«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

26 Jul 2013

လေဖြတ်ရောဂါ(Neosporosis)

,
((( နီယိုစပိုရိုးစစ်ရောဂါ ဆိုတာ )))
ခွေးတွေနဲ့ အသီးအရွက်စားသတ္တ၀ါတွေမှာအဓိကဖြစ်ပွားတဲ့ရောဂါဖြစ်ပေမယ့် ဒီရောဂါပိုးဟာ နွားတွေမှာလည်း...ကြားခံအနေနဲ့ခိုအောင်းနေနိုင်ပါတယ် … 
((( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))
ဒီရောဂါက  Neosporum caninum လို့ခေါ်တဲ့ ပရိုတိုဇွားရောဂါပိုးကြောင့် ဖြစ်ပွားရခြင်း    ဖြစ်ပါတယ်  …
((( ကူးစက်ပုံ )))
          ရောဂါပိုးရှိနေတဲ့ အမဲသားအစိမ်းကို ကျွေးမိရင်…ရောဂါကူးစက်နိုင်ပါတယ် .. ရောဂါရထားတဲ့ ကိုယ်ဝန်ဆောင်ခွေးမကြီးကနေ…သူ့ရဲ့သားငယ်လေးတွေဆီကို.. အချင်းကနေတဆင့်လည်း ရောဂါ ကူးစက်စေနိုင်ပါတယ် …
((( ရောဂါလက္ခဏာများ )))
          ဒီရောဂါဖြစ်နေတဲ့ ခွေးအတော်တော်များများမှာ ကြွက်သားနဲ့ အာရုံကြောဆိုင်ရာရောဂါ လက္ခဏာတွေပြသတတ်ပါတယ် … တစ်ချို့ခွေးတွေဆိုရင် လေဖြတ်သွား တတ်ပါတယ်… အဆုပ် ယောင်ပြီးမောပန်းခြင်းအပြင်…နှလုံးကိုထိခိုက်တဲ့လက္ခဏာတို့… အရေပြားဆိုင်ရာပြသနာတို့ ဖြစ်လာတတ်ပါတယ် .. 
((( ရောဂါရှာဖွေခြင်း )))
ဒီရောဂါဖြစ်ကြောင်း သံသယရှိတဲ့ခွေးရဲ့ သွေး(သို့)အသားစကိုရယူပြီးတော့ ဓါတ်ခွဲခန်းမှာ စစ်ဆေး ကြည့်ရမှာဖြစ်ပါတယ် …
((( ကုသခြင်း )))
Clindamycin, pyrimethamine,  နဲ့  sulfadiazine  ဆေးတွေနဲ့ကုသပေးနိုင်ပါတယ်
((( ကြိုတင်ကာကွယ်ခြင်း )))
အမဲသားစိမ်းတွေ ကျွေးတာမျိုးမလုပ်သင့်ပါဘူး.. ဒီရောဂါပိုးက ခွေးနဲ့နွားအပြန်အလှန် ကူးစက် နေတတ်တဲ့အတွက် ခွေးနဲ့ နွားအတူမမွေးသင့်ပါဘူး… 
((( လူထုကျန်းမာရေး )))
နီယိုစပိုရိုးစစ်ရောဂါပိုးဟာ…လူတွေကိုကူးစက်တတ်တဲ့အထောက်အထားမတွေ့ရသေးကြောင်းတင်ပြအပ်ပါတယ်

0 မှတ်ချက်များ to “ လေဖြတ်ရောဂါ(Neosporosis)”

Post a Comment