«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

26 Jul 2013

သားလျှောရောဂါ(Brucellosis)

,
ခွေးတွေသားလျှောတာ(ကလေးပျက်ကျတာ)ဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ် … ဒါပေမယ့် အဖြစ်များတာကတော့ ဘရူဆယ်လိုးစစ်(BRUCELLOSIS )လို့ခေါ်တဲ့ရောဂါကြောင့်ဖြစ်ပါတယ် .. ဒီရောဂါဟာ ခွေးတွေမှာ သားပျက်ကျတာတွေ သားမအောင်တာတွေဖြစ်တတ်ပါတယ် … Brucella canis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင်းဖြစ်ပွားရတာဖြစ်ပါတယ် … မွေးခါနီး (၂)ပါတ်ခန့်အလိုမှာ ကလေးပျက်ကျပြီး ကလေးအသေ သို့မဟုတ်မသန်စွမ်းတဲ့ခွေးလေးတွေမွေးလာတတ်ပါတယ်…ရောဂါရှိနေတဲ့ခွေးရဲ့လိင်အင်္ဂါက ထွက်တဲ့အရာတိုင်းမှာ ရောဂါပိုးတွေ ရှိနေတတ်ပါတယ် … ဒါကြောင့် ရောဂါရှိတဲ့ခွေးနဲ့ အတူထားရင် သူတို့ရဲ့သဘာဝအတိုင်း ရောဂါပိုးတွေဟာ တခြားခွေးရဲ့ပါးစပ်ထဲကိုရောက်ရှိသွားပြီး ကူးစက်ပါတော့တယ်…အဲဒီကမှတဆင့် သူ့ရဲ့မျိုးပွားလမ်းကြောင်ရှိရာကို ရောဂါပိုးကရောက်ရှိသွားပြီး ရောဂါဖြစ်စေတာပါပဲ… …နောက်ပြီးတော့ ရောဂါရှိတဲ့ခွေးနဲ့ မိတ်လိုက်မိရင်လည်း ရောဂါပိုးတွေဟာ မျိုးပွားလမ်းကြောင်းထဲကို   တိုက်ရိုက်ရောက်ရှိသွားပြီးတော့ ရောဂါ ကူးစက်စေပါတယ်………ဒီရောဂါရှိမရှိကို သွေးကိုဖောက်ယူပြီးဖြစ်စေ … သားပျက်တဲ့အခါမှာ ရရှိတဲ့ အသားစ(သို့)ကလေးအချင်းကို ဓါတ်ခွဲခန်းမှာစစ်ဆေးကြည့်ရင် သိရှိနိုင်ပါတယ်…         .. ဒီရောဂါ ကူးစက်ခံရပြီဆိုရင် ကုသလို့ရပေမယ့် … (၈၀)ရာခိုင်နှုန်းကိုသာ လုံးဝပျောက်ကင်းအောင် ကုသလိုရတာဖြစ်ပြီး ကျန်တဲ့(၂၀)ရာခိုင်နှုန်းသောခွေတွေဟာ ရောဂါပျောက်ကင်းသက်သာသွားပေမယ့် …
ရောဂါပိုးကိုသယ်ဆောင်ထားတဲ့ Carrier တွေအဖြစ်နဲ့ရှိနေတတ်ပါတယ် … ဒီတော့ ဒီရောဂါကို ဒီကမ္ဘာမြေပေါ်ကနေ လုံးဝ ပပျောက်သွားအောင်လုပ်ဖို့ဆိုတာ မလွယ်ကူလှဘူးလို့ပြောနိုင်ပါတယ် … ကူးစက်မှုမရှိအောင် မိမိရဲ့ခွေးကို သားတင်သားစပ်လုပ်တော့မယ်ဆိုရင်…ရောဂါကင်းတာသေချာတဲ့ခွေးနဲ့သာပြုလုပ်သင့်ပါတယ်….ဒီရောဂါဟာ လူကိုတော့ ကူးစက်ခဲလှပါတယ် … ဒါပေမယ့် သားပျက်ချိန်မှာ ကလေးအသေကို ကိုင်တွယ်တဲ့အခါ … ရာဘာလက်အိပ်စွပ်ပြီး စနစ်တကျကိုင်တွယ်ဖို့တော့ အရေးကြီးပါတယ် … ကူးစက်ခဲတယ်ဆိုပြီး ပေါ့ပေါ့ဆဆကိုင်တွယ်တာမျိုးကိုတော့ရှောင်သင့်ပါတယ် …

0 မှတ်ချက်များ to “သားလျှောရောဂါ(Brucellosis)”

Post a Comment