«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

21 Jul 2013

ဟစ်(စ)တိုပလပ်(စ)မိုးစစ်ရောဂါ(Histoplasma capsulatum)

,
ဒီရောဂါပိုးတွေဟာ လင်းနို့ကြွက်တွေနဲ့ ကြက်တွေ ငှက်တွေရဲ့ မစင်ထဲမှာ ပါရှိတတ်ပါတယ် … နိုက်တြိုဂျင်ဓါတ် များတဲ့မြေကြီးရှိတဲ့နေရာတွေမှာဆိုရင် ဒီရောဂါပိုးဟာ အလွယ်တကူ ပေါက်ပွားနိုင် တာမို့ အဲဒီနေရာမျိုးတွေမှာ ရောဂါပိုပြီးအဖြစ်များတာတွေ့ရပါတယ် ..
((( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))
Histoplasma capsulatum ပိုးကြောင့်ဖြစ်ပွားခြင်းဖြစ်ပါတယ်..ဒီရောဂါပိုးဟာ စပိုးလို့ခေါ်တဲ့ အကာအကွယ်ယူထားတဲ့အသွင်နဲ့ ပတ်ဝန်းကျင်ဒါဏ်ကို အံတုပြီးတော့..အကြာကြီးအသက်ရှင်နေနိုင် ပါ တယ် ..
((( ကူးစက်ပုံ )))
ရောဂါပိုးတွေပါနေတဲ့လေကို ရှုသွင်းမိရာကနေပြီး ရောဂါကူးစက်ခံရတာ ဖြစ်ပါတယ် ..
((( အဖြစ်များသောအသက်အရွယ် )))
ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ် …
((( ရောဂါလက္ခဏာများ )))
ခန္တာကိုယ်အတွင်းကိုရောဂါပိုးဝင်ရောက်နေပြီး ရောဂါရရှိနေရင်တောင်မှ…ရောဂါလက္ခဏာ တွေထင်ထင် ရှားရှား မပေါ်တာများပါတယ်…တစ်ချို့ခွေးတွေမှာတော့အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာ အနည်းငယ်ပြသတတ်ပါတယ် …ချောင်းဆိုးပါမယ်…ဖျားတာ အန်တာ … ၀မ်းပျက်တာတွေ ဖြစ်ပွားစေပါတယ်…သိသိသာသာပိန်သွားပါမယ်…အာသီးယောင်မယ်..လင့်အကျိတ်တွေယောင်ပါ မယ်…၀မ်းသွားတဲ့အခါ အရည်ကျဲများအလွန်အကျွံ ပန်းခြင်းဖြစ်တတ်ပါတယ်
((( ရောဂါရှာဖွေခြင်း )))
ရောဂါဖြစ်ကြောင်း သံသယရှိတဲ့ခွေးကို ဓါတ်မှန်ရိုက်ပြီးစစ်ဆေးကြည့်ရင် ရောဂါရှိမရှိသိရှိနိုင် ပါတယ် …သူ့ရဲ့သွေးကို ဓါတ်ခွဲခန်းပို့ပြီး ရောဂါပိုးပါဝင်မှု ရှိမရှိစစ်ဆေးကြည့်လို့လည်း ရပါတယ် … လို၏အပ်ရင်ပိုးကို မွေးပြီးစစ်ဆေးကြည့်ရမှာဖြစ်ပါတယ်  …. ဓါတ်မှန်ရိုက်ပြီးစစ်ဆေးကြည့်ရင်လည်း ရောဂါရှိမရှိ သိရှိနိုင်ပါတယ် …
((( ကုသခြင်း )))
ခွေးကလေးကို  imidazole  အုပ်စုဝင်မှိုသတ်ဆေးတွေနဲ့ကုသပေးရပါတယ်…ketoconazole  itraconazole ,  နဲ့  fluconazole ဆေးတွေနဲ့ ထိထိ ရောက်ရောက်ကုသပေးနိုင်ပါတယ်..အခြေအနေ သိပ်ဆိုးနေတဲ့ခွေဆိုရင် အဲဒီဆေးတွေနဲ့အတူ amphotericin B ဆေးကိုတွဲဖက်ကုသပေးရမှာဖြစ်ပါ တယ် … amphotericinB ဆေးဟာ ကျောက်ကပ် ကိုပျက်ဆီစေနိုင်တာမို့ ကျွမ်းကျင်တဲ့ဆရာဝန်က ညွန်ကြားမှတိုက်တာကောင်းပါတယ်…မှိုသတ်ဆေးတွေပေးတဲ့အခါမှာလပေါင်းအတော်တော်ကြာကြာ ကုသပေးရတတ်ပါတယ် .. ရောဂါလက္ခဏာ တွေပျောက်ကင်းသွားပြီးရင်တောင်မှ  အချိန် အတန်ကြာ အထိ ဆေးတွေကိုဆက်လက်တိုက်ကျွေးပေးရ အုံးမှာ ဖြစ်ပါတယ် … အဲဒီလိုမှ စနစ်တကျမကုသရင် ရောဂါပြန်ပေါ်လာနိုင်ပါတယ် …
((( လူထုကျန်းမာရေး )))
ဟစ်(စ)တိုပလပ်(စ)မိုးစစ် ပိုးဟာ လူတွေကိုလည်းကူးစက်ဖြစ်ပွားစေတတ်ပါတယ်…ရောဂါ ဖြစ်နေတဲ့ခွေးကနေကူးစက်တာမဟုတ်ပါဘူး ….  ရောဂါပိုးတွေပါနေတဲ့လေကို ရှုသွင်းမိရာကနေပြီး ရောဂါကူးစက်ခံရတာ ဖြစ်ပါတယ် ..

0 မှတ်ချက်များ to “ဟစ်(စ)တိုပလပ်(စ)မိုးစစ်ရောဂါ(Histoplasma capsulatum)”

Post a Comment