«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

13 Jun 2017

ခုခံအားကျဆင်းသောကူးစက်ရောဂါ Feline immunodeficiency virus infection.(FIV)

,
လူတွေမှာ အေအိုင်ဒီအက်(စ)လို့ခေါ်တဲ့ ခုခံအားကျဆင်းတဲ့ရောဂါ (HIV) ရောဂါနဲ့အလားသဏ္ဍာန်တူတဲ့ရောဂါတစ်မျိုးဟာ ကြောင်တွေမှာ
လည်းဖြစ်ပွားတတ်ပါတယ် 
ကြောင်တွေမှာဖြစ်ပွားတဲ့ခုခံအားကျရောဂါကိုတော့(FIV)လို့ခေါ်ပါတယ်

ထူးခြားတာက လူတွေမှာလိုလိင်ဆက်ဆံမှုကြောင့်ကူးစက်တာတော့

မဟုတ်ပဲ ရောဂါပိုးရှိနေတဲ့လေလွင့်ကြောင်တွေနဲ့ တိုက်ခိုက်မိတဲ့အခါ

အကိုက်ခံရတဲ့ဒါဏ်ရာတွေကနေတဆင့် ရောဂါပိုးဝင်ရောက်ပြီးကူးစက်

ခံရတာက အဓိကဖြစ်ပါတယ်


တစ်ခါတရံမှာတော့ရောဂါပိုးရှိနေတဲ့ အမေကြောင်မကြီးထံကနေ

ဗိုက်ထဲကကြောင်ငယ်လေးတွေဆီကို ကူးစက်တတ်ပါတယ်

ကြောင်ခုခံအားကျရောဂါပိုးဟာသွေးထဲကိုရောက်ပြီးရင်ရောဂါပေးနိုင်တဲ့

အဆင့်ကို ချက်ချင်းရောက်သွားတာမဟုတ်ပဲ အချိန်အတန်ကြာအောင်

ငြိမ်နေတတ်ပါတယ်


သုံးလေးလလောက်ကြာတဲ့အခါမှာ ရောဂါပိုးဟာ စတင်ထကြွလာပြီး

ခုခံအားစနစ်ကိုစတင်တိုက်ခိုက်ပါတော့တယ် ၊ 

ရောဂါဖြစ်တဲ့အဆင့်ရောက်လာပြီဆိုရင်တော့ ပေါင်ရင်းကအကြိတ်တွေ

ကြီးလာတာကို ထင်ထင်ရှားရှားတွေ့ရပါတယ် ၊နောက်တော့

လျှာပေါ်မှာ အနာခွက်တွေပေါက်လာပါမယ် ၊ကြောင်ရဲ့နှုတ်ခမ်းတွေဟာ

ထူအမ်းပြီးတော့ ယောင်ယမ်းနေတတ်ပါတယ် ၊ ကြောင်ဟာ သွေးအား

နည်းပြီးတဖြည်းဖြည်းချင်း ပိန်ချုံးလာပါမယ်

ဝမ်းမကြာမကြာပျက်ပြီးတော့ တစ်ခါတရံမှာ မျက်စေ့နာတတ်ပါတယ် 

ဒီရောဂါမဖြစ်အောင် မိမိကြောင်ကို တစ်ခြားကလေလွင့်နေတဲ့

ကြောင်တွေနဲ့ မတွေ့မိအောင် အိမ်ထဲမှာပဲထားနိုင်ရင်ကောင်းပါတယ် 

(FIV)  ကာကွယ်ဆေးကို ကြောင်အသက်(၂)လသားအရွယ်မှာ စတင်ထိုးနှံရပါမယ်။

ကာကွယ်ဆေးကို (၃)ခါထိုးရမှာဖြစ်ပြီး စနစ်တကျထိုးနှံထားရင် ရောဂါဖြစ်ပွားမှုကို (၆၀-၈၀ )

% အထိကာကွယ်ပေးထားနိုင်ပါတယ်။

ဒီရောဂါက လူတွေကိုကူးစက်တဲ့အထောက်အထားတော့မရှိပါဘူး

0 မှတ်ချက်များ to “ခုခံအားကျဆင်းသောကူးစက်ရောဂါ Feline immunodeficiency virus infection.(FIV)”

Post a Comment