«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

16 Sept 2020

ရောဂါငါးမျိုးစပ်ကာကွယ်ဆေး(DHPPL)

,

 
ဒီကာကွယ်ဆေးထိုးနှံပြီးကာကွယ်ထားနိုင်တဲ့ရောဂါတွေကတော့
 
 
 
 
 
(၅) ခွေးလက်ပတိုစပိုင်ရိုးဆစ်ရောဂါ(Canine Leptospirosis)တို့ ဖြစ်ပါတယ်။
 
ဒီကာကွယ်ဆေးကိုခွေးပေါက်စလေးတွေအသက်(၆)ပါတ်သားအရွယ်မှာစတင်ထိုးနှံ
ပေးရပါမယ်၊ ပထမဆုံးအကြိမ်စတင်ထိုးနှံတဲ့ရက်ကနေ(၂-၃)ပါတ်မြောက်တိုင်း
တစ်ကြိမ်နှုန်းနဲ့ ခွေးရဲ့အသက်(၁၆)ပါတ်သားအရွယ် ရောက်တဲ့အထိထိုးနှံပေးသင့်
ကြောင်းဆေးကုမ္ပဏီတွေက အကြံပြုထားပါတယ်၊ အကယ်၍ခွေးအသက်(၃)လ
ကျော်သွားမှစတင်ထိုးနှံရတာဆိုရင်တော့ ပထမအကြိမ်ထိုးနှံပြီးတဲ့နောက်
အဲဒီရက်ကနေ(၂-၃)ပါတ်မြောက်တဲ့နေ့မှာ နောက်တစ်ကြိမ်ထိုးနှံပေးဖို့အကြံပြု
ထားပါတယ်။

 
ဘယ်လိုပဲထိုးခဲ့သည်ဖြစ်စေ နောက်ဆုံးအကြိမ်ထိုးနှံထားတဲ့ရက်ကိုသေသေချာချာ
မှတ်သားထားပြီးတော့၊ နောက်နှစ်တိုင်းအဲဒီရက်ရောက်တဲ့အခါမပျက်မကွက်ထိုးနှံဖို့
အကြံပြုထားပါတယ်။
အသုံးမပြုသေးတဲ့ကာကွယ်ဆေးပုလင်းကို အပူချိန်(၂၈)ဒီဂရီစင်တီဂရိတ်ရှိပြီး
အလင်းရောင်မရှိတဲ့အခြေအနေမျိုးမှာသာ သိုလှောင်သိမ်းဆည်းထားသင့်ပါတယ်။
 
DHPPL (ခေါ်)ရောဂါငါးမျိုးစပ်ကာကွယ်ဆေးပုလင်းနှင့်ဖျော်ရည်ပုလင်း

 
 
သတိပြုရမယ့်အချက်တွေကတော့
 
(၁) ရောဂါငါးမျိုးစပ်ကာကွယ်ဆေး(DHPPL) ကိုကျန်းမာနေတဲ့ခွေးများကိုသာထိုးနှံပေးရ
ပါမယ်
 
(၂) ခရီးပမ်းနေတဲ့ခွေးနဲ့၊အစာအပြောင်းအလဲရှိနေတဲ့ခွေး၊သံကောင်ရောဂါစွဲကပ်ပြီးပိန်ချုံး
နေတဲ့ခွေးနဲ့ အခြားရောဂါတစ်ခုခုဖြစ်နေတဲ့ခွေးတွေကိုထိုးနှံပေးခြင်းမပြုသင့်ပါဘူး။
အကယ်၍ထိုးနှံပေးမိရင် ကာကွယ်ဆေးကြောင့်ဘေးထွက်ဆိုးကျိုးများနိုင်တဲ့အပြင်
ကာကွယ်ဆေးရဲ့ကာကွယ်ပေးနိုင်မှုကိုလည်း အပြည့်အဝရရှိနိုင်မှာမဟုတ်ပါဘူး။
 
(၃) ကာကွယ်ဆေးကိုသယ်ဆောင်သွားဖို့လိုအပ်တဲ့အခါမှာ ရေခဲဗူးနဲ့သာသယ်ဆောင်
သွားသင့်ပြီး ဆေးပုလင်းကိုနေရောင်နဲ့တိုက်ရိုက်ထိတွေ့မိခြင်းမရှိစေဖို့နဲ့အလွန်ပူပြင်းတဲ့
နေရာတွေမှာထုတ်ကြည့်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
 
 
တစ်ချို့ခွေးတွေဟာ ဒီကာကွယ်ဆေးနဲ့မတည့်တာမျိုးလည်းရှိတတ်ပါတယ်၊အဲဒါကို 
ကြိုတင်မသိနိုင်တဲ့အတွက် ဒီကာကွယ်ဆေးထိုးနှံလို့ ရှော့ဖြစ်သွားခဲ့ရင်တော့ 
အက်ပီနက်ဖရင်ထိုးဆေးကို ချက်ချင်းထိုးနှံပေးရမှာဖြစ်ပါတယ်။
 
DHPPL ကာကွယ်ဆေးကိုတိရစ္ဆာန်ရောဂါကုဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းသာ
အသုံးပြုဖို့ဆေးကုမ္ပဏီတွေက အကြံပြုထားကြပါတယ်။

0 မှတ်ချက်များ to “ရောဂါငါးမျိုးစပ်ကာကွယ်ဆေး(DHPPL)”

Post a Comment