«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Apr 2016

ခွေးချစ်သူများသို့-(၄)

,
ခွေးအသည်းယောင်ရောဂါ(Infectious Canine Hepatitis) ဟာကူးစက်တတ်တဲ့ရောဂါတစ်မျိုးဖြစ်တာမို့
ခွေးချစ်တတ်သူများအနေနဲ့သတိပြုသင့်တဲ့ရောဂါတစ်ခုဖြစ်ပါတယ် ၊ ဒီရောဂါကလည်း ဗိုင်းရပ်ကြောင့်ဖြစ်ပွားတဲ့ရောဂါတစ်မျိုးဖြစ်တဲ့အတွက်ကြောင့် ရောဂါဖြစ်လာမှကုတာထက် ကြိုတင်ကာကွယ်ဆေးထိုးနှံထားခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်
ဒီရောဂါဖြစ်စမှာ ခွေးဟာချောင်းဆိုးတာတို့ အန်တာတို့ဝမ်းလျှောတာတို့ စတင်ဖြစ်လာတတ်ပါတယ်
မျက်လုံးအတွင်းကမျက်တွင်းသားတွေ တဖြည်းဖြည်းဝါလာပြီး ဝမ်းဗိုက်နေရာကိုကိုင်ရင် မခံနိုင်ဖြစ်လာတတ်ပါတယ်
ရောဂါဖြစ်နေတဲ့ခွေးရဲ့ဆီးထဲမှာ ရောဂါပိုးတွေအများကြီးရှိပါတယ် အဲဒီဆီးကနေတဆင့် အခြားခွေးကိုဆက်လက်ကူးစက်နိုင်ပါတယ်
ခွေးအသည်းယောင်ရောဂါကာကွယ်ဆေးကို စတင်ထိုတော့မယ်ဆိုရင်(၃)ကြိမ်ထိုးထားမှသာကာကွယ်မှုအဆင့်ကိုရရှိတယ်ဆိုတာသတိပြုရပါမယ်
ကာကွယ်ဆေးကို ခွေးအသက်တစ်လခွဲသားအရွယ်မှာစတင်ထိုးနှံ နိုင်ပါတယ်
- ပထမအကြိမ်ထိုးနှံပြီး(၁၄)ရက်မြောက်မှာဒုတိယအကြိမ် ထိုးနှံပေးရမှာဖြစ်ပါတယ်
- ဒုတိယအကြိမ် ထိုးနှံပြီး(၁၄)ရက်မြောက်မှာတတိယအကြိမ် ထိုးနှံပေးရမှာဖြစ်ပါတယ်
- အဲဒီတတိယအကြိမ်ထိုးနှံတဲ့ရက်ကိုသေသေချာချာမှတ်သားထားပြီး နှစ်စဉ်အဲဒီရက်ရောက်တိုင်းမပျက်မကွက်ဆက်လက်ထိုးနှံပေးသွားခြင်းအားဖြင့် ဒီရောဂါကိုထိထိရောက်ရောက်ကာကွယ်ထားနိုင်ပါတယ် ။
အဖြစ်များတဲ့ခွေးရောဂါတွေကို အလွယ်တကူအဆင်ပြေစွာကာကွယ်နိုင်ဖို့ ဒီရောဂါအပါအဝင်ဖြစ်တဲ့ ရောဂါ(၄)မျိုးစပ်ကာကွယ်ဆေး(သို့)ရောဂါ(၅)မျိုးစပ်ကာကွယ်ဆေး ကိုစနစ်တကျထိုးနှံပေးထားခြင်းအားဖြင့် ကာကွယ်ထားသင့်ပါတယ်

ကူးစက်တတ်သောခွေးအသည်းယောင်ရောဂါအကြောင်းအားဆက်လက်ဖတ်ရှုလိုပါက အောက်ပါ LINK ကိုနှိပ်ပါ

                 ===>> LINK
                            
                               (ဆက်လက်ဖော်ပြပေးပါမည်)

0 မှတ်ချက်များ to “ေခြးခ်စ္သူမ်ားသို႔-(၄)”

Post a Comment