«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

13 Jul 2017

ဆူညံသံကြောက်ရောဂါ(Noise phobia)

,
သာမန်အားဖြင့် ခွေးတွေမှာထိတ်လန့်ကြောက်ရွံ့မှုကိုဖြစ်စေတဲ့ရောဂါ(၃)မျိုးရှိပါတယ်
 
အဲဒါတွေကတော့
 
(က) Noisephobia လို့ခေါ်တဲ့ ဆူညံသံကြောက်တဲ့ရောဂါ
 
(ခ)  Hydrophobia လို့ခေါ်တဲ့ ရေကိုကြောက်တဲ့ရောဂါ နဲ့
 
(ဂ)  Photophobia လို့ခေါ်တဲ့ အလင်းရောင်ကိုကြောက်တဲ့ရောဂါတွေပဲဖြစ်ပါတယ်

ခွေးတွေဟာ အလွန်ဆူညံတဲ့အသံကို ခံနိုင်ရည်မရှိကြပါဘူး ၊ မည်သည့်ခွေးမဆို ဆူညံသံကြောင့် 
 
သူတို့ရဲ့ပုံမှန်အမူအကျင့်တွေ ပြောင်းလဲသွားတတ်ပါတယ် ၊ မိုးခြိမ်းသံလိုကျယ်လောင်တဲ့ဆူညံသံ 
 
မျိုးကြောင့် ခွေးတွေကိုထိမ်းချုပ်ရခက်ခဲတဲ့ပြသနာကို ပိုင်ရှင်တွေမကြာခဏကြုံရတတ်ပါတယ် ၊ 
 
ဒီလိုဖြစ်တာကို Noise phobia လို့ခေါ်ပါတယ်၊ဆူညံကြောင့်ခွေးတွေဒီလိုဖြစ်တာဟာ ရောဂါတစ်ခု 
 
ဖြစ်တယ်ဆိုတာနဲ့ ဒီလိုဖြစ်လာရင် ဘာတွေလုပ်ပေးရမယ်၊ ဘယ်လိုသင့်လျှော်တဲ့ကုသမှုတွေ 
 
လုပ်ပေးသင့်တယ်ဆိုတာကို ခွေးပိုင်ရှင်အတော်များများက မသိကြပါဘူး။

ခွေးပိုင်ရှင်တွေအနေနဲ့ မိမိရဲ့ခွေးမှာ
Noise phobia ဖြစ်နေတာကို သတိမမူမိကြတဲ့အတွက် 
 
လိုအပ်တဲ့ဆောင်ရွက်မှုတွေမလုပ်မိခဲ့ရင်ဖြစ်စေ၊ သေသေချာချာကုသပေးတာမျိုးတွေမလုပ်မိခဲ့ရင် 
 
အဲဒီခွေးဟာအမိန့်ကိုနာခံမှုမရှိတော့သည်အထိဆိုးဆိုးရွားရွား ထိမ်းချုပ်ရခက်ခဲလာတတ်ပါတယ်။ 
 
ဆူညံသံကြောင့်တုန့်ပြန်မှုအများဆုံးဖြစ်တတ်တဲ့ခွေးအမျိုးအစားတွေကတော့ ဂျမန်ရှက်(ပ)ဟတ်
 
ခွေးမျိုး၊ ဘီးဂဲလ်ခွေးမျိုး၊ ကော်လီခွေးမျိုးနဲ့ ဘားဆက်ဟွန်းစတဲ့ အကြီးစားခွေးမျိုးတွေဖြစ်ပါတယ်

ဆူညံသံကြောင့် ရိုင်းလာခြင်း (Noise phobia) ဟာ ဂျာမန်ရှက်(ပ)ဟတ်ခွေး(GSD)တွေမှာ
 
အဖြစ်အများဆုံးဖြစ်တဲ့အတွက် ဒီရောဂါကို GSD Noise Phobia လို့ခေါ်ဝေါ်သုံးစွဲကြပါတယ် ၊
 
ခွေးတစ်ကောင်GSD noise phobia ဖြစ်လာရင် တစ်ကောင်နဲ့တစ်ကောင်လက္ခဏာပြသတာချင်း
 
တော့တူချင်မှတူနိုင်ပါတယ်
 

ဆူညံသံတုန့်ပြန်မှုရောဂါ  ခံစားရတဲ့ခွေးတွေဟာ ယေဘူယျအားဖြင့် မောဟိုက်ခြင်း ၊ ခြေလက်တွေ
 
ဟာ စစ်သားတွေလမ်းမလျှောက်ပဲ ဘယ်ညာဘယ်ညာတိုင်ပင်ညှိသလို မငြိမ်မသက်ဖြစ်နေခြင်း ၊ 
 
လျှာရည်တွဲကျခြင်း၊ အသားများတဆတ်ဆတ်တုန်နေတတ်ခြင်း၊ စအိုဆူထွက်လာခြင်း၊သွားကြိတ်
 
ခြင်း၊ဆီးဝမ်းမထိမ်းနိုင်ခြင်း ၊လူမမြင်အောင်ပုန်းအောင်းနေတတ်ခြင်းနဲ့ရုန်းကန်နေတတ်ခြင်းစတဲ့
 
လက္ခဏာတွေကိုပြသလာတတ်ပါတယ်
 
 
ဆူညံသံကြောက်ရောဂါစွဲနေတဲ့ အချို့ခွေးတွေကျတော့မိုးခြိမ်းသံကြားမှရောဂါလက္ခဏာပြတာမျိုး
 
တောင်မဟုတ်တော့ပဲ  မိုးအုံ့ခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးသဲသဲမဲမဲရွာတဲ့အသံကြားခြင်းစတဲ့သာမန်
 
အသံတွေလောက်နဲ့တင် ပြင်းထန်တဲ့လက္ခဏာတွေပြတတ်ကြပါတယ်
 
 
ဒီလိုရောဂါအဆင့်အထိဖြစ်လာတဲ့ခွေးတွေကိုပြန်လည်လေ့ကျင့်ပေးနိုင်ဖို့ကအဓိကအရေးပါဆုံးနည်း
 
ဖြစ်ပါတယ် ၊ ကြောက်လန့်မှုကြောင့်မိမိအနားကပ်လာတဲ့ခွေးကို ပိုင်ရှင်တွေအနေနဲ့ဥပေက္ခာပြု 
 
မထားသင့်ပဲ ဖက်လှဲတကင်းအဖော်ပြုပေးသင့်ပါတယ် ၊ သို့သော်ပွေ့ချီထားတာမျိုးတော့မလုပ်သင့် 
 
ပါဘူး ၊ အဲဒီခွေကိုအပြစ်ပေးခြင်း ငေါက်ငန်းခြင်းမပြုသင့်တဲ့အပြင် အစာကြွေးခြင်းလည်းမပြုရ
 
ပါဘူး ၊ အဲဒီလိုတွေလုပ်မိရင် ခွေးရဲ့စိုးရိမ်စိတ်ကို ဆွပေးသလိုဖြစ်စေတယ်လို့ဆိုပါတယ်
 
  
Noise phobia ဖြစ်နေတဲ့ခွေးကို တိတ်ဆိပ်ငြိမ်သက်တဲ့နေရာတစ်ခုဆီ ချက်ချင်းရွှေ့ပြောင်းပေး 
 
သင့်ပါတယ် ၊ မိုးခြိမ်းလာတော့မယ်ဆိုရင် စိတ်ငြိမ်ဆေးတစ်မျိုးမျိုးကိုကြိုတင်တိုက်ကျွေးထားသင့် 
 
ပါတယ်၊ Anxiety & Stress ဆိုတဲ့ဆေးရည်ကို ထမင်းစားဇွန်းနဲ့(၁)ဇွန်းလောက်တိုက်ထားရင်
 
 ဆူညံသံကြောက်ရွံ့မှုကိုသက်သာစေနိုင်ပါတယ်။
 
 
 
 
 
ဘာဆေးမှအလွယ်တကူမရှိရင်တော့ နွားနို့တိုက်နိုင်ပါတယ် ၊ နွားနို့ထဲမှာပါဝင်တဲ့ Tryptophan 
 
ဓါတ်ဟာ ဦးနှောက်ထဲမှာဖြစ်ပေါ်လာတဲ့ ဖိစီးမှုကိုလျှော့နည်းစေတဲ့အတွက် ကြောက်လန့်မှုကို 
 
သက်သာစေပါတယ်
 
 
နွားနို့တိုက်တဲ့အခါ တစ်ချို့ခွေးတွေဟာ ဝမ်းပျက်တတ်တဲ့အတွက်ကြောင့်  တိုက်ခါစမှာအများကြီး
 
မတိုက်သင့်ပဲ လ္ဘက်ရည်ခွက်ရဲ့လေးပုံတစ်ပုံလောက်က စတင်တိုက်သင့်ပါတယ် ၊ နောက်ပိုင်းမှာ
 
တဖြည်းဖြည်းတိုးပြီးတိုက်တာကောင်းပါတယ် ၊ နွားနို့ကို လ္ဘက်ရည်ခွက်(၂)ခွက်လောက်အထိ 
 
တိုက်ကျွေးနိုင်ပါတယ်
 
  
နောက်တစ်နည်းကတော့ မိုးခြိမ်းသလိုအသံကျယ်ကျယ်မဖြစ်ပေါ်ခင် အစာကျွေးတဲ့အခါ ခွေးအစာ
 
ခွက်ရဲ့အတွင်းနံရံမှာ ငရုတ်ကောင်းအဆီ တစ်စက်နှစ်စက်လောက်သုတ်လိမ်းပြီး ကျွေးတဲ့နည်း 
 
ဖြစ်ပါတယ် ၊ ဒီနည်းကလည်း Noise phobia ဖြစ်တဲ့လက္ခဏာတွေကို လျှော့နည်းသက်သာစေ 
 
တယ်လို့ဆိုပါတယ်။

 
Noise phobia ဖြစ်နေတဲ့ခွေးကို မှန်တံခါးတွေနားမှာမထားသင့်ပါဘူး Noise phobia ဖြစ်လာတဲ့ 
 
အခါ ထိမ်းမနိုင်သိမ်းမရလန့်ပြီးထွက်ပြေးတတ်တဲ့အတွက်ခွေးထားတဲ့အခန်းကိုလည်းလုံခြုံအောင် 
 
ပိတ်ထားသင့်ပါတယ်။
 
ဒီလို GSD Noise phobia လက္ခဏာတွေပြသနေတဲ့ခွေးကိုခွေးလှောင်အိမ်လိုနေရာကျဉ်းကျဉ်းလေး
 
ထဲမှာပိတ်လှောင်ထားတာမျိုးကို အထူးရှောင်ကျဉ်သင့်ပါတယ် ၊ အသံတွေကြောင့် ခွေးဟာအဲဒီ
 
နေရာကနေလွတ်မြောက်ဖို့ရုန်းကန်ကြိုးစားရင်း ဆိုးဆိုးရွားရွားဒါဏ်ရာအနာတရတွေဖြစ်တတ်ပါ 
 
တယ်
 
 
တစ်ချို့ခွေးပိုင်ရှင်တွေက Noise phobia ဖြစ်နေတဲ့ခွေးကို Desensitization လို့ခေါ်တဲ့နည်းနဲ့ 
 
ပြန်လည်လေ့ကျင့်ပေးကြပါတယ် ၊ သဘောကတော့ အသံနဲ့ယဉ်ပါးအောင်လေ့ကျင့်ပေးတဲ့နည်း
 
ဖြစ်ပါတယ်၊အစပိုင်းမှာမိုးခြိမ်းသံအတုကိုခွေးနားရဲ့အနားမှာတိုးတိုးညှင်းညှင်းလေးဖွင့်ပေးထားပြီး 
 
တဖြည်းဖြည်းချင်းနဲ့ အသံကျယ်လောင်မှုကိုတိုးမြှင့်ပေးပြီးတော့အသံနဲ့ယဉ်ပါးလာအောင်လေ့ကျင့်
 
ပေးတာဖြစ်ပါတယ်၊ဒါကြောင့်တစ်ကယ်မိုးခြိမ်းသံကြားတဲ့အခါ ကြောက်ရွံ့ထိတ်လန့်မှုလျှော့နည်း 
 
သွားတာကိုတွေ့ရတယ်လို့ဆိုပါတယ် ၊ ဒီနည်းကတော့ အချိန်ယူလေ့ကျင့်ပေးရမှာဖြစ်ပါတယ်။

0 မှတ်ချက်များ to “ ဆူညံသံကြောက်ရောဂါ(Noise phobia)”

Post a Comment