«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Aug 2013

သွေးဝမ်းရောဂါ( Hepatozoonosis )

,
Unicode
 
ဟက်ပတိုဇူနိူးစစ် ဆိုတာကတော့ခွေးတွေမှာသွေးဝမ်းသွားစေတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်
 
ဒီရောဂါနဲ့ ခွေးပါဗိုဗိုင်းရပ်ရောဂါဟာ သွေးဝမ်းသွားတာချင်းတူနေတော့လွဲတတ်ပါတယ်
 
( ရောဂါဖြစ်ပွားရတဲ့အကြောင်းရင်း )
 
ပရိုတိုဇွားရောဂါပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ် .. ဒီပိုးတွေဟာ ခွေးရဲ့ကိုယ်ပေါ်မှာ 
 
ကပ်တွယ်ပြီး ကိုက်ခဲတတ်တဲ့မွှား တွေမှာရှိနေတတ်ပါတယ်..

( ကူးစက်ပုံ )

ခွေးတွေရဲ့သဘာဝအရ .. မွှားတွေကိုဖယ်ရှားဖို့ သူတို့ရဲ့သွားတွေနဲ့ လိုက်ရှာရင်းနဲ့ စားမိ 
 
သွားတဲ့အခါမျိုးမှာ ရောဂါကူးစက်ခံရတာပါ …

( အဖြစ်များတဲ့အသက်အရွယ် )

(၄)လအောက်ခွေးငယ်လေးတွေမှာ အဖြစ်များပါတယ် … ခုခံအားကျနေတဲ့ခွေးနဲ့ … ခုခံအား 
 
ကျဆေးတွေတိုက်ကျွေးနေရတဲ့ခွေးတွေမှာလည်းဖြစ်တတ်ပါတယ် …..

   
( ရောဂါလက္ခဏာများ )

ဖျားပါမယ် …သွေးဝမ်းသွားလေ့ရှိပါတယ်… မျက်လုံးနဲ့ နှာခေါင်း တွေကနေ ခပ်ပျစ်ပျစ် အဖြူ 
 
ရောင်အရည်တွေထွက်တာတွေ့ရပါတယ် ….ကြွက်သားတွေ နာကျင်နေတဲ့အတွက်ကြောင့် 
 
လှုပ်ရှား သွားလာမှု မလုပ်နိုင်ပဲ သိသိသာသာ ပိန်သွားပါမယ် …

( ကုသခြင်း )

ပရိုတိုဇွားပိုးတွေကို တိုက်ဖျက်တဲ့ဆေးတွေဖြစ်တဲ့ Furazolidine , Imidocarb Dipropinate , 
 
Metronidazole ,  နဲ့  Quinacrine Hcl စတဲ့ဆေးတွေနဲ့ကုသလို့ရပါတယ် …ဒါပေမယ့် 
 
သတိပြုရမှာက ဆေးကုသပေမယ့်လည်း မအောင်မြင်တာကများပါတယ်…
 
ရောဂါသက်သာပျောက်ကင်းလို့ ဆေးကို ရပ်လိုက်တာနဲ့ ရောဂါက ပြန်ဖြစ်လာတတ်ပါတယ်် … 
 
ဒီရောဂါဖြစ်ပွားတဲ့ခွေးတွေဟာ ဘယ်လိုပဲကုသ ပေမယ့် ရောဂါစတင်ဖြစ် ပွားတဲ့အချိန်ကနေ … 
 
(၂)နှစ်အတွင်းမှာ သေဆုံးကြတာကများပါတယ် … 
 
 
( ကြိုတင်ကာကွယ်ခြင်း )
 
ဒီရောဂါမဖြစ်အောင်ကာကွယ်ဖို့ အဓိကလိုအပ်တာကတော့ ကိုယ့်ရဲ့ခွေးမှာ မွှားမကပ်အောင် 
 
ဂရုစိုက်ဆောင်ရွက်ပေးဖို့လိုပါတယ်…amitraz  ဆေးပါဝင်တဲ့ ခွေး ဆေးလည်ပတ်ကို 
 
စွပ်ပေးထားရင်မွှားတွေမကပ်နိုင်တော့ပါဘူး .. 

ဆက်လက်ဖတ်ရှုလိုပါက  = = »» ဟစ်စတိုပလပ်စမိုးစစ်သွေးဝမ်းရောဂါ 

Zawgyi
 
( ဟက်ပတိုဇူနိုးစစ် ဆိုတာ )
ဒီရောဂါနဲ ခွေးပါဗိုဗိုင်းရပ်ရောဂါဟာ သွေးဝမ်းသွားတာချင်းတူနေတော့ လွဲတတ်ပါတယ်

 

( ကူးစက်ပုံ )




    
( ရောဂါလက္ခဏာများ )


( ကုသခြင်း )

ပရိုတိုဇွားပိုးတွေကို တိုက်ဖျက်တဲ့ဆေးတွေဖြစ်တဲ့ Furazolidine , Imidocarb Dipropinate , Metronidazole ,  နဲ့  Quinacrine Hcl စတဲ့ဆေးတွေနဲ့ကုသလို့ရပါတယ် …ဒါပေမယ့် သတိပြုရမှာက ဆေးကုသပေမယ့်လည်း မအောင်မြင်တာကများပါတယ်…ရောဂါသက်သာပျောက်ကင်းလို့ ဆေးကို ရပ်လိုက်တာနဲ့ ရောဂါက ပြန်ဖြစ်လာတတ်ပါတယ် … ဒီရောဂါဖြစ်ပွားတဲ့ခွေးတွေဟာ ဘယ်လိုပဲကုသ ပေမယ့် ရောဂါစတင်ဖြစ် ပွားတဲ့အချိန်ကနေ … (၂)နှစ်အတွင်းမှာ သေဆုံးကြတာကများပါတယ် …

( ကြိုတင်ကာကွယ်ခြင်း )

ဒီရောဂါမဖြစ်အောင်ကာကွယ်ဖို့ အဓိကလိုအပ်တာကတော့ ကိုယ့်ရဲ့ခွေးမှာ မွှားမကပ်အောင် ဂရုစိုက်ဆောင်ရွက်ပေးဖို့လိုပါတယ်amitraz  ဆေးပါဝင်တဲ့ ခွေး ဆေးလည်ပတ်ကို စွပ်ပေးထားရင်    မွှားတွေမကပ်နိုင်ပါဘူး .. 

 

0 မှတ်ချက်များ to “ သွေးဝမ်းရောဂါ( Hepatozoonosis )”

Post a Comment