ဒီရောဂါကတော့
ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားတာဖြစ်တဲ့အတွက် ကူးစက်မှုအလွန်မြန်ပါတယ် ၊
ဒီရောဂါဟာခွေးတွေမှာ
အသက်(၁၂)ပါတ်သားကနေ(၃)နှစ်သားကြားအရွယ်တွေမှာအဖြစ်များ
လေ့ရှိပါတယ် ၊
ရောဂါဖြစ်ကာစမှာတွေ့ရတတ်တဲ့အထင်ရှားဆုံးလက္ခဏာတွေကတော့
မကြာခဏအန်ခြင်းနဲ့
သွေးပါတဲ့ဝမ်းအရည်ကျဲတွေသွားခြင်းပဲဖြစ်ပါတယ်၊ ဒီရောဂါဖြစ်ပွားကာစမှာ
ခွေးဟာ
ပထမဦးဆုံးဖျားနာလာလေ့ရှိပါတယ် အဲဒီအချိန်ဟာအခြားခွေးတွေကိုကူးစက်နိုင်မှုအများဆုံး
အချိန်လည်းဖြစ်ပါတယ်။
အဲဒီလိုတစ်ရက်နှစ်ရက်လောက်ဖျားပြီးရင်ခွေးက အစာကိုလက်မခံပဲအန်လာတာကိုတွေ့နိုင်
ပါတယ် ။
အန်ပြီးနောက်နေ့မှာတော့သွေးရောင်နည်းနည်းပါတဲ့ ဝမ်းအရည်ကျဲတွေသွားတာကိုတွေ့ရမှာ
ဖြစ်ပါတယ်
၊ နောက်ရက်တွေမှာတော့ ရောဂါရင့်လာတာနဲ့အမျှ သွေးဝမ်းသွားတာဖြစ်လာ
ပါတော့တယ်။
ဒီရောဂါဖြစ်နေပြီဆိုရင်အဲဒီခွေးရဲ့ခန္တာကိုယ်ကနေ ထွက်သမျှအရည်အားလုံးမှာရောဂါပိုးတွေ
ပါလာနေတယ်ဆိုတာကိုလည်းသိထားသင့်ပါတယ်၊ ဒီရောဂါဖြစ်ပွားကြောင်းသိလျှင်သိချင်း
ပါဗိုဗိုင်းရပ်ဗိုင်းရပ်ကာကွယ်ဆေးကိုချက်ချင်းထိုးနှံပေးသင့်ပါတယ် ၊ ဒီရောဂါဟာအရည်ဓာတ်
ဆုံးရှုံးမှုများတတ်တဲ့ရောဂါဖြစ်တဲ့အတွက် ဓာတ်ဆားရည်ပုလင်းကြီးကိုမကြာခဏချိတ်ပေးရ
လေ့ရှိပါတယ်
။
ဒီရောဂါကြောင့်
ခွေးဟာမကြာခဏအန်နေတတ်တဲ့အတွက်
တိုက်ဆေးတွေကိုအားကိုးလို့မရ
နိုင်တာကြောင့်၊ ပါဗိုဗိုင်းရပ်ဗိုင်းရပ်သွေးဝမ်းရောဂါဖြစ်ပွားတာသေချာရင်တော့တိရစ္ဆာန်ရောဂါကု
ဆရာဝန်နဲ့ပြသပြီးကြပ်ကြပ်မမ
ကုသသင့်ပါတယ်။
ဒီရောဂါဟာ
စနစ်တကျကုသမှုမလုပ်ခဲ့ရင် အသက်အန္တရာယ်ရှိနိုင်တဲ့ရောဂါတစ်ခုဖြစ်တဲ့အတွက်
မိမိရဲ့ခွေးမှာ ဖြစ်ပွားလာရင်တော့ ဆေးရုံတင်ထားပြီးကုသတာအကောင်းဆုံးဖြစ်ပါတယ်။
ပါဗိုဗိုင်းရပ်ဗိုင်းရပ်သွေးဝမ်းရောဂါဟုတ်မဟုတ်ကို
Parvovirus Test Kit
နဲ့စမ်းသပ်သိရှိနိုင်ပါ
တယ်။
ဒီရောဂါဖြစ်ပွားကြောင်းအတည်ပြုပြီးရင်တော့
တိရစ္ဆာန်ရောဂါကုဆရာဝန်များဟာ ခွေးရဲ့
ခန္တာကိုယ်မှာ
ဖြစ်ပေါ်လာတဲ့ယိုယွင်းမှုအမျိုးမျိုးကိုလည်းစောင့်ကြည့်ပြုပြင်ပေးနေရမယ့်အပြင်
အခြားရောဂါတွေထပ်မဝင်လာစေဖို့ သင့်လျှော်တဲ့ပဋိဆေးဝဆေးတွေကိုလည်း
နာရီအလိုက်
စောင့်ကြည့်ပြီး လိုအပ်သလိုထိုးနှံပေးနေရမှာဖြစ်ပါတယ်။
ပါဗိုဗိုင်းရပ်ဗိုင်းရပ်သွေးဝမ်းရောဂါဖြစ်ပွားခြင်းမရှိအောင်
DHPPL ကြိုတင်ကာကွယ်ဆေးကို
နှစ်စဉ်အချိန်မှန်ထိုးနှံပေးသင့်ပါတယ်။
ဆက်လက်ဖတ်ရှုရန် = = »» ဟက်ပတိုဇူနိုးဆစ်သွေးဝမ်းရောဂါ
=
= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =
Zawgyi
ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားပြီးအလွန်ကူးစက်မြန်တဲ့ရောဂါတစ်ခုဖြစ်ပါတယ် ခွေးအသက်(၁၂)ပတ်သားအရွယ် နဲ့အသက်(၃)နှစ်သားအရွယ်ကြားမှာအဖြစ်များတာတွေ့ရပါတယ် ၊
အထင်ရှားဆုံးလက္ခဏာကတော့ အန်ခြင်းနဲ့ သွေးပါတဲ့ဝမ်းအရည်သွားခြင်းပဲဖြစ်ပါတယ်။
ရောဂါဖြစ်နေတဲ့ခွေရဲ့ခန္တာကိုယ်ကနေထွက်တဲ့အရည်တွေမှာ
ဒီရောဂါပိုးတွေပါနေတတ်ပါတယ်
ဒီရောဂါဖြစ်လာပြီဆိုရင်
ပထမဦးဆုံးတွေ့ရတဲ့လက္ခဏာကတော့ ဖျားလာတာပါပဲ ၊ အဲဒီအချိန်ဟာ
အကူးစက်နိုင်ဆုံးအချိန်ပါပဲ ၊ တစ်ရက်နှစ်ရက်လောက်ဖျားပြီးရင် အန်လာတာကိုတွေ့ရပါမယ်
၊
သွေးပါတဲ့အနီရောင်ဖျော့ဖျော့ဝမ်းအရည်ကျဲတွေသွားတာကိုစတင်တွေ့ရပါတယ်၊ နောက်ပိုင်း မှာရောဂါရင့် လာရင် သွေးဝမ်းသွားပါတော့တယ်။
သွေးပါတဲ့အနီရောင်ဖျော့ဖျော့ဝမ်းအရည်ကျဲတွေသွားတာကိုစတင်တွေ့ရပါတယ်၊ နောက်ပိုင်း မှာရောဂါရင့် လာရင် သွေးဝမ်းသွားပါတော့တယ်။
ဒီရောဂါဖြစ်လာတာတွေ့ရရင်
ပါဗိုဗိုင်းရပ်ကာကွယ်ဆေးကို ချက်ချင်းထိုးပေးသင့်ပါတယ် ၊ ခန္တာကိုယ်မှာ
အရည်ဓါတ်ဆုံးရှုံးမှုများတဲ့အတွက် ဓါတ်ဆားရည်ပုလင်းကြီးကို အကြောကနေသွင်းပေးရပါမယ် ၊ ခွေးဟာ
မကြာခဏအန်နေတဲ့အတွက် တိုက်ဆေးကိုအားကိုးလို့မရတဲ့ရောဂါဖြစ်တဲ့အတွက်တိရစ္ဆာန်ရောဂါကု ဆရာဝန်တစ်ယောက်ရဲ့အကူအညီကိုယူသင့်ပါတယ်။
အခြားရောဂါတွေထပ်မ၀င်လာအောင်သင့်လျှော်တဲ့ပဋိဇီဝဆေးတစ်မျိုးမျိုးကို နာရီအလိုက်လိုအပ်သလို ထိုးနှံပေးရပါမယ် ။
အခြားရောဂါတွေထပ်မ၀င်လာအောင်သင့်လျှော်တဲ့ပဋိဇီဝဆေးတစ်မျိုးမျိုးကို နာရီအလိုက်လိုအပ်သလို ထိုးနှံပေးရပါမယ် ။
ဒီလိုစနစ်တကျကြပ်မကုသမှုမလုပ်နိုင်ရင်
အသက်အန္တရာယ်အထိရှိနိုင်တဲ့ရောဂါတစ်ခုဖြစ်တဲ့အတွက် ခွေးကိုဆေးရုံတင်ပြီးကုသနိုင်ရင်အကောင်းဆုံးပါပဲ
ပါဗိုဗိုင်းရပ်သွေးဝမ်းရောဂါဟုတ်မဟုတ်
ဆက်လက်ဖတ်ရှုရန် = = »» ဟက်ပတိုဇူနိုးဆစ်သွေးဝမ်းရောဂါ
ဆက်လက်ဖတ်ရှုရန် = = »» ဟက်ပတိုဇူနိုးဆစ်သွေးဝမ်းရောဂါ