မပြတ် ထုတ်လွှတ်ပေးနေပါလိမ့်မယ် … တစ်နှစ်လောက်အထိ အဲဒီလို ရောဂါပိုးတွေကို ထုတ်လွှတ်ပေးနေတတ်တယ်လို့ဆိုပါတယ် 
ရောဂါရှာဖွေခြင်း
ကုသခြင်း
ရောဂါပြင်းထန်လွန်းရင်တော့ ဆေးရုံတင်ပြီး စနစ်တကျစောင့်ကြပ်ကုသသင့်ပါတယ် ….ဒီရောဂါပိုးကို ပင်နီဆလင် နဲ့ စတိုမိုင်စင် ပဋိဇီဝဆေးကိုတွဲဖက်ပြီး ထိထိရောက်ရောက်နှိမ်နင်းလို့ရပါတယ် …. ဒေါက်စီဆိုက်ကလင်းဆေးကိုလည်း အသုံးပြုနိုင်ပါတယ် … ဖြစ်ပွားတဲ့ပိုးအမျိုးအစားပေါ်မူတည်ပြီးတော … တစ်ခါတစ်ရံ စီပရိုဖလောက်ဇာစင် နဲ့ အင်ရိုဖလောက်ဆာစင်ဆေးတွေကိုအသုံးပြုကြပါတယ် … ရောဂါအခြေအနေဆိုးရင်တော့ ဓါတ်ဆားရည်ကို ပုလင်းကြီးချိတ်ပြီး အကြောကနေသွင်းပေးရပါမယ် .. 
လူထုကျန်းမာရေး
ဒီရောဂါဟာ … လူကိုကူးစက်နိုင်ပါတယ် … ရောဂါပိုးပါရှိနေတဲ့ အညစ်အကြေးဟာ မိမိရဲ့ ထိခိုက်ရှနာနဲ့ ထိမိရင်ဖြစ်စေ အစာနဲ့ရောပြီး စားမိရင်ဖြစ်စေ ရောဂါ ကူးစက်ခံရမှာဖြစ်ပါတယ် …. များသောအားဖြင့် စိုစွတ်တဲ့နေရာမှာ ဒီပိုးတွေဟာ ရှိနေတယ်ဆိုတာသိထားရပါမယ် ……အညစ်အကြေးကိုကိုင်တွယ်ပြီးတဲ့အခါမှာ လက်ကို ဆပ်ပြာနဲ့သေသေခြာခြာ ဆေးကြောသုပ်သင်သင့်ပါတယ် …..

0 မှတ်ချက်များ to “ဆီးအတွင်းသွေးပါရောဂါ(Leptospirosis)”

Post a Comment