ဒီကာကွယ်ဆေးထိုးနှံထားပြီး ကာကွယ်ထားနိုင်တဲ့ရောဂါတွေကတော့
(၁) ခွေးကျောက်ရောဂါ (Canine Distemper)
(၅)
လက်ပတိုစပိုင်ရိုးစစ်ရောဂါ (CanineLeptospirosis) တို့ဖြစ်ပါတယ်
ဆေးကုမ္မဏီရဲ့အညွှန်းအရဆိုရင်
ခွေးပေါက်ကလေးအသက်(၆)ပါတ်သားအရွယ်မှာစတင်ထိုးနှံပေးရပါမယ်
၊
အဲဒီရက်ကနေ(၂-၃)ပါတ်မြောက်တိုင်းတစ်ကြိမ်နှုန်းနဲ့
ခွေးရဲ့အသက်(၁၆)ပါတ်သားအရွယ်ရောက်တဲ့အထိထိုးနှံပေးရမှာ
ဖြစ်ပါတယ်
၊ ခွေးအသက်(၃)လကျော်သွားမှ
စတင်ထိုးရမှာဆိုရင်တော့ ပထမတစ်ကြိမ်ထိုးပြီး
(၂-၃)ပါတ်မှာ နောက်တစ်ကြိမ်ထပ်ထိုးပေးဖို့ညွှန်ကြားထားပါတယ်
၊ နောက်ဆုံးထိုးနှံထားတဲ့ရက်ကို
သေချာမှတ်သားထားပြီးနှစ်စဉ်နှစ်တိုင်းအဲဒီရက်ရောက်တဲ့အခါမပျက်မကွက်ထိုးနှံပေးသွားရမှာဖြစ်ပါတယ်။
ကာကွယ်ဆေးပုလင်းကို
အပူချိန်(၂၈)စင်တီဂရိတ်ရှိပြီး
အလင်းရောင်မရှိတဲ့အခြေအနေမှာသာသိုလှောင်သိမ်းဆည်းထားသင့်ပါတယ်
။
သတိပြုရမယ့်အချက်တွေကတော့
(၁)
(DHPPL) ကာကွယ်ဆေးကို ကျန်းမာနေတဲ့ခွေးများကိုသာထိုးနှံပေးရပါမယ်
(၂)
ခရီးပန်းနေတဲ့ခွေး ၊ အစာအပြောင်းအလဲရှိနေတဲ့ခွေး ၊
သံကောင်ရောဂါကြောင့်ပိန်ချုံးချည့်နဲ့နေတဲ့ခွေး
နဲ့ အခြားရောဂါတစ်ခုခုဖြစ်နေတဲ့ခွေးတွေကိုမထိုးနှံသင့်ပါဘူး
ဘေးထွက်ဆိုးကျိုးများနိုင်တဲ့အပြင်
ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်မှုကိုအပြည့်အ၀မရနိုင်ကြောင်း
ဆေးကုမ္မဏီကအသိပေးထားပါတယ်
(၃)
ကာကွယ်ဆေးပုလင်းကိုရေခဲဗူးထဲမှာသာသယ်ဆောင်သင့်ပြီး
နေရောင်နဲ့တိုက်ရိုက်မထိတွေ့မိစေဖို့နဲ့
အလွန်ပူတဲ့နေရာမှာထုတ်မကြည့်ဖို့လိုအပ်ပါတယ်
တစ်ချို့ခွေးတွေဟာဒီကာကွယ်ဆေးနဲ့မတည့်တာမျိုးလည်းရှိတတ်ပါတယ်
ထိုးနှံလို့
ရှော့ဖြစ်သွားရင် အက်ပီနက်ဖရင်ထိုးဆေးကို ချက်ချင်းထိုးနှံပေးရမှာဖြစ်ပါတယ်
၊ ဒီကာကွယ်ဆေးကို
တိရစ္ဆာန်ရောဂါကု ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာအသုံးပြုဖို့လည်း
ဆေးကုမ္မဏီကအသိပေးထားပါတယ်
။