«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

10 Sept 2020

ဂျပ်စွဲနာရောဂါအမျိုးအစား(၁)(Scabies)

,
Read in Zawgyi.
 
 
Scabies လို့ခေါ်တဲ့ဂျပ်စွဲနာရောဂါဟာ Sarcoptic mites လို့ခေါ်တဲ့ပင့်ကူပုံစံအကောင်သေးသေး
 
လေးတွေ ကြောင့်ဖြစ်ပွားတဲ့အရေပြားပေါ်ကရောဂါတစ်မျိုးဖြစ်ပါတယ်၊ ဒီအမျိုးအစားပိုးကောင် 
 
လေးတွေဟာ အစာခွက် ရေခွက်စတာတွေနဲ့ ခွေးကြောင်တွေကိုသန့်ရှင်းရေးလုပ်ပေးတဲ့ 
 
ဘရပ်ချ်တွေ ဘီးတွေကနေ တဆင့် အခြားခွေးကြောင်ဆီကိုဆက်လက်ကူးစက်သွားနိုင်ပြီး 
 
အရေပြားပေါ်တက်ရောက်စွဲကပ်ကာ ဒုက္ခပေးတတ်ကြပါတယ် ၊ တိရစ္ဆာန်အချင်းချင်း 
 
တစ်ကောင်နဲ့တစ်ကောင်ခန္တာကိုယ်ချင်းထိမိပွတ်မိရာ ကနေလည်း ဂျပ်ကောင်တွေကူးစက်
 
တတ်ပါတယ်၊ တစ်ခါတရံ လူတွေအပါအဝင် အခြားတိရစ္ဆာန်တွေ ဆီကိုတောင်ကူးစက်တတ်ပါ
 
သေးတယ်

ခွေးကြောင်တွေရဲ့ခန္တာကိုယ်ပေါ်မှာဂျပ်စွဲနာစွဲကပ်လာပြီဆိုရင်အလွန်ယားယံတဲ့အတွက်အရေပြား
ကို ကုပ်ခြစ်တာတို့ အဲဒီနေရာတွေကိုပြန် ကိုက်တာတို့ဖြစ်လာတတ်ပါတယ်၊ 
ဒီအကောင်လေးတွေဟာ များသောအားဖြင့် နားရွက် ၊ လက်ပြင်၊ ရင်ဘတ်အောက်ဖက်ပိုင်းနဲ့ 
မေးစေ့ရဲ့အောက်ကနေရာတွေမှာ စွဲကပ်နေထိုင်လေ့ရှိပါတယ်၊ သူတို့စွဲကပ်နေတဲ့နေရာတွေကို
သေချာကြည့်ရင် အရေပြားတွေဟာ ယောင်ယမ်းနေတတ်ပြီး အမွှေးတွေကျွတ်နေတတ်ပါတယ်။
Sarcoptic mites ပိုးကောင်တွေမှာအထီးအမ(၂)မျိုးလုံးရှိပါတယ် ၊ အရွယ်ရောက်တဲ့ Sarcoptic 
mites အမတွေဟာ အထီးနဲ့မိတ်လိုက်ကြပြီးနောက် ဉအုဖို့အတွက်အရေပြားအောက်ကို
ဖောက်ထွင်း ဝင်ရောက်ကြရပါတယ်၊ အဲဒီလိုဖောက်ထွင်းဝင်ရောက်ကြတဲ့အချိန်မှာ အလွန်
ယားယံတဲ့ဝေဒနာကို ခံစားကြရပါတယ်
 
အရေပြားအောက်မှာ ဉတွေအုချပြီးတဲ့နောက်(၃)ရက်ကနေ(၁၀)ရက်အတွင်းမှာ အကောင်လေး
တွေစတင်ပေါက်ဖွားလာကြပါတယ်၊အဲဒီအကောင်လေးတွေဟာ(၁၇)ရက်ကနေ(၂၁)ရက်အကြာမှာ 
အရွယ်ရောက်လာကြပြီး မိတ်လိုက်ကြကာ အရင်လိုပဲဉတွေအုကြပြန်ပါတယ်၊ 
ထူးခြားတာကတော့ Scabies ဂျပ်စွဲနာဖြစ်နေတဲ့ ခွေးကြောင်တွေရဲ့နားရွက်အဖျားပိုင်းနေရာ
တွေဟာ မာခေါက်ခေါက်ဖြစ် နေတတ်တာပါပဲ

Scabies ဂျပ်စွဲနာဟုတ်မဟုတ် အလွယ်ဆုံးစမ်းသပ်တဲ့နည်းကတော့ အဲဒီမာခေါက်ခေါက်ဖြစ်နေ
 
တဲ့ နားရွက်အဖျားပိုင်းကို လက်ညှိုးနဲ့လက်မအကြားထားပြီး ခပ်ဖိဖိလေးခဏလောက်ပွတ်ပေး
 
ရပါမယ်၊ အဲဒီနောက်လွှတ်ပေးလိုက်တဲ့အခါ ခွေးဟာအဲဒီနေရာကိုအဆက်မပြတ်ကုတ်ခြစ်နေရင်  
 
Scabies ဂျပ်စွဲနာဖြစ်ဖို့သေချာသလောက်ပါပဲ၊ Scabies ဂျပ်စွဲနာ ဟုတ်မဟုတ် အတိအကျသိချင်
 
ရင်တော့ နားရွက်ရဲ့အဖျားပိုင်းက မာခေါက်ခေါက်ဖြစ်နေတဲ့နေရာရဲ့အရေပြားကို ဒါးနဲ့ခြစ်ယူပြီး 
 
အဏုကြည့်မှန်ပြောင်းအောက်မှာကြည့်ရှုစစ်ဆေးရမှာဖြစ်ပါတယ်။

 
Scabies ဂျပ်စွဲနာကိုကုသတဲ့အခါ အဲဒီနေရာတွေကအမွှေးတွေကိုပြောင်စင်အောင် ရိတ်ပစ်
 
ရပါမယ် ၊ အဲဒီနောက် တိရစ္ဆာန်ရဲ့တစ်ကိုယ်လုံးကို Benzoyl peroxide ပါဝင်တဲ့ရေချိုးဆပ်ပြာ 
 
ရည်နဲ့ ပွတ်တိုက်ပြီးရေချိုးပေးရပါမယ် ၊ Benzoyl peroxide ပါဝင်တဲ့ရေချိုးဆပ်ပြာရည်နဲ့
 
ရေချိုးပေးလိုက်ခြင်း အားဖြင့် ဂျပ်ကောင် Sarcoptic mites တွေစွဲကပ်နေတဲ့နေရာက
 
အရေပြားတွေကိုပျော့ပြောင်းသွားစေ တဲ့အတွက် ၊ ကုသဆေးဖြစ်တဲ့အင်းဆက်ပိုးသတ်ဆေး
 
ရည်တွေနဲ့ထိတွေတဲ့အခါမှာ ပိုးသတ်ဆေးရည်တွေ ဟာတိရစ္ဆာန်ရဲ့မွှေးညှင်းပေါက်တွေထဲကို 
 
အလွယ်တကူပြန့်နှံ့စိမ့်ဝင်သွားနိုင်ပြီးကုသမှုကိုပိုမိုထိရောက်စေပါတယ် ၊ Sarcoptic mites 
 
ဂျပ်ကောင်   တွေဟာ Organophosphate Dips ကဲ့သို့သော ရေစိမ်ပိုးသတ်ဆေးရည်
 
အတော်များများနဲ့ဆေးမတိုးတဲ့ပိုးကောင်တွေဖြစ်ပါတယ်၊ရေစိမ်ပိုးသတ်ဆေး တွေထဲမှာ 
 
ဒီအကောင်လေးတွေကို Amitraz ဆေးနဲ့ lime-sulfur ဆေး(၂)မျိုးနဲ့သာ နှိမ်နင်းနိုင်တာ 
 
ဖြစ်ပါတယ် ၊ lime-sulfur အမှုန့်ကို ပြင်းအား ၂% ရရှိအောင်ဖျော်စပ်ထားတဲ့ရေကန်လေးထဲမှာ 
 
မိမိရဲ့ခွေးကြောင်ကိုစိမ်ပေးရမှာဖြစ်ပါတယ်။

 
အဲဒီလိုဆေးရည်ကန်ထဲမှာစိမ်ပေးတာကို တစ်ပါတ်မှာတစ်ကြိမ်နှုန်းနဲ့ရက်သတ္တ(၆)ပါတ်လောက်
 
လုပ်ပေးခြင်းအားဖြင့် Scabies ဂျပ်ကောင်တွေကို ထိထိရောက်ရောက်သုပ်သင်ပစ်နိုင်ပါတယ် ၊  
 
lime-sulfur အရည်ဟာအနံ့အသက်အလွန်ဆိုးတဲ့အပြင်ဆေးရည်စိမ်ပြီးတဲ့နောက်ခန္တာကိုယ်မှာ 
 
အဖြူရောင်အမှုန်တွေစွဲကပ်ကျန်နေတတ်တဲ့အတွက် သန့်ရှင်းရေးပြန်လုပ်ပေးဖို့တော့ လိုအပ်ပါ
 
တယ်။

(ရေစိမ်ပိုးသတ်ဆေးတွေကိုအသုံးပြုတဲ့အခါလိုက်နာရမယ့်အချက်တွေအကြောင်းကို အလျှင်းသင့်တဲ့အခါ တင်ပြပေးပါမယ်)
 
Scabies ဂျပ်စွဲနာကိုကုသနိုင်တဲ့နောက်ထပ်ဆေးတစ်မျိုးကတော့ Ivermectinဆေးဖြစ်ပါတယ်၊ 
 
ဒါပေမယ့်ဒီဆေးကို Collies, Shetland Sheepdogs,Old English Sheepdogs,Australian Shepherds နဲ့
 
သူတို့နဲ့မျိုးစပ်ခွေးမျိုးတွေမှာအသုံးမပြုသင့်ပါဘူး၊အဲဒီခွေးမျိုးတွေကို Ivermectin  
 
ဆေးပေးတဲ့အခါ၊ ဆေးချိန်ပမာဏနည်းနည်းလေးများသွားတာနဲ့ ဦးနှောက်အာရုံကြောစနစ်ကို
 
ထိခိုက်ပြီးသေဆုံးသွားတတ်ပါတယ်၊အခြေအနေအရအဲဒီခွေးမျိုးတွေကို Ivermectin ဆေးပေးမှ
 
ဖြစ်တော့မယ်ဆိုရင်လည်း နှလုံးသန်ကောင်ရောဂါစွဲကပ်နေခြင်းရှိမရှိကို သေခြာအောင်စစ်ဆေး
 
ရမယ်အပြင် အသုံးပြုရမယ့်ဆေးချိန်ပမာဏကိုလည်းတိတိကျကျတွက်ချက်ပြီးမှသာ သတိနဲ့
 
အသုံးပြုသင့်ပါတယ်။

 
မကြာသေးခင်က လေ့လာစမ်းသပ်မှုတွေနဲ့တွေ့ရှိချက်အသစ်တွေအရ Milbemycin oxime  
 
ဆေးဟာ ဂျပ်စွဲနာကိုထိရောက်စွာကုသနိုင်တဲ့အာနိသင်ရှိတာကိုတွေ့ရှိလာခဲ့ကြပါတယ်၊ 
 
ဒါကြောင့်မို့ Ivermectin ဆေးပေးဖို့မသင့်တဲ့ အထက်ပါခွေးမျိုးတွေကို Milbemycin oxime  
 
ဆေးကိုအသုံးပြုနိုင်ကြပြီဖြစ်ပါတယ်။
 
 
Selamectin ဆေးကတော့ Scabies ဂျပ်စွဲနာ မဖြစ်အောင်ကြိုတင်ကာကွယ်ပေးတဲ့ဆေးဖြစ်
 
ပါတယ်၊ Scabies ဂျပ်စွဲနာဖြစ်ပွားလို့ကုသရတဲ့အခါ ၊ ကုသမှုရဲ့ပထမ(၂)ရက်(၃)ရက်အတွင်းမှာ 
 
ယားယံမှုကို သက်သာစေဖို့အတွက် Corticosteroids ဆေးတွေကိုပူးတွဲပေးရလေ့ရှိပါတယ်။

အကယ်၍ဂျပ်စွဲနာဖြစ်နေတဲ့နေရာကအရေပြားဟာအခြားရောဂါပိုးတွေထပ်ဆင့်ဝင်ရောက်ခြင်း 
ခံရလို့ပြည်ထွက်တဲ့အနာတွေဖြစ်နေရင်တော့ ဘက်တီးရီးယားရောဂါပိုးတွေကိုသုပ်သင်နိုင်တဲ့ 
ပဋိဇီဝဆေးတစ်မျိုးမျိုးကို တိုက်ဆေးအနေနဲ့ဖြစ်စေ ထိုးဆေးအနေနဲ့ဖြစ်စေ ပူးတွဲအသုံးပြုဖို့ 
လိုအပ်ပါတယ်။
 
ဆေးဝါးကုသမှုပြုလုပ်ပေးပါလျှက် ရက်သတ္တ(၃)ပါတ်လောက်အထိ ပျောက်ကင်းသက်သာလာ
မှုမရှိရင် ၊ စိတ်ပျက်စရာမလိုပါဘူး အဲဒီလိုဖြစ်ရတာဟာ ခွေးကြောင်ရဲ့ခန္တာကိုယ်ပေါ်ကို   
Sarcoptic mites ပိုးကောင်လေးတွေအခြားတစ်နေရာကနေ အဆက်မပြတ်ပြန်လည်ရောက်ရှိ
လာနေလို့ဖြစ်ပါတယ်၊ ဆေးကုသမှုကြောင့် ခန္တာကိုယ်ပေါ်ကပိုးကောင်တွေသေဆုံးသွားပေမယ့် 
ဆေးမကုခင်အချိန်တုန်းကခွေးကြောင်ရဲ့ခန္တာကိုယ်ပေါ်ကနေပြုတ်ကျပြီးကျန်ခဲ့တဲ့အကောင်လေး
တွေဟခွေးကြောင်တွေနေလေ့ရှိတဲ့နေရာတွေအပြင် အနီးအနားကနံရံအကြိုအကြားတွေမှာ
တက်ရောက်ခိုအောင်းနေတတ်ပါသေးတယ်၊ 
 
 
Sarcoptic mites ပိုးကောင်တွေဟာ အဲအဲလိုနေရာမျိုးတွေမှာ(၂၁)ရက်လောက်အထိအသက်ရှင် 
 
နေ နိုင်တဲ့အတွက် ကုသပျောက်ကင်းသွားပြီဖြစ်တဲ့ခွေးတွေကို အဲဒီနေရာမျိုးတွေမှာပြန်ထားရင် 
 
ခန္တာကိုယ်ပေါ်ကိုပြန်တက်လာကြတဲ့အတွက် ဂျပ်စွဲနာတွေပြန်ဖြစ်လာတာဖြစ်ပါတယ်၊
 
ဒါကြောင့်မို့ ဂျပ်စွဲနာကိုကုသတဲ့အခါ ခန္တာကိုယ်ပေါ်ကအကောင်တွေကိုရှင်းလင်းသုပ်သင်ရုံ 
 
နဲ့အမြစ်ပြတ်မသွားနိုင်ပဲ ခွေးကြောင်တွေကိုထားတဲ့နေရာတွေကိုပါ သင့်လျှော်တဲ့ပိုးသတ်ဆေး 
 
တစ်မျိုးမျိုးပက်ဖြန်းခြင်းကို ကုသမှုနဲ့တစ်ပြိုင်နက်တည်းဆောင်ရွက်ဖို့ အလွန်အရေးကြီးလှပါ 
 
တယ်။ ဤအကြောင်းအရာကိုဒေါင်းလုပ်ယူလိုပါက ခလုပ်ကိုနှိပ်ပါ 

0 မှတ်ချက်များ to “ဂျပ်စွဲနာရောဂါအမျိုးအစား(၁)(Scabies)”

Post a Comment