«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

25 Jun 2018

ဂျပ်စွဲနာရောဂါ(Scabies )

,
     Scabies လို့ခေါ်တဲ့ ဂျပ်စွဲနာရောဂါဟာ Sarcoptic mites လို့ခေါ်တဲ့ပင့်ကူပုံစံအကောင်သေးသေး
 
    လေးတွေ ကြောင့်ဖြစ်ပွားတဲ့အရေပြားပေါ်ကရောဂါတစ်မျိုးဖြစ်ပါတယ်၊ ဒီအမျိုးအစားပိုးကောင်
 
     လေးတွေဟာ အစာခွက် ရေခွက်စတာတွေနဲ့ ခွေးကြောင်တွေကိုသန့်ရှင်းရေးလုပ်ပေးတဲ့ 
 
    ဘရပ်ချ်တွေ ဘီးတွေကနေ တဆင့် အခြားခွေးကြောင်ဆီကိုဆက်လက်ကူးစက်သွားနိုင်ပြီး 
 
    အရေပြားပေါ်တက်ရောက်စွဲကပ်ကာ ဒုက္ခပေးတတ်ကြပါတယ် ၊ တိရစ္ဆာန်အချင်းချင်း 
 
    တစ်ကောင်နဲ့တစ်ကောင်ခန္တာကိုယ်ချင်းထိမိပွတ်မိရာကနေလည်း ဂျပ်ကောင်တွေကူးစက်တတ်
 
    ပါတယ်၊ တစ်ခါတရံ လူတွေအပါအဝင်အခြားတိရစ္ဆာန်တွေဆီကိုတောင်ကူးစက်တတ်ပါ
 
    သေးတယ်

    ခွေးကြောင်တွေရဲ့ခန္တာကိုယ်ပေါ်မှာဂျပ်စွဲနာစွဲကပ်လာပြီဆိုရင် အလွန်ယားယံတဲ့အတွက် 
 
    အရေပြားကို ကုပ်ခြစ်တာတို့ အဲဒီနေရာတွေကိုပြန် ကိုက်တာတို့ဖြစ်လာတတ်ပါတယ်၊
 
  ဒီအကောင်လေးတွေဟာ များသောအားဖြင့် နားရွက် ၊ လက်ပြင်၊ ရင်ဘတ်အောက်ဖက်ပိုင်းနဲ့ 
  မေးစေ့ရဲ့အောက်ကနေရာတွေမှာ စွဲကပ်နေထိုင်လေ့ရှိပါတယ်၊ သူတို့စွဲကပ်နေတဲ့နေရာတွေကို
  သေချာကြည့်ရင် အရေပြားတွေဟာယောင်ယမ်းနေတတ်ပြီးအမွှေးတွေကျွတ်နေတတ်ပါတယ်။
     
Sarcoptic mites ပိုးကောင်တွေမှာအထီးအမ(၂)မျိုးလုံးရှိပါတယ် ၊ အရွယ်ရောက်တဲ့ Sarcoptic 
mites အမတွေဟာ အထီးနဲ့မိတ်လိုက်ကြပြီးနောက် ဉအုဖို့အတွက်အရေပြားအောက်ကို
ဖောက်ထွင်းဝင်ရောက်ကြရပါတယ်၊အဲဒီလိုဖောက်ထွင်းဝင်ရောက်ကြတဲ့အချိန်မှာအလွန်ယားယံ
တဲ့ဝေဒနာကို ခံစားကြရပါတယ်
အရေပြားအောက်မှာ ဉတွေအုချပြီးတဲ့နောက်(၃)ရက်ကနေ(၁၀)ရက်အတွင်းမှာ အကောင်လေး
တွေ စတင်ပေါက်ဖွားလာကြပါတယ်၊ အဲဒီအကောင်လေးတွေဟာ (၁၇)ရက်ကနေ(၂၁)ရက်
အကြာမှာ အရွယ်ရောက်လာကြပြီး မိတ်လိုက်ကြကာ အရင်လိုပဲဉတွေအုကြပြန်ပါတယ်၊ 
ထူးခြားတာကတော့ Scabies ဂျပ်စွဲနာဖြစ်နေတဲ့ခွေးကြောင်တွေရဲ့နားရွက်အဖျားပိုင်းနေရာတွေ
ဟာ မာခေါက်ခေါက်ဖြစ် နေတတ်တာပါပဲ
 
Scabies ဂျပ်စွဲနာဟုတ်မဟုတ် အလွယ်ဆုံးစမ်းသပ်တဲ့နည်းကတော့ အဲဒီမာခေါက်ခေါက်ဖြစ်နေ
 
တဲ့ နားရွက်အဖျားပိုင်းကို လက်ညှိုးနဲ့လက်မအကြားထားပြီး ခပ်ဖိဖိလေးခဏလောက်ပွတ်ပေး
 
ရပါမယ်၊ အဲဒီနောက်လွှတ်ပေးလိုက်တဲ့အခါ ခွေးဟာအဲဒီနေရာကိုအဆက်မပြတ်ကုတ်ခြစ်နေရင်  
Scabies ဂျပ်စွဲနာဖြစ်ဖို့သေချာသလောက်ပါပဲ၊ Scabies ဂျပ်စွဲနာ ဟုတ်မဟုတ် အတိအကျသိချင်
 
ရင်တော့ နားရွက်ရဲ့အဖျားပိုင်းက မာခေါက်ခေါက်ဖြစ်နေတဲ့နေရာရဲ့အရေပြားကိုဒါးနဲ့ခြစ်ယူပြီး 
 
အဏုကြည့်မှန်ပြောင်းအောက်မှာကြည့်ရှုစစ်ဆေးရမှာဖြစ်ပါတယ်။

 
Scabies ဂျပ်စွဲနာကိုကုသတဲ့အခါ 
 
အဲဒီနေရာတွေကအမွှေးတွေကိုပြောင်စင်အောင်ရိတ်ပစ်ရပါမယ် ၊ အဲဒီနောက် တိရစ္ဆာန်ရဲ့
 
တစ်ကိုယ်လုံးကို Benzoyl peroxide ပါဝင်တဲ့ရေချိုးဆပ်ပြာရည်နဲ့ ပွတ်တိုက်ပြီးရေချိုးပေး
 
ရပါမယ် ၊ Benzoyl peroxide ပါဝင်တဲ့ရေချိုးဆပ်ပြာရည်နဲ့ရေချိုးပေးလိုက်ခြင်း အားဖြင့် 
 
ဂျပ်ကောင် Sarcoptic mites တွေစွဲကပ်နေတဲ့နေရာကအရေပြားတွေကိုပျော့ပြောင်းသွားစေ 
 
တဲ့အတွက် ၊ ကုသဆေးဖြစ်တဲ့အင်းဆက်ပိုးသတ်ဆေးရည်တွေနဲ့ထိတွေတဲ့အခါမှာ ပိုးသတ်ဆေး
 
ရည်တွေ ဟာတိရစ္ဆာန်ရဲ့မွှေးညှင်းပေါက်တွေထဲကို အလွယ်တကူပြန့်နှံ့စိမ့်ဝင်သွားနိုင်ပြီး 
 
ကုသမှုကိုပိုမိုထိရောက် စေပါတယ် ၊   Sarcoptic mites ဂျပ်ကောင်တွေဟာ  
 
Organophosphate Dips ကဲ့သို့သော ရေစိမ်ပိုးသတ်ဆေးရည်အတော်များများနဲ့
 
ဆေးမတိုးတဲ့ပိုးကောင်တွေဖြစ်ပါတယ်၊ရေစိမ်ပိုးသတ်ဆေး တွေထဲမှာ ဒီအကောင်လေးတွေကို  
 
Amitraz ဆေးနဲ့ lime-sulfur ဆေး(၂)မျိုးနဲ့သာ နှိမ်နင်းနိုင်တာ ဖြစ်ပါတယ် ၊ lime-sulfur  
 
အမှုန့်ကို ပြင်းအား ၂% ရရှိအောင်ဖျော်စပ်ထားတဲ့ရေကန်လေးထဲမှာ မိမိရဲ့ခွေးကြောင်ကို
 
စိမ်ပေးရမှာဖြစ်ပါတယ်။

 
အဲဒီလိုဆေးရည်ကန်ထဲမှာစိမ်ပေးတာကို တစ်ပါတ်မှာတစ်ကြိမ်နှုန်းနဲ့ ရက်သတ္တ(၆)ပါတ်
 
လောက် လုပ်ပေးခြင်းအားဖြင့် Scabies ဂျပ်ကောင်တွေကို ထိထိရောက်ရောက်သုပ်သင်ပစ်
 
နိုင်ပါတယ် ၊ lime-sulfur အရည်ဟာ အနံ့အသက်အလွန်ဆိုးတဲ့အပြင်ဆေးရည်စိမ်ပြီးတဲ့နောက်
 
ခန္တာကိုယ်မှာ အဖြူရောင်အမှုန်တွေစွဲကပ်ကျန်နေတတ်တဲ့အတွက် သန့်ရှင်းရေးပြန်လုပ်ပေးဖို့
 
တော့ လိုအပ်ပါတယ်။

(ရေစိမ်ပိုးသပ်ဆေးတွေကိုအသုံးပြုတဲ့အခါလိုက်နာရမယ့်အချက်တွေအကြောင်းကို 
 
အလျှင်းသင့်တဲ့အခါ တင်ပြပေးပါမယ်)
 
 
Scabies ဂျပ်စွဲနာကိုကုသနိုင်တဲ့နောက်ထပ်ဆေးတစ်မျိုးကတော့Ivermectinဆေးဖြစ်ပါတယ်၊ 
 
ဒါပေမယ့်ဒီဆေးကို Collies, Shetland Sheepdogs, Old English Sheepdogs, Australian 
 
Shepherds နဲ့သူတို့နဲ့မျိုးစပ်ခွေးမျိုးတွေမှာအသုံးမပြုသင့်ပါဘူးအဲဒီခွေးမျိုးတွေကို Ivermectin  
ဆေးပေးတဲ့အခါ၊ ဆေးချိန်ပမာဏနည်းနည်းလေးများသွားတာနဲ့ ဦးနှောက်အာရုံကြောစနစ်ကို
 
ထိခိုက်ပြီးသေဆုံးသွားတတ်ပါတယ် ၊ အခြေအနေအရအဲဒီခွေးမျိုးတွေကို Ivermectin ဆေး
 
ပေးမှဖြစ်တော့မယ်ဆိုရင်လည်း နှလုံးသန်ကောင်ရောဂါစွဲကပ်နေခြင်းရှိမရှိကို သေခြာအောင်
 
စစ်ဆေးရမယ်အပြင် အသုံးပြုရမယ့်ဆေးချိန်ပမာဏကိုလည်းတိတိကျကျတွက်ချက်ပြီးမှ သာ 
 
သတိနဲ့အသုံးပြုသင့်ပါတယ်။

 
မကြာသေးခင်က လေ့လာစမ်းသပ်မှုတွေနဲ့တွေ့ရှိချက်အသစ်တွေအရ Milbemycin oxime  
 
ဆေးဟာ ဂျပ်စွဲနာကိုထိရောက်စွာကုသနိုင်တဲ့အာနိသင်ရှိတာကိုတွေ့ရှိလာခဲ့ကြပါတယ်၊ 
 
ဒါကြောင့်မို့ Ivermectin ဆေးပေးဖို့မသင့်တဲ့ အထက်ပါခွေးမျိုးတွေကို Milbemycin oxime  
 
ဆေးကိုအသုံးပြုနိုင်ကြပြီဖြစ်ပါတယ်။ Selamectin ဆေးကတော့Scabies ဂျပ်စွဲနာမဖြစ်အောင် 
 
ကြိုတင်ကာကွယ်ပေးတဲ့ဆေးဖြစ်ပါတယ်၊ Scabies ဂျပ်စွဲနာဖြစ်ပွားလို့ကုသရတဲ့အခါ ၊ 
 
ကုသမှုရဲ့ပထမ(၂)ရက်(၃)ရက်အတွင်းမှာ ယားယံမှုကို သက်သာစေဖို့အတွက် Corticosteroids  
ဆေးတွေကိုပူးတွဲပေးရလေ့ရှိပါတယ်။

အကယ်၍ဂျပ်စွဲနာဖြစ်နေတဲ့နေရာကအရေပြားဟာအခြားရောဂါပိုးတွေထပ်ဆင့်ဝင်ရောက်ခြင်း 
ခံရလို့ပြည်ထွက်တဲ့အနာတွေဖြစ်နေရင်တော့ ဘက်တီးရီးယားရောဂါပိုးတွေကိုသုပ်သင်နိုင်တဲ့ 
ပဋိဇီဝဆေးတစ်မျိုးမျိုးကို တိုက်ဆေးအနေနဲ့ဖြစ်စေ ထိုးဆေးအနေနဲ့ဖြစ်စေ ပူးတွဲအသုံးပြုဖို့ 
လိုအပ်ပါတယ်။
ဆေးဝါးကုသမှုပြုလုပ်ပေးပါလျှက် ရက်သတ္တ(၃)ပါတ်လောက်အထိ ပျောက်ကင်းသက်သာ
လာမှုမရှိရင် ၊ စိတ်ပျက်စရာမလိုပါဘူး အဲဒီလိုဖြစ်ရတာဟာ ခွေးကြောင်ရဲ့ခန္တာကိုယ်ပေါ်ကို   
Sarcoptic mites ပိုးကောင်လေးတွေအခြားတစ်နေရာကနေ အဆက်မပြတ်ပြန်လည်ရောက်ရှိ 
လာနေလို့ဖြစ်ပါတယ်၊ ဆေးကုသမှုကြောင့် ခန္တာကိုယ်ပေါ်ကပိုးကောင်တွေသေဆုံးသွားပေမယ့် 
ဆေးမကုခင်အချိန်တုန်းက ခွေးကြောင်ရဲ့ခန္တာကိုယ်ပေါ်ကနေပြုတ်ကျပြီးကျန်ခဲ့တဲ့အကောင်
လေးတွေဟခွေးကြောင်တွေနေလေ့ရှိတဲ့နေရာတွေအပြင် အနီးအနားကနံရံအကြိုအကြား
နေရာတွေမှာတက်ရောက်ခိုအောင်းနေတတ်ပါသေးတယ်၊
Sarcoptic mites ပိုးကောင်တွေဟာ အဲအဲလိုနေရာမျိုးတွေမှာ(၂၁)ရက်လောက်အထိ 
အသက်ရှင်နေ နိုင်တဲ့အတွက် ကုသပျောက်ကင်းသွားပြီဖြစ်တဲ့ခွေးတွေကို အဲဒီနေရာမျိုးတွေ 
မှာပြန်ထားရင် ခန္တာကိုယ်ပေါ်ကိုပြန်တက်လာကြတဲ့အတွက် ဂျပ်စွဲနာတွေပြန်ဖြစ်လာတာ 
ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ဂျပ်စွဲနာကိုကုသတဲ့အခါ ခန္တာကိုယ်ပေါ်ကအကောင်တွေကို
ရှင်းလင်းသုပ်သင်ရုံနဲ့အမြစ်ပြတ်မသွားနိုင်ပဲ ခွေးကြောင်တွေကိုထားတဲ့နေရာတွေကိုပါ 
သင့်လျှော်တဲ့ပိုးသတ်ဆေးတစ်မျိုးမျိုးပက်ဖြန်းခြင်းကို ကုသမှုနဲ့တစ်ပြိုင်နက်တည်းဆောင်ရွက်
ဖို့ အလွန်အရေးကြီးလှပါတယ်။
ဤအကြောင်းအရာကိုဒေါင်းလုပ်ယူလိုပါက ခလုပ်ကိုနှိပ်ပါ  
 
Read in Unicode.
Scabies လို့ခေါ်တဲ့ ဂျပ်ဆွဲနာဟာ Sarcoptic mites လို့ခေါ်တဲ့ ပင့်ကူပုံစံ အကောင်လေးတွေကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ် ၊ ဒီ Sarcoptic mites တွေဟာ အရေပြားပေါ်မှာစွဲကပ်ပြီးဒုက္ခပေးတဲ့ အကောင်လေးတွေဖြစ်ပါတယ် ၊  ဒီအကောင်လေးတွေဟာ အစာခွက်ရေခွက်တွေ သန့်ရှင်းရေးလုပ်ပေးတဲ့ ဘရပ်ခ်ျတို့ ဘီးတို့စတဲ့ကိရိယာတွေကတဆင့် ခွေးတစ်ကောင်နဲ့တစ်ကောင်ကူးစက်နိုင်သလို့ ရောဂါရှိနေတဲ့ခွေးနဲ့ ထိမိပွတ်မိရာကနေလည်းကူးစက်တတ်ပါတယ် ၊ တစ်ခါတစ်ရံဒီအကောင်လေး တွေဟာ လူတွေနဲ့ အခြားတိရစ္ဆာန်တွေကိုလည်း ကူးစက်တတ်ပါတယ် ၊  
ခွေးကြောင်တွေမှာ Scabies လို့ခေါ်တဲ့ ဂျပ်ဆွဲနာစွဲကပ်လာပြီဆိုရင် အလွန်ယားယံတဲ့အတွက် အရေပြားကိုကုပ်ခြစ်တာတို့ အဲဒီနေရာကိုပြန်ကိုက်တာတို့
ဖြစ်လာတတ်ပါတယ် ၊ ဒီအကောင်လေးတွေဟာ နားရွက် ၊ လက်ပြင် ၊ ရင်ဘတ် အောက်ပိုင်းနဲ့ မေးစေ့အောက်ပိုင်းနေရာတွေမှာ အများဆုံးစွဲကပ်လေ့ရှိပါတယ် ၊ ဒီအကောင်လေးတွေစွဲကပ်တဲ့ နေရာတွေက အရေပြားဟာယောင်ယမ်းလာပြီး အမွေးတွေကျွတ်နေတတ်ပါတယ် ၊

Sarcoptic mites တွေမှာ အထီးနဲ့အမရှိပါတယ် ၊ အရွယ်ရောက်တဲ့ အမကောင်လေး တွေဟာ မိတ်လိုက်ကြပြီးနောက် ဥအုဖို့အတွက်အရေပြားအောက်ကိုဖောက်ပြီး ၀င်သွားကြပါတယ် ၊ အဲဒီအချိန်မှာ တိရစ္ဆာန်အဖို့ အလွန်ယားယံမှုကိုခံစားရပါတယ်
ဥတွေအုချပြီးတဲ့နောက် (၃)ရက်ကနေ(၁၀)ရက်အတွင်းမှာ အကောင်ငယ်လေးတွေပေါက်လာကြပါတယ် ၊ အဲဒီအကောင်ငယ်လေးတွေဟာ (၁၇)ရက်ကနေ(၂၁)ရက်အကြာမှာ အရွယ်ရောက်လာကြပြီး မိတ်လိုက်တဲ့အခါ ဥတွေအုကြပြန်ပါတယ် ၊ ထူးခြားတာကတော့ Scabies ဂျပ်စွဲနာဖြစ်နေတဲ့ နားရွက်အဖျားပိုင်းတွေဟာ မာခေါက်ခေါက်ဖြစ်နေတတ်ပါတယ် ၊ Scabies ဂျပ်စွဲနာဟုတ်မဟုတ် အလွယ်ဆုံးစမ်းသပ်တဲ့နည်းကတော့ မာခေါက်ခေါက်ဖြစ်နေတဲ့နားရွက်ပြားကို လက်ညှိုးလက်မကြားထားပြီး ခပ်ဖိဖိလေးပွတ်ပေးရပါမယ် ၊ အဲဒီနောက်လွှတ်ပေးလိုက်တဲ့အခါ ခွေးဟာ အဲဒီနေရာကိုအဆက်မပြတ်ကုတ်နေရင် Scabies ဂျပ်စွဲနာဖြစ်ဖို့များကြောင်း သိနိုင်ပါတယ် ၊
Scabies ရောဂါဟုတ်မဟုတ် သေသေချာချာသိရဖို့ဆိုရင်တော့ ဖြစ်နေတဲ့နေရာကအရေပြားကိုခြစ်ယူပြီး အဏုကြည့်မှန်ပြောင်း မိုက်ကရိုစကုတ်အောက်မှာကြည့်ရှုစစ်ဆေးရမှာဖြစ်ပါတယ် ၊
Scabies ဂျပ်စွဲနာကိုကုသတဲ့အခါ ဂျပ်စွဲနေတဲ့နေရာကအမွှေးတွေကိုရိတ်ပစ်ရပါမယ် ၊ အဲဒီနောက် ခွေးတစ်ကိုယ်လုံးကို Benzoyl peroxide ပါတဲ့ရေချိုးဆပ်ပြာရည်နဲ့ ရေချိုးပေးရပါမယ် ၊ အဲလို Benzoyl peroxide ရေချိုးဆပ်ပြာရည်နဲ့ရေချိုးပေး လိုက်ခြင်းအားဖြင့် ဂျပ်ကောင်တွေကိုပျော့ပြောင်းသွားစေပြီး ၊ ကုသဆေးဖြစ်တဲ့ အင်းဆက်ပိုးသတ်ဆေးရည်တွေနဲ့စိမ်ပေးတဲ့အခါမှာ ပိုးသတ်ဆေးရည်တွေဟာ မွှေးညှင်းပေါက်တွေထဲကို အလွယ်တကူစိမ့်ဝင်သွားပြီး ကုသမှုကိုပိုမိုထိရောက်စေ ပါတယ် ၊
Scabies mites ဂျပ်ကောင်တွေဟာ Organophosphate Dips ရေစိမ်ပိုးသတ်ဆေး အတော်များများနဲ့ဆေးမတိုးတဲ့အကောင်လေးတွေဖြစ်ပါတယ် ၊ ရေစိမ်ပိုးသတ်ဆေးတွေထဲမှာ ဒီအကောင်လေးတွေကို Amitraz ဆေးနဲ့ lime-sulfur ဆေးနှစ်မျိုးကသာနှိမ်နင်းနိုင်တာဖြစ်ပါတယ် lime-sulfur အမှုန့်ကို ၂% ပြင်းအားရှိအောင်ဖျော်စပ်ထားတဲ့ရေကန်လေးထဲမှာ မိမိခွေးကို တစ်ပတ်လျှင်(၁)ကြိမ်နှုန်းနဲ့ ရက်သတ္တ(၆)ပတ်လောက်စိမ်ပေးခြင်းအားဖြင့် Scabies mites ဂျပ်ကောင်တွေကို ထိထိရောက်ရောက်သုတ်သင်နိုင်ပါတယ် ၊ lime-sulfur အရည်ဟာ အနံအသက်ဆိုးတဲ့အပြင် ခန္တာကိုယ်မှာအဖြူရောင်အမှုန်တွေစွဲကပ် တတ်လို့သန့်ရှင်းရေးပြန်လုပ်ပေးဖို့ တော့လိုပါတယ် ၊
(ရေစိမ်ပိုးသတ်ဆေးတွေအသုံးပြုတဲ့အခါမှာလိုက်နာရမယ့်အချက်တွေအကြောင်းကိုသီးခြား တင်ပြပေးသွားပါမယ်)
Scabies ဂျပ်စွဲနာကိုကုသနိုင်တဲ့နောက်ထပ်ဆေးတစ်မျိုးကတော့ Ivermectin ဆေးဖြစ်ပါတယ် ၊ ဒါပေမယ့် Collies, Shetland Sheepdogs, Old English Sheepdogs, Australian Shepherds နဲ့ သူတို့ရဲ့မျိုးစပ်ခွေးတွေမှာ Ivermectin ဆေးကိုအသုံးမပြုသင့်ပါဘူး ၊ အဲဒီခွေးမျိုးတွေကို Ivermectin ဆေးပေးတဲ့အခါ ဆေးချိန်ပမာဏ နည်းနည်းလေးများသွားတာနဲ့ ဦးနှောက်နဲ့အာရုံကြောစနစ်ကို ထိခိုက်ပြီ်းသေတတ်ပါတယ် ၊ အခြေအနေအရ အဲဒီခွေးမျိုးတွေမှာ Ivermectin ဆေးကိုအသုံးပြုရမယ်ဆိုရင်တော့ နှလုံးသန်ကောင်စွဲကပ်နေမှုရှိမရှိ အရင်စစ်ဆေးပြီးမှ ဆေးချိန်ပမာဏကိုမများစေပဲ သတိနဲ့အသုံးပြုသင့်ပါတယ် ၊ .
မကြာသေးခင်ကတွေ့ရှိချက်အသစ်တွေအရ Milbemycin oxime ဆေးဟာ ဂျပ်ဆွဲနာ Scabies mites ကိုထိရောက်စွာကုသပေးနိုင်တဲ့အာနိသင်ရှိတာကို တွေ့ရှိလာခဲ့ကြပါတယ် ၊ ဒါကြောင့်မို့  Ivermectin ဆေးနဲ့မတည့်တဲ့ခွေးမျိုးတွေမှာ Milbemycin oxime ဆေးကိုအစားထိုးအသုံးပြုနိုင်
ကြပြီဖြစ်ပါတယ် ၊
Selamectin ဆေးကတော့ ဂျပ်ဆွဲနာ Scabies  မဖြစ်အောင် ကြိုတင် ကာကွယ်ပေးနိုင်တဲ့ဆေး ဖြစ်ပါတယ် ၊
ဂျပ်ဆွဲနာဖြစ်လာလို့ကုသတဲ့အခါ ၊ ကုသမှုရဲ့ ပထမ(၂)ရက်(၃)ရက်အတွင်းမှာ ယားယံမှုကိုသက်သာစေဖို့အတွက် Corticosteroidsဆေးတွေကိုပေးလေ့ရှိကြ ပါတယ် ၊
အကယ်၍ဂျပ်ဆွဲနာဖြစ်တဲ့နေရာကအရေပြားမှာ အခြားရောဂါပိုးတွေထပ်ဆင့် ၀င်ရောက်ပြီး ပြည်ထွက်တဲ့အနာတွေဖြစ်လာရင်တော့ ပဋိဇီဝဆေးတစ်မျိုးမျိုးကို တိုက်ဆေးအနေနဲ့ဖြစ်စေ ထိုးဆေးအနေနဲ့ဖြစ်စေပူးတွဲပေးဖို့လိုအပ်ပါတယ် ၊
ဆေးဝါးကုသမှုလုပ်ပေးပါလျှက်နဲ့ ရက်သတ္တ(၃)ပါတ်လောက်အထိပျောက်ကင်း သက်သာလာတာမရှိရင် ၊ ပိုးကောင်လေးတွေဘယ်ကနေပြန်ရောက်လာနေသလဲ ဆိုတာကို သေချာစစ်ဆေးရပါမယ် ၊ ဆေးကြောင့်ခန္တာကိုယ်ပေါ်ကအကောင်တွေ သေဆုံးသွားပေမယ့် ဆေးမကုခင်အချိန်တုန်းက ခွေးကြောင်ရဲ့ခန္တာကိုယ်ကနေပြုတ်ကျတဲ့ အကောင်လေးတွေဟာ သူတို့နေတတ်တဲ့နေရာတွေရဲ့ နံရံအကြိုအကြားမှာခိုအောင်းနေတတ်ပါသေးတယ်   Sarcoptic mites တွေဟာအဲဒီလိုနေရာမျိုးတွေမှာ (၂၁)ရက်လောက်အထိ အသက်ရှင်သန်နေနိုင်တဲ့အတွက် ကုသပြီးတဲ့ခွေးရဲ့ခန္တာကိုယ်ပေါ်ကိုပြန်တက် လာရင် ဂျပ်စွဲနာတွေပြန်ဖြစ်လာတတ်ပါတယ်  ၊ ဒါကြောင့်မို့ အမြစ်ပြတ်သုတ်သင် ရှင်းလင်းတဲ့အနေနဲ့ ခွေးကြောင်ကိုထားတဲ့နေရာတွေကိုလည်း သင့်လျှော်တဲ့ အင်းဆက်ပိုးသတ်ဆေးတစ်မျိုးမျိုးနဲ့ ပက်ဖျန်းပေး ရမှာဖြစ်ပါတယ်။
ဤအကြောင်းအရာကိုဒေါင်းလုပ်ယူလိုပါက ခလုပ်ကိုနှိပ်ပါ 

0 မှတ်ချက်များ to “ဂျပ်စွဲနာရောဂါ(Scabies )”

Post a Comment