«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

21 Jul 2013

သားလျှောရောဂါ(Toxoplasmosis)

,
((( ကြောင်တွေမှာဖြစ်ပွားတဲ့ တိုဆိုပလပ်(စ)မိုးစစ်ရောဂါဆိုတာ )))
ဝမ်းဗိုက်ယောင်ခြင်း ၊ သားလျှောသားပျက်ခြင်းဖြစ်ပေါ်စေတဲ့ ပရိုတိုဇွားရာဂါတစ်မျိုးဖြစ်ပါတယ် …. ဒီရောဂါဟာ ကြောင်တွေမှာ အဓိကဖြစ်ပွားတဲ့ရောဂါဖြစ်ပေမယ့်အခြားသွေးနွေးသတ္တ၀ါတွေကိုလည်း ကူးစက်ဖြစ်ပွားတတ်ပါ တယ် …
((( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))
Toxoplasma gondii လို့ခေါ်တဲ့ပရိုတိုဇွားရာဂါပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပါတယ်..ရောဂါပိုးပါတဲ့ကြွက်တွေ ငှက်တွေနဲ့ တိရစ္ဆာန်တွေရဲ့အသားကို ကြောင်တွေကစားတဲ့အခါ ကြောင်တွေဆီကိုရောဂါပိုးရောက်ရှိလာပါတယ် . . . . .
((( ရောဂါဖြစ်စဉ် )))
Toxoplasmagondii ရောဂါပိုးဟာ…ကြောင်တွေရဲ့အူလမ်းကြောင်းထဲမှာရှိနေချိန်မှာမျိုးပွားကြ
ပါတယ်အူထဲမှာအများကြီးပေါက်ပွားလာတဲ့အခါ ကြောင်ရဲ့မစင်နဲ့အတူ ပါလာပြီး .. 
ပတ်ဝန်းကျင်မှာ ဒီရောဂါပိုးတွေ ပြန့်နှံ့ ရောက်ရှိကုန်ကြပါတယ် 
(((  ကူးစက်ပုံ  ))) 
 ဒီရောဂါဖြစ်ပွားနေတဲ့ကြွက်တွေငှက်တွေကိုစားမိရင်ဖြစ်စေ …ရောဂါပိုးရောနှောပါရှိနေတဲ့အစာ ကိုစားမိရင်ဖြစ်စေ…ကြောင်တွေမှာဒီရောဂါဖြစ်တတ်ပါတယ်…
ဒီရောဂါရှိတဲ့လူနဲ့ကြောင်တွေမှာ မိခင်ကနေသန္ဓေသား ဆီကို အချင်းကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ် .. 
    ((( ရောဂါလက္ခဏာများ )))
Toxoplasma gondii ရောဂါပိုးဟာ ကြောင်မှာတော့ရာဂါလက္ခဏာတာရှားပါတယ် ကြောင်ရဲ့အူလမ်းကြောင်းထဲကနေ ခန္တာကိုယ်ရဲ့ အခြားအင်္ဂါတွေဆီကို ပြန့်နှံ့ရောက်ရှိသွားတဲ့အခါမှာ ရောဂါလက္ခဏာတွေပေါ်လာတတ်ပါတယ် Toxoplasma gondii ရောဂါပိုးဟာ မျက်စေ့ ၊ အဆုပ် ၊ ဦးနှောက် ၊ ကျောရိုးအာရုံကြောမကြီးနဲ့ ပြန်ရည်ကြောစံနစ်တွေကို ထိခိုက်စေပါတယ် .. ..       ဒီရောဂါဖြစ်ပွားတဲ့ကြောင်တွေဟာ အစားအသောက်ပျက်လာပါမယ်…ချောင်းဆိုးပြီးအသက်ရှု  နှုန်းမြန်နေတတ်ပါတယ်…ပိန်ချုံးသွားခြင်း ၊ ၀မ်းပျက်ခြင်း ၊ ဖျားခြင်း ၊ ၀မ်းဗိုက်ဖောင်းလာခြင်း…လင့် အကြိတ်တွေ ယောင်ရမ်းလာခြင်းတို့ကိုတွေ့ရပြီး ဇီးရှိတဲ့ကြောင်မကြီးတွေမှာ ကလေးအသေမွေးခြင်း ကလေးပျက်ကျခြင်းစတာတွေကိုလည်း တွေ့ရတတ်ပါတယ် 
 ((( ရောဂါရှာဖွေခြင်း )))
ကြောင်ရဲ့မစင်ထဲမှာ Toxoplasma gondii ရောဂါပိုးပါဝင်မှုရှိမရှိ…. ဓါတ်ခွဲခန်းမှာ စစ်ဆေး ကြည့်ရမှာဖြစ်ပါတယ်…ပိုပြီးတိတိကျကျသိနိုင်ဖို့ ဓါတ်ခွဲခန်းမှာ  ELISA   လို့ခေါ်တဲ့သွေးရည်ကြည် စစ်ဆေးနည်းနဲ့လည်း  စစ်ဆေးကြည့်လို့ရပါတယ် …
((( ကုသခြင်း )))
ရောဂါပြင်းထန်နေတဲ့ကြောင်တွေကို clindamycin ဆေးနဲ့ထိထိရောက်ရောက်ကုသလို့ရပါတယ်. 
  ကြာင်ရဲ့အူလမ်းကြောင်းထဲကနေ ပိုးမျိုးစေ့တွေမစွန့်ထုတ်နိုင်အောင်လည်း ဒီဆေးကို ကြိုတင် တိုက်ကျွေးလို့ရပါတယ်…
((( ကြိုတင်ကာကွယ်ခြင်း )))                 
ကြောင်တွေကို အသားစိမ်းတွေမကျွေးသင့်ပါဘူး… ကျက်အောင် ချက်မထားရသေးတဲ့ နွားနို့ အစိမ်းကိုလည်း မတိုက်သင့်ပါဘူး 
((( လူထုကျန်းမာရေး )))
ကြောင်ရဲ့မစင်ထဲမှာပါလာတတ်တဲ့ Toxoplasma gondii  ပိုးဟာ လူကိုကူးစက်နိုင်ပါတယ် သတိပြုသင့်တာက ကြောင်ကနေတိုက်ရိုက်ကူးစက်တာမဟုတ်ပါဘူး၊ကြောင်ရဲ့မစင်နဲ့အတူ ပါလာ တဲ့ Toxoplasma gondii  ပိုးတွေဟာ ပတ်ဝန်းကျင်မှာရှိနေနိုင်ပါတယ်…အဲဒီပိုးတွေကို အစား အသောက်နဲ့အတူရောစားမိလို့ကူးစက်ခံရတာဖြစ်ပါတယ် … အိမ်မှာကြောင်မရှိပေမယ့်လည်း ဒီရောဂါကူးစက်ခံရနိုင်ပါတယ်…အမဲသား၊ ၀က်သားတွေကို အသားတုံးကြီးကြီး ချက်ပြုတ်စားသောက် တဲ့ အခါ ပိုးအကုန်မသေနိုင်ပါဘူး …. နွားနို့ကို ကျက်အောင်မချက်ပဲသောက် ခြင်း…အသီးအရွက်တွေ စားသောက်တဲ့အခါ ရေပြောင်စင်အောင် မဆေးခြင်းစတာတွေကြောင့်ရောဂါပိုးဝင်ရောက်နိုင်တာဖြစ်ပါ တယ်…ကိုယ်ဝန်ရှိနေတဲ့အခါရောဂါပိုးဝင်ရောက်လာရင်တော့ကလေးအသေမွေးတာတို့၊ ကလေးပျက် ကျတာတို့အပြင် ဦးနှောက်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိတဲ့ကလေးတွေမွးဖွားလာနိုင်ပါ တယ် …

0 မှတ်ချက်များ to “သားလျှောရောဂါ(Toxoplasmosis)”

Post a Comment