«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

27 Jun 2017

ခွေးမအားသားတင်ပေးခြင်းနှင့် မြိုင်သံသရာအကြောင်းသိကောင်းစရာ

,
ခွေးမတွေရဲ့ မြိုင်သံသရာကိုလေ့လာရင်
(၁)   proestrus
(၂)   estrus
(၃)   diestrus နဲ့
(၄)   anestrus ဆိုပြီးတော့ အဆင့်(၄)ဆင့်ခွဲခြားလေ့လာနိုင်ပါတယ်
အဆင့်(၁) Proestrus 
ဒီအဆင့်ဟာ ခွေးမရဲ့ ရာသီစက်ဝန်းတစ်ခုစတင်တဲ့ကာလဖြစ်ပါတယ် ၊ များသောအားဖြင့် (၉)ရက်လောက် ကြာတတ်ပါတယ် ၊

ဒီအဆင့်မှာခွေးမရဲ့တန်ဆာကနေ သွေးရောင်လွှမ်းတဲ့အကျိအချွဲတွေဆင်းတာကိုတွေ့ရပါတယ် ခွေးမရဲ့တန်ဆာဟာ အတန်အသင့် စတင်ဖူးယောင်လာတာကိုတွေ့ရပြီး ခွေးထီးကိုစတင်ဆွဲဆောင် 
ပါတယ် ၊ ဒါပေမယ့် တကယ်တန်းမိတ်လိုက်ဖို့လက်ခံခြင်းတော့မပြုသေးပါဘူး ၊ ခွေးမဟာပိုမိုရွှင်မြူးစွာဆော့ကစားလာတာကိုတွေ့ရပါမယ် ၊ အဲဒါကတော့ ခွေးမရဲ့မျိုးဥအိမ်ကနေ 
အမဟော်မုန်းဓါတ်ကိုတိုးမြင့်ထုတ်လုပ်ပေးနေပြီဆိုတဲ့သင်္ကတဖြစ်ပါတယ် ၊

ဒီအချိန်မှာ ခွေးမရဲ့တန်ဆာကထွက်တဲ့အရည်ကို ဓါတ်ခွဲခန်းမှာစစ်ဆေးကြည့်ရင် တန်ဆာရဲ့နံရံက
ကွာကျလာတဲ့ ဆဲလ်အမျိုးမျိုးကိုတွေ့ရမှာဖြစ်ပါတယ် ၊ 

အဆင့်(၂)   estrus
ဒီအဆင့်ရောက်လာတဲ့အခါ ခွေးမဟာ မိတ်လိုက်ဖို့အတွက် ခွေးထီးကိုစတင်လက်ခံလာတာတွေ့ရပါမယ် ၊ ခွေးထီးကိုပြန်လည်ဆော့ကစားရင်း မိတ်လိုက်ဖို့လက်ခံလာပါမယ် ၊ သေသေချာချာသတိထားကြည့်ရင် ဒီအဆင့်မှာ ခွေးမရဲ့တန်ဆာဟာ သိသိသာသာပျော့အိလာပြီးဖောင်းကြွမှု အမြင့်ဆုံးအနေအထားမှာရှိနေ ပေမယ့် တန်ဆာကနေဘာအကျိအချွဲမှ မဆင်းတော့တာကိုတွေ့ရပါတယ် ၊
ဒီလိုဖြစ်ရခြင်းကတော့ ခွေးမရဲ့သွေးထဲမှာ မြင့်တက်နေတဲ့ အမဟော်မုန်းဓါတ်ကျဆင်းလာခြင်းနဲ့ အဖိုဟော်မုန်းဓါတ်အချိုးအစား မြင့်တက်လာခြင်းကြောင့်ဖြစ်ပါတယ် ၊အဲဒီအချိန်မှာမှခွေးထီးကိုစတင် လက်ခံတယ်ဆိုတာကို သိထားရပါမယ် ၊

ဒီအဆင့်မှာ ခွေးမရဲ့တန်ဆာကထွက်တဲ့အရည်ကို ဓါတ်ခွဲခန်းမှာစစ်ဆေးကြည့်ရင် တန်ဆာရဲ့နံရံက
ကွာကျလာတဲ့ဆဲလ်တွေဟာ (၈၀-၁၀၀%) လောက်အထိများပြားနေတာကိုတွေ့ရပါတယ် ၊ အရည်ထဲမှာ
သွေးနီဥပါဝင်မှုရာခိုင်နှုန်းကတော့ မရှိသလောက်နည်းပါးနေပါတယ် ၊ အဆင့်(၂)ဖြစ်တဲ့ estrusအဆင့်ဟာ
များသောအားဖြင့်(၉)ရက်လောက်ပဲကြာတတ်ပေမယ့် (၃)ရက်ကနေ(၃)ပါတ်လောက်အထိ အပြောင်းအလဲ
ရှိနိုင်ပါတယ် ၊

ခွေးမက ခွေးအထီးကိုလက်ခံတဲ့ကာလဟာ သူ့ရဲ့သွေးအတွင်းမှာရှိနေတဲ့အဖိုဟော်မုန်းပမာဏနဲ့သာ
သက်ဆိုင်ပြီး ခွေးတစ်ကောင်နဲ့တစ်ကောင်မတူနိုင်ပါဘူး ၊ တစ်ချို့ခွေးမတွေကရက်အတော်
ကြာအထိ ခွေးအထီးကိုလက်ခံပေမယ့် တစ်ချို့ခွေးမတွေကနာရီပိုင်းလောက်ပဲလက်ခံတာမျိုးလည်းရှိ
ပါတယ် ၊ ခွေးထီးကိုလက်ခံတဲ့အချိန်နဲ့ သားအောင်နိုင်မယ့်အချိန်ကလည်းဆက်နွယ်မှုမရှိပဲ သီးခြားစီဖြစ်
တယ်ဆိုတာကို သတိပြုသင့်ပါတယ် 

သားအောင်ချိန်
သားအောင်နိုင်တဲ့အချိန်ဟာ ခွေးမရဲ့ဦးနှောက်ထဲမှာရှိတဲ့ ပီကျူထရီဂလင်းကထုတ်ပေးနေတဲ့ မျိုးဥခြွေဟော်မုန်း  luteinizing hormone (LH) အပေါ်မှာ လုံးလုံးမူတည်နေတာဖြစ်ပါတယ်

မျိုးဥခြွေဟော်မုန်းပမာဏမြင့်တက်လာပြီး(၂)ရက်လောက်အကြာမှာ အမမျိုးဥတွေစတင်ကြွေကျလာပါတယ်
ဒါပေမယ့် စတင်ကြွေကျတဲ့အမမျိုးဥတွေဟာ မျိုးမအောင်နိုင်တဲ့မျိုးဥတွေသာဖြစ်ပါတယ် ၊ အမမျိုးဥတွေဟာ
အဲဒီရက်အတွင်းမှာ ဆက်တိုက်ကြွေကျနေတာဖြစ်ပြီး စတင်ကြွေကျချိန်ကစပြီး(၁-၃)ရက်အရောက်မှာတော့
ဒုတိယအဆင့်အနေနဲ ့မျိုးအောင်နိုင်တဲ့မျိုးဥတွေကြွေကျလာလေ့ရှိပါတယ် 

မျိုးအောင်နိုင်တဲ့မျိုးဥတွေဟာ သားအိမ်ထဲမှာ(၂-၃)ရက်အထိ အသက်ရှင်သန်နိုင်ပါတယ် ဒါကြောင့် မျိုးဥခြွေဟော်မုန်း luteinizing hormone (LH) မြင့်တက်လာပြီးနောက် (၆-၇)ရက်အတွင်းဟာ သားအောင်နိုင်တဲ့ရက်တွေဖြစ်တယ်လို့ဆိုနိုင်ပါတယ် ၊ ယေဘုယျအားဖြင့် မျိုးဥခြွေဟော်မုန်းထွက်လာပြီး (၃)ရက်မြောက်နေ့ဟာ သားအောင်ဖို့အကောင်းဆုံးရက်ဖြစ်တတ်ပါတယ်

ခွေးမရဲ့သွေးထဲမှာ အဖိုဟော်မုန်းစတင်မြင့်တက်လာချိန်ဟာ မျိုးဥခြွေဟော်မုန်းထွက်လာချိန်ဖြစ်နေပြန်
ပါတယ် ၊ ဒီအချက်ဟာထူးခြားတဲ့အချက်ပါပဲ

အရင်တုန်းကတော့ခွေးမရဲ့တန်ဆာကထွက်တဲ့အရည််(Vaginal Smear) ကို မှန်ပြားပေါ်တင်စစ်ဆေးပြီး တန်ဆာရဲ့နံရံကကွာကျလာတဲ့ဆဲလ်တွေပါျွှင်မှုရ၀% အထိဖြစ်လာချိန်ကို သားတင်ရမယ့်ရက်အဖြစ်
စောင့်ကြည့်ခဲ့ကြရပါတယ်
ဒီလိုစစ်ဆေးမှုကို မြိုင်သံသရာရဲ့အဆင့်(၁)စတင်ချိန်ကစပြီး (၂)ရက်မြောက်တိုင်းစစ်ဆေးနေရတာ
ဖြစ်ပါတယ် ၊

အခုနောက်ပိုင်းမှာ တန်ဆာကထွက်တဲ့အရည််(Vaginal Smear) ကိုစစ်ဆေးတဲ့နည်းထက် ပိုမိုလွယ်ကူ
တဲ့အပြင် ပိုမိုတိကျစွာသိရှိနိုင်တဲ့ သွေးထဲကအဖိုဟော်မုန်းကိုစစ်ဆေးခြင်းနည်းနဲ့သားတင်ရမယ့်ရက်ကို
တွက်ချက်လာကြပါပြီ ၊  ခွေးမရဲ့မြိုင်သံသရာ အဆင့်(၁)စတင်ချိန်ကစပြီး နေ့စဉ်နေ့တိုင်း သွေးဖောက်
စစ်ဆေးနေရမှာဖြစ်ပါတယ် ၊ သွေး(၁)စီစီမှာ အဖိုဟော်မုန်းပမာဏ(၂-၃)နာနိုဂရမ်နှုန်း စတင်တွေ့တဲ့ရက်
ဟာ အဖိုဟော်မုန်းစထွက်လာတဲ့ရက်ဖြစ်တယ်လို့ဆိုပါတယ်

အထက်မှာရှင်းပြခဲ့သလိုအဖိုဟော်မုန်းစထွက်လာတဲ့အချိန်ဟာ မျိုးဥခြွေဟော်မုန်းထွက်လာချိန်နဲ့ အတူတူ
ဖြစ်တာကြောင့်၊သွေးထဲကမျိုးဥခြွေဟော်မုန်းကိုစစ်နေမယ့်အစား စစ်ဆေးရတာလည်းလွယ်ကူပြီး 
ကုန်ကျစရိတ်လည်းသက်သာတဲ့ အဖိုဟော်မုန်းပမာဏစစ်ဆေးခြင်းကိုပြုလုပ်ကြတာဖြစ်ပါတယ်

တနည်းအားဖြင့် အဖိုဟော်မုန်းစထွက်လာတဲ့ရက်ဟာ မျိုးဥခြွေဟော်မုန်းစထွက်လာတဲ့ရက်ပဲဖြစ်ပါတယ်
အဲဒီနေ့ကို “day zero” လို့မှတ်သားထားရပါတယ် အဲဒီ  “day zero” ကနေစတင်ရေတွက်ရင် (၂-၇)ရက်အတွင်းမှာ သားအောင်နိုင်ခြေရှိပါတယ် ၊ များသောအားဖြင့် “day three”  နေ့ဟာသားအောင်မှု
အတွက် အကောင်းဆုံးရက်ဖြစ်ပါတယ် ၊ အဲဒီနေ့မှာ ခွေးမကိုသားတင်ပေးရမှာဖြစ်ပါတယ် ။

Estrus အဆင့်ပြီးဆုံးဖို့ပြင်ဆင်တဲ့ကာလကို အချို့ပညာရှင်တွေက Metestrus လို့ခေါ်ကြပါသေးတယ် ဒီအဆင့်ကတော့ (၄-၆) ရက်လောက်ကြာတတ်ပါတယ် ၊ ဒီအဆင့်မှာမျိုးဥအိမ်မှာ    corpus luteum လို့ခေါ်တဲ့ သားထိမ်းအကြိတ် စတင်ဖြစ်ပေါ်လာတဲ့ကာလဖြစ်ပါတယ် ၊ Metestrus အဆင့်ဟာ  estrus အဆင့်ရဲ့နောက်နားလေးကပ်ပြီးဖြစ်ပေါ်တဲ့အဆင့်ဖြစ်လို့ estrus အဆင့်နဲ့ရောနေတဲ့အဆင့်ဖြစ်ပါတယ် ၊
ဒီအဆင့်မှာ အမတန်ဆာကထွက်တဲ့အရည်မှာ သွေးဖြူဥတွေနဲ့ မျိုးပွားအင်္ဂါအတွင်းသားတွေရဲ့အောက်
အလွှာမှာရှိတဲ့ဆဲလ်တွေ ပိုမိုပါဝင်လာတတ်ပါတယ်

မျိုးပွားအင်္ဂါရဲ့အတွင်းသားအလွှာတွေအားလုံးဟာ ထူထူထဲထဲဖြစ်နေချိန်ဖြစ်ပါတယ်၊
အဆင့်(၁) Proestrus  နဲ့ အဆင့်(၂) estrus မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကို “heat” လာနေတယ်လို့
ပြောလေ့ရှိကြပါတယ် 

အဆင့်(၃)   diestrus 
ဒီအဆင့်ဟာ မျိုးအောင်သွားသည်ဖြစ်စေ မအောင်သည်ဖြစ်စေ ရက်ပေါင်း(၆၀)လောက်ကြာပါတယ် ၊ အမတန်ဆာရဲ့ဖောင်းကြွမှုလျှော့ကျလာပြီး ခွေးထီးကိုဆွဲဆောင်မှုမရှိတော့တဲ့ကာလဖြစ်ပါတယ် ၊ အမတန်ဆာအရည်မထွက်တော့တာကများပါတယ် (တစ်ချို့ခွေးတွေမှာတော့ အဖြူရောင်ပျစ်ချွဲချွဲ
အရည်ထွက်တတ်ပါတယ်) ၊ စစ်ဆေးကြည့်ရင်ဆဲလ်တွေပါဝင်မှုနည်းလာပြီး ဆဲလ်အပျက်အစီးအဖတ်တွေ
ကြောင့် အဖြူရောင်ပျစ်ချွဲချွဲဖြစ်နေတာဖြစ်ပါတယ် ၊ ဒီအဆင့်ရဲ့ထူးခြားချက်ကတော့ corpus luteum လို့
ခေါ်တဲ့ သားထိမ်းအကြိတ် ပီပီပြင်ပြင်ဖြစ်ပေါ်နေတဲ့ကာလဖြစ်ပါတယ် ၊ မျိုးဥခြွေချပြီး (၂၅)ရက်လောက်မှာ မျိုးအောင်သွားသည်ဖြစ်စေ မအောင်သည်ဖြစ်စေ သွေးထဲကအဖိုဟော်မုန်းပမာဏက အမြင့်ဆုံး
အနေအထားကိုရောက်လာပါတယ် ၊ မျိုးဥခြွေချပြီး (၁၅)ရက်အကြာမှာနှိုင်းယှဉ်စစ်ဆေးကြည့်ရင် မျိုးအောင်သွားတဲ့ခွေးမတွေရဲ့သွေးထဲကအဖိုဟော်မုန်းပမာဏဟာ မျိုးမအောင်တဲ့ခွေးမတွေထက် နည်းနည်း ပိုများနေတတ်ပါတယ် 

အဆင့်(၄)   anestrus 
ဒီအဆင့်ကတော့ ရက်ပေါင်း(၆၀-၂၀၀) ကြားမှာအပြောင်းအလဲရှိနိုင်ပေမယ့် များသောအားဖြင့်တော့ ရက်ပေါင်း(၁၂၀)လောက်ကြာပါတယ် ၊  Anestrus  အဆင့်မှာ မျိုးပွားမှုဆိုင်ရာအလုပ်တွေလုပ်တာ အနည်းဆုံးကာလအပိုင်းအခြားဖြစ်ပါတယ် ၊ အမမျိုးဥအိမ်ဟာ ဒီအဆင့်ပြီးဆုံးချိန်နားလောက်အထိ
ငြိမ်သက်နေတတ်ပါတယ် ၊ ကိုယ်ဝန်ရခဲ့တဲ့ခွေးမတွေမှှာလည်း ဒီအဆင့်ရဲ့ကြာမြင့်တဲ့ကာလက မပြောင်းလဲပါဘူး ၊ Anestrus  ကာလအတွင်း သွေးထဲမှာရှိနေတဲ့ အမဟော်မုန်းပမာဏဟာ အတန်အသင့်မြင့်နေတတ်ပေမယ့် ၊ proestrus  ကာလလောက်တော့မများပါဘူး ၊ အဖိုဟော်မုန်းပမာဏ
ကတော့ 0.5 ng/ml  အောက်မှာပဲရှိနေတတ်ပါတယ် ၊
anestrus အဆင့်မှာအမတန်ဆာကထွက်လာတဲ့အရည်ကိုစစ်ဆေးကြည့်တဲ့အခါ အခြားအဆင့်တွေနဲ့ နှိုင်းစာရင် ဆဲလ်အရေအတွက် အနည်းငယ်ဆုံးပါဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။

1 မှတ်ချက်များ:

  • 14 August 2021 at 16:10
    Unknown says:

    Plz unicode

Post a Comment