«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

8 Feb 2019

ကူးစက်တတ်သောခွေးအသည်းယောင်ရောဂါ(Infectious canine hepatitis)

,
ကူးစက်တတ်သောခွေးအသည်းယောင်ရောဂါ(Infectious canine hepatitis) ဟာ adenovirus-1 ဆိုတဲ့ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားတာဖြစ်ပြီး အမည်နဲ့လိုက်အောင် ကူးစက်နှုန်းမြန်တဲ့ခွေးရောဂါတစ်ခုဖြစ်ပါတယ် ဒီရောဂါဟာ(၁)နှစ်သားအောက်ခွေးငယ်လေးတွေမှာ အဖြစ်များလေ့ရှိပါတယ် ဒီရောဂါဖြစ်နေတဲ့ခွေးရဲ့ခန္တာကိုယ်ကထွက်တဲ့အရည်တွေဖြစ်တဲ့ လျှာရည် နှာရည်နဲ့ ဆီးတွေဝမ်းတွေထဲမှာ ရောဂါပိုးတွေအမြောက်အများပါရှိနေပါတယ် အဲဒီအရာတွေနဲ့ထိမိခြင်းအားဖြင့် အခြားခွေးတွေဆီကို ဒီရောဂါဆက်လက်ကူးစက်သွားလေ့ရှိပါတယ် ကျန်းမာနေတဲ့ခွေးရဲ့ခန္တာကိုယ်ထဲကိုရောက်တာနဲ့ ဒီရောဂါပိုးဟာ တစ်သျှူးတွေထဲမှာဝင်ရောပြီးပွားများလာကြပါတယ် နောက်မကြာခင်မှာပဲ လျှာရည် နှာရည်နဲ့ ဆီးတွေဝမ်းတွေထဲမှာပါလာပြီး အခြားခွေးတွေဆီကိုဆက်လက်ကူးစက်ပြန်ပါတယ် သုတေသနပြုချက်တွေအရ ရောဂါပျောက်ကင်းသက်သာလာတဲ့ခွေးတွေဟာ ကိုယ်တိုင်နေကောင်းကျန်းမာလာပေမယ့် သူတို့ရဲ့ဆီးထဲမှာ ရောဂါပိုးတွေကို နောက်ထပ်(၉)လလောက်အထိလွှတ်ထုတ်နေဆဲဖြစ်ပြီး အခြားခွေးတွေဆီကို ရောဂါကူးစက်စေနိုင်သေးတယ်လို့သိရပါတယ်
ဒီရောဂါပိုးဟာ ခွေးရဲ့အသည်း ကျောက်ကပ်နဲ့သွေးကြောနံရံတွေကိုထိခိုက်စေပြီး သာမန်ဖျားနာတာလောက်ကနေ အသက်သေဆုံးသည်အထိပြင်းပြင်းထန်ထန်ဖြစ်တာမျိုးအထိ ပုံစံအမျိုးမျိုးနဲ့ခွေးကိုဒုက္ခပေးတတ်ပါတယ် သာမန်လောက်ဖြစ်တဲ့ပုံစံဆိုရင်တော့ အစားအသောက်ပျက်ပြီးမှိုင်နေတာလောက်ဖြစ်ပြီးတဖြည်းဖြည်းပြန်ကောင်လာတတ်ပေမယ့် ပြင်းပြင်းထန်ထန်ဖြစ်တာဆိုရင် ကိုယ်အပူချိန်အရမ်းတက်ပြီးသွေးဝမ်းတွေသွားတဲ့အပြင် နာရီပိုင်းအတွင်းမူးမေ့လဲကျကာသေဆုံးတတ်ပါတယ် ခွေပေါက်စလေးတွေဒီရောဂါကူးစက်ခံရရင် ဘာလက္ခဏာမှထူးထူးခြားခြားမပြပဲ ရုတ်တရက်သေဆုံးသွားတတ်ပါတယ် ခံနိုင်ရည်အတန်အသင့်ရှိတဲ့အရွယ်တွေမှာဖြစ်ရင် အစာမစားတော့တာ သွေးပါတဲ့ဝမ်းသွားတာ အန်တဲ့အခါသွေးစလေးတွေပါလာတာမျိုးတွေဖြစ်ပြီး ကိုယ်အပူချိန်(41.1°C)လောက်အထိအဖျားတက်လာတတ်ပါတယ် အသည်းဟာယောင်ပြီးနာကျင်နေတာကြောင့် ရင်ဘတ်နဲ့ဝပ်ပြီးအိပ်နေတတ်ပါတယ် အလင်းရောင်ကိုမကြည့်နိုင်တဲ့အတွက် ခွေးကိုအလင်းရောင်ထဲမှာထားရင်မျက်ရည်တွေစီးကျနေတတ်ပါတယ် အာသီးယောင်ခြင်း မျက်တွင်းသားတွေဝါခြင်း မကြာခဏသွားဖုံးသွေးယိုခြင်းစတဲ့လက္ခဏာတွေကိုပြသတတ်ပါတယ် ဖြစ်ပွားနေတဲ့အဲဒီရောဂါလက္ခဏာတွေအရ ခွေးအသည်းယောင်ရောဂါဖြစ်နေကြောင်းအနီးစပ်ဆုံးခန့်မှန်းလို့ရပေမယ့် တိတိကျကျသိနိုင်ဖို့အတွက်ဗိုင်းရပ်ပိုးကို ရှာဖွေစစ်ဆေးရတဲ့(virus isolation tests)တွေကိုလုပ်ကြည့်သင့်ပါတယ် ဒီရောဂါဖြစ်ပွားပြီးနောက်ပြန်လည်သက်သာလာတဲ့ခွေးတွေရဲ့(၂၅%)ဟာ မျက်လုံးတွေမှာ တိမ်စွဲသလိုမျိုးအပြာရောင်အခိုးတွေပေါ်လာတတ်ပေမယ့် မကြာခင်မှာပဲပြန်လည်ပျောက်ကင်းသွားတတ်ပါတယ် ဒီအချက်ဟာခွေးအသည်းယောင်ရောဂါရဲ့ထူးခြားချက်တစ်ခုပဲဖြစ်ပါတယ် ရောဂါပြင်းထန်တဲ့ခွေးတွေဆိုရင် တိရစ္ဆာန်ရောဂါကုဆရာဝန်ရဲ့အနီးကပ်ကြီးကြပ်ကုသပေးဖို့လိုအပ်တဲ့အတွက် တိုးတက်တဲ့နိုင်ငံတွေမှာတော့ဆေးရုံတင်ထားပြီးကုသလေ့ရှိကြပါတယ် ခွေးအသည်းယောင်ရောဂါကာကွယ်ဆေးကို စနစ်တကျအချိန်မှန်ထိုးနှံထားခြင်းအားဖြင့် ဒီရောဂါမဖြစ်အောင်ထိထိရောက်ရောက်ကာကွယ်ထားနိုင်ပါတယ် ဒီရောဂါကတော့လူကိုကူးစက်နိုင်ခြင်းမရှိပါကြောင်းတင်ပြအပ်ပါတယ်
ကာကွယ်ဆေးထိုးနှံပုံအားဖတ်ရှုရန် LINK ကိုနှိပ်ပါ LINK

0 မှတ်ချက်များ to “ကူးစက်တတ်သောခွေးအသည်းယောင်ရောဂါ(Infectious canine hepatitis)”

Post a Comment