«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Apr 2016

ခွေးချစ်သူများသို့-(၃)

,
ခွေးတွေကို အသက်အန္တရာယ်ပေးနိုင်တဲ့
နောက်ထပ်အဖြစ်အများဆုံးရောဂါတစ်မျိုး
ကတော့ Canine Distemper လို့ခေါ်တဲ့ ခွေးကျောက်ရောဂါဖြစ်ပါတယ်
ဒီရောဂါလည်း ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ရောဂါပါပဲ
အလွန်ကူးစက်မြန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်
ဒီရောဂါဖြစ်လာရင်အပြင်းဖျားတတ်ပါတယ်
ဖြစ်ကာစမှာမျက်စေ့နာပြီး နှာရည်တစ်ရွှဲရွှဲ ကျ
လာတတ်ပါတယ်
ရောဂါရင့်လာရင် ဝမ်းပျက်တာတို့ အကြောဆွဲ
ပြီးတက်တာတို့တွေ့ရတတ်ပါတယ်
တစ်ချို့ခွေးတွေမှာဆိုရင် လေဖြတ်သလိုဖြစ်ပြီး
မထနိုင်ဖြစ်နေတတ်ပါတယ် ပေါင်တွင်းပိုင်းက
အရေပြားတွေမှာ နှမ်းစေ့လောက်အနီရောင်
အစက်အပြောက်တွေ တွေ့ရင် ခွေးကျောက်
ရောဂါဖြစ်နေတာသေချာသလောက်ပါပဲ
ခွေးကျောက်ရောဂါကာကွယ်ဆေးထိုးရင်
(၃)ကြိမ်ထိုးထားမှသာ ကာကွယ်မှုအဆင့်ကို
ရရှိမှာဖြစ်ပါတယ်
ခွေးအသက်တစ်လခွဲသားအရွယ်မှာစတင်ထိုးနှံ
နိုင်ပါတယ်
ပထမအကြိမ်ထိုးနှံပြီး(၁၄)ရက်မြောက်မှာ
ဒုတိယအကြိမ် ထိုးနှံပေးရမှာဖြစ်ပါတယ်
ဒုတိယအကြိမ် ထိုးနှံပြီး(၁၄)ရက်မြောက်မှာ
တတိယအကြိမ် ထိုးနှံပေးရမှာဖြစ်ပါတယ်
အဲဒီတတိယအကြိမ်ထိုးနှံတဲ့ရက်ကိုတော့
သေသေချာချာမှတ်သားထားဖို့လိုပါတယ်
နှစ်စဉ် အဲဒီရက်ရောက်တိုင်းမပျက်မကွက်
ဆက်လက်ထိုးနှံပေးသွားဖို့လိုအပ်ပါတယ်

0 မှတ်ချက်များ to “ေခြးခ်စ္သူမ်ားသို႔-(၃)”

Post a Comment