«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

25 Feb 2019

ကြီးထွားဟိုမုန်းချို့တဲ့ခြင်းကြောင့်အမွှေးကျွတ်ခြင်း (Growth hormone responsive alopecia)

,

ကြီးထွားဟိုမုန်းချို့တဲ့ခြင်း‌ ကြောင့်အမွှေးကျွတ်ခြင်း (Growth hormone responsive alopecia)
Read in Unicode
ဦးနှောက်ထဲမှာရှိတဲ့ပီကျူထရီအကြိတ်ဟာ ကြီးထွားဟိုမုန်းတစ်မျိုးဖြစ်တဲ့ somatotropin ဟိုမုန်းကို ထုတ်လုပ်ပေးပါတယ်
တခါတလေမှာ ဘာကြောင့်မှန်းမသိရပဲ ပီကျူထရီအကြိတ်ဟာ အဲဒီဟိုမုန်းကို လုံလောက်အောင် မထုတ်လုပ်ပေးတာမျိုးဖြစ်တတ်ပါတယ်အဲဒီအခါမှာအမဟိုမုန်းလွန်ကဲခြင်း(hyerperestrogenism)ဖြစ်သလို
 ခွေးရဲ့တစ်ကိုယ်လုံးကအမွှေးအမြှင်တွေကျွတ်ထွက်ပြီး အရေပြားတွေမှာအပြောင်းအလဲတွေဖြစ်လာတတ် ပါတယ်
ဒီလိုဖြစ်လာတာမျိုးဟာခွေးတွေမှာ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အရွယ်ရောက်ချိန်မှာဖြစ်တာက ပိုများတာကိုတွေ့ရပါတယ်
ဒီရောဂါဟာဖြစ်ခဲလှတဲ့ရောဂါတစ်မျိုးဖြစ်ပေမယ့် Pomeranians, Chow Chows, Poodles, Samoyeds, Keeshonds, ခွေးမျိုးတွေနဲ့ American Water Spaniels ခွေးမျိုးတွေမှာတော့ ရံဖန်ရံခါဖြစ်တတ်ပါတယ် အမတွေနဲ့စာရင် အထီးတွေမှာပိုဖြစ်လေ့ရှိတာတွေ့ရပါတယ်
ဒီရောဂါဟာကြီးထွားဟိုမုန်းတစ်မျိုးဖြစ်တဲ့(somatotropin)ဟိုမုန်းချို့တဲ့မှုကြောင့်ဖြစ်လာတာဆိုတော့ ကုသတဲ့အခါမှာ အဲဒီဟိုမုန်းဟာ ဘာဖြစ်လို့ချို့တဲ့ရသလဲဆိုတဲ့အကြောင်းရင်းကို ရှာဖွေပြုပြင်ပေးဖို့နဲ့ (somatotropin)ဟိုမုန်းများလာအောင်ဖန်တီးပေးမှုကိုအခြေခံရပါတယ်
ထိရောက်တဲ့ကုသမှုတစ်ခုကတော့ ဟိုမုန်းထွက်ရှိမှုပိုများလာအောင် သင်းကွပ်ပေးလိုက်တာပဲဖြစ်ပါတယ် အကယ်၍ သင်းကွပ်ပြီးတာတောင် အမွှေးအမြှင်တွေပြန်ပေါက်မလာဘူးဆိုရင်တော့ ကြီးထွားဟိုမုန်းကို ရက်သတ္တတစ်ပါတ်လျှင်(၃)ကြိမ်နှုန်းနဲ့ အရေပြားအောက်ကိုထိုးနှံပေးရမှာဖြစ်ပါတယ် အဲဒီလိုထိုးနှံတာကို တစ်လခွဲလောက်လုပ်ပေးရပါမယ်
ကြီးထွားဟိုမုန်းဟာ ဘေးထွက်ဆိုကျိုးအဖြစ် ဆီးချိုရောဂါလက္ခဏာတွေဖြစ်လာတတ်တဲ့အတွက် အမြဲမပြတ်စောင့်ကြည့်စစ်ဆေးနေပြီး လိုအပ်သလိုချိန်ဆထိုးနှံပေးဖို့လိုအပ်ပါတယ်ဦ


0 မှတ်ချက်များ to “ကြီးထွားဟိုမုန်းချို့တဲ့ခြင်းကြောင့်အမွှေးကျွတ်ခြင်း (Growth hormone responsive alopecia)”

Post a Comment